Saturday, April 16, 2016

သင်္ကြန်အတက် ...




သင်္ကြန်အတက်
***
သင်္ကြန်ရဲ့ နောက်ဆုံးရက်
အတက်နေ့ ရောက်ခဲ့ပြီ။
.
နံ့သာရေ သပြေခက်များနဲ့
ရေပက်ကစားတဲ့ အဘိုးအဘွားများခေတ်၊

မထွေမပြား ငွေဖလားနဲ့
ရေကစားတဲ့ အဖေအမေများခေတ်၊

 နို့ဆီခွက် ခွက်စောင်းဆွဲ
အသဲအမဲပက်ကြ အကိုအမတို့ခေတ်၊

အပြင်းစားပမ့် မီးသတ်ပိုက်
တို ဟိုက် ဖော် မူး
အပျော်ကျူးကြတဲ့ ကျနော်ကျမတို့ခေတ်၊
.
ခေတ်အမျိုးမျိုး ဘယ်လိုပင်ဖြတ်သန်းလဲ
သင်္ကြန်ပန်းလေးတွေ အမြဲမွှေး
သင်္ကြန်တေးလေးတွေ အစဉ်ချို
သင်္ကြန်ပျိုမေတွေ အားလုံးလှ
သင်္ကြန်အကတွေ ကျော့ရှင်းသမို့
သင်္ကြန်တွင်းကို တသသ
အားလုံးက လွမ်းနေကြရသတဲ့။ … ။
***
 
 မေဓာဝီ
၁၆ ဧပြီ ၂၀၁၆
၁၀း၄၀ နာရီ

2 comments:

စံပယ်ချို said...

တသသ
အားလုံးက လွမ်းနေကြရသင်္ကြန်ကို ကဗျာလေးဖတ် ပုံလေးကြည့်ပြီး အလွမ်းဖြေခဲ့းတယ်

malayy said...

ဒီနေရာလေးမှာ တစ်ယောက်တည်း အေးအေးဆေးဆေး သင်္ကြန်ကျရတာလည်း မင်္ဂလာတစ်ပါးပါပဲ မမေ..
ဟိုနေ့ကတည်းက ရေးမလို့ ခုမှ ရေးဖြစ်သည် :)
Happy New Year...

မလေးအိမ့်ချမ်းမြေ့