Tuesday, January 26, 2010

ပြီးဆုံးချိန်

ပြီးဆုံးချိန်
***
တရားပွဲတပွဲမှာ
အမျှဝေပြီး သာဓုခေါ်တဲ့ အချိန် …

ဇာတ်ပွဲတပွဲမှာ
ပတ်စာခွါ ဖျာသိမ်းတဲ့ အချိန် …

ဝါကျတကြောင်းမှာ
ပုဒ်မချလိုက်တဲ့ အချိန် …

ဖွင့်ထားတဲ့ ပြတင်းတချပ်
ဖျတ်ခနဲ ပိတ်လိုက်တဲ့ အချိန် …

ပူနွေးတဲ့ မျက်ရည်တွေ
အေးခဲသွားတဲ့ အချိန် …

ဘ၀တခုအတွက်
ရေအိုးခွဲပြီး ကြေးစည်တီးတဲ့ အချိန် …

အရာအားလုံး
... ... ... ... ... ...
... ... ... ... ... ... ...
... ... ... ... ... ... ... ...
ပြီး ဆုံး သွား ခဲ့ ပြီ။
... ... ... ... ... ... ... ...
... ... ... ... ... ... ...
... ... ... ... ... ...
... ... ... ...
... ... ...
... ...
...
..
.

14 comments:

shwezinu said...

မမေဓါဝီ ရဲ့

ပြီးဆုံးခြင်း ကဗျာလေးကို ဖတ်ပြီး
ကြေကွဲမိတယ်

နောက်ဆုံးတော့ အားလုံးဟာ ပြီးဆုံးခြင်း ကိုစောင့်နေရတာဘဲနော်

ဘဝအဓိပ္ပါယ် က ဘာလဲ

ခင်တဲ့
ရွှေစင်ဦး

မြှား(တေဇာ) said...

ကဗျာ တပုဒ်မှာ
အစက်အပြောက်ကလေး ချလိုက်တဲ့ အချိန်...

ထပ်ရေး/ပြောဖို့
ဘာမှ မလိုတော့တဲ့ အချိန်...
ဘာသာစကားတွေ သုံးဖို့ မလိုတဲ့ အချိန်။။။
ဟာလာဟင်းလင်း ဖြစ်သွားတဲ့ အချိန်...
ဘာမှ မရှိတော့တဲ့ အချိန်....

မှတ်ချက်။ ။ နောက်ဆုံးပေါ် သိပ္ပံ အယူအဆအရ ဘာမှ မရှိခြင်းသည်ပင် တခုခု ရှိနေတဲ့ အခြေအနေ(Nothing is something)

ကိုအောင် said...

ကျနော်တော့ မပြီးသေးဘူး၊ ဒီနေ့မှ ကျောင်းစ တက်တယ်၊ နောက်တာနော် ကဗျာလေးက ကောင်းပါတယ်။

ကိုလူထွေး said...

ကိုလူထွေး
ဧကန္တစာမေးပွဲအောင်သွားပြီထင်တယ်...

းဝ)

Ko Min Htet said...

ပြီးဆုံးချင်ပြီ ဒါပေမဲ့ ဆက်ရဦးမယ်။ ကျုပ်အတွက်တော့ ပြီးတယ်ဆိုတာ ဘယ်တော့မှ မပြီးမည့် အိပ်မက်တစ်ခုလိုပဲ။
ပြီးချင်ပြီ၊ အဲဒီအချိန်ဟာ ရပ်တန့်လိုက်တဲ့ အချိန်ပဲလား? ဒါမှမဟုတ်----------?

ရွှေရတုမှတ်တမ်း said...

ဆုံးပြီးရင်..ပြန်မစချင်တော့ဘူး

hana said...

.......
.......
အားလုံး ပြီးဆုံးသွားချင်တာ။
ကဗျာလေးက ခံစားရတယ်။

kiki said...

အစ ဆိုတာရှိရင် အဆုံးဆိုတာလည်း ရှိရစမြဲ ပေါ့ နော်...
မတည်မြဲခြင်း ဆိုတဲ့  သဘောတရား လေးကတော့ အဆုံးမဲ့ တည်မြဲနေအုံးမှာပါ ။
သံဝေဂ ရစရာ မို့  မှတ်သားမိပါတယ် ။

ခင်မင်လျှက်
ကိကိ

သစ်သစ် said...

မမ ကဗျာလေး ဖတ်ပြီး ရင်ထဲမှာ ဟာပြီးကျန်ခဲ့တယ် ... သစ်လေကဗျာတွေဆို သိပ်မခံစားတတ်ပေမယ့် ဒီကဗျာလေးကျတော့ တစ်မျိုးပဲ..ဟင်းးးးး

Anonymous said...

ကြီးကြီးမေ
အရာအားလုံး ပြီးဆုံးသွားခဲ့ပြီလား

ပြီးဆုံးအောင် ကျင့်နိုင်ပါစေ

တူမငယ်

Anonymous said...

ဘ၀တခုအတွက်
ရေအိုးခွဲပြီး ကြေးစည်တီးတဲ့ အချိန် …
း)

shwezinu said...

မမေဓါဝီ

ကျေးဇူးတင်ကြောင်း လာပြောတာပါ၊ ကျနော် ရဲ့ ကိုယ်ပိုင် စာလေးတွေ အပေါ်မှာ မမေဓါဝီ သဘောထားကို သိလိုက်ရလို့ ညစ်နေတာ ပျောက်သွားတယ်

ကျနော် လေးစားတဲ့သူ တယောက်က ပြောတာကို တန်ဘိုးထားတယ်

ကျနော် တချိန်လုံးညစ်နေတာ ရေးပြီးကာမှ တကယ်ဘဲ ကိုယ့်ကိုကိုယ် မရင့်ကျက်ဖူးလို့ ထင်သွားမိတယ်

နောက်ပြီး ကျနော့် ဆိုင်မှာ အလုပ်အရမ်း ရှုတ်နေလို့ မနဲကို ကျနော့်စာလေး တွေ ရိုက်ခိုင်း နေရတယ်

စာလုံးပေါင်း အမှားကတော့ မမေဓါဝီ တို့ကို ကျနော် ပြောခိုင်းထားတာဘဲ စိတ်ထဲ ဘယ်လိုမှ မဖြစ်ပါနဲ့ မဆိုင်ပါဘူးဗျာ

ကျနော် ခံစားရတာက ကျနော်စာလေး တွေအပေါ်မှာ မြင်တဲ့အမြင်တွေပါ

ကျန်တာတွေက ကျနော် ဘယ်အချိန်ပြင်ပြင် ရပါတယ် အားလုံးကလည်း ဝိုင်းပြင်ဖတ်သွားကြတာဘဲ မဟုတ်လား

ကဲ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ..

စိတ်ချမ်းသာပျော်ရွှင်ပါစေ
အကယ်ဒမီ ဆုကြီးလည်း ရပါစေ

ချစ်သော
ရွှေစင်ဦး

Harry said...

ပြီးတော့လည်း ပြီးတာပါပဲ ...
ဒါပေမဲ့ တကယ်ပြီးလို့လား ...
တခု အဆုံးဟာ နောက်တခုရဲ့ အစပါပဲ မမေရေ ....
ဘာပဲဖြစ်ဖြစ် ...
မျက်ရည်တို့ အေးခဲစေသတည်း ....
မျက်ရည်တို့ အေးခဲစေသတည်း ...
မျက်ရည်တို့ အေးခဲစေသတည်း ....

ဂျေဂျူဝိုင် said...

တရားဓမ္မသံလေးနဲ့ ဖတ်လို့ ကောင်းတယ်ဗျာ