Thursday, September 27, 2012

မျှော်လင့်ခြင်း ခဏတာ ...

"မျှော်လင့်ခြင်း ခဏတာ"
 
ပြန့်ကျဲနေတဲ့ အိပ်မက်တွေကို ကောက်ရင်း
စီးဆင်းတဲ့ မြစ်ပြင်မှာ မျှောလိုက်တယ် ... ။

မရေရာတဲ့ မနက်ဖြန်အတွက် ...
မျှော်လင့်ချက်ဆိုတာ
ဒီလှိုင်းအတက် ခဏလက်တဲ့ တာရာကြယ် ... ။





***
"A moment of hope"

I pick up the scattered dream,
to float on the flowing stream.

For uncertain future ...
The hope seems a little star;
which sparkles on the rising water.
***
မေဓာဝီ
၂၅၊ စက်တင်ဘာ၊ ၂၀၁၂
၂၂း၁၂ နာရီ


(ရေးတတ်လို့တော့ မဟုတ်ပါဘူး။ ကဗျာအပိုင်းအစလေးတခု ချရေးမိရင်း ရေးမိတာလေးကို မီးကျိုးမောင်းပျက် အင်္ဂလိပ်ဘာသာနဲ့ ကိုယ့်ဖာသာ ပြန်ကြည့်မိတယ်။ ရေးပြီးပြီဆိုတော့လဲ ဘလော့ပေါ်မှာ တင်ချင်ပြန်ရော ... ။ မှားတာရှိရင် ပြင်ပေးကြပါ၊ ကျမ အင်္ဂလိပ်စာ ညံ့တယ်။)

12 comments:

ဘုန်း၂တောက် said...

ကြီးမေရေ Perfect poem လေးဟေ့။ တင်ထားတဲ့ပုံလေးနဲ့ အံဝင်ခွင်ကျ သိပ်ဖြစ်တာပဲ။
ခင်မင်တဲ့

သူကြီးမင်း (တုံးဖလား) said...

"ထာဝရမျှော်လင့်ချက်"

စုစည်းနေတဲ့ အိပ်မက်ရှည်ကို ကြဲဖြန့်ရင်း
အစီးအဆင်းမဲ့ မြစ်သေတစ်ခုအောက် မြှုပ်ပစ်လိုက်တယ်။

သေချာလှတဲ့ မနက်ဖန်အတွက်
မျှော်လင့်ချက်ဆိုတာ
ရုပ်နာမ်အထက် ထာဝရလက်တဲ့ ဓူဝံကြယ်။

"EVER HOPE"
I scatter the integrated dream,
to submerge under the dying stream.

For the certain future...
the Hope seems the Pole Star;
that sparkles on the shining mind and matter.

.
ဘာရယ်လို့တော့ ဟုတ်ပါဘူး။ ဖတ်ကြည့်မိရင်း စိတ်ကူးပေါ်လာလို့ ချရေးလိုက်တာပါ။ မှန်တာရှိရင်လဲ ၀ိုင်းဝန်းအားပေးကြပါ။း)))

မေဓာဝီ said...

ဘုန်းတောက်ရေ ... ဘုန်းတောက်က perfect ဆိုသော်လဲ သဂျီးမင်းကဗျာနဲ့ ယှဉ်တော့ တပည့်တော် ကဗျာက ညံ့သွားတယ်ဘုရား ... ။

သဂျီးမင်း ... ပညာစွမ်းတွေ လာပြတယ်လား ... ။ သဂျီးကဗျာက ပိုကောင်းနေလို့ (တယောက်ထဲ) ၀ိုင်းဝန်း အားပေး ချီးကျူး ဂုဏ်ပြုလိုက်ပါ၏။

ကျေးဇူးတင်ပါသည်။

Anonymous said...

၂ယောက်လုံး.မိုက်ပါတယ်.....
သူကြီးကတော့ အနာဂတ်သိပ်သေချာတယ်လို့တော့ ပြောထားတော့....ဖတ်ရင်းနဲ့ပြုံးမိတယ်..
ဘာလို့ဆို လောသဓံကြား..လှည့်ပြောင်းနေထိုင်နေရလို့ပေါ့...
မသေချာတဲ့ မနက်ဖြန်များစွာ အတွက်တော့ မျှော်လင့်ချက်တွေ တလှေကြီးနဲ့ ခရီးသွားနေရသူပါ..အမရေ...

ညီမ

mstint said...

ပါရမီရှင်တွေရဲ့ စကားရည်လုပွဲလေးကနေ ပညာတွေရသွားတယ် မမေရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး said...

စကားလုံးတွေကသိပ်ထိတယ် မမရေ.ကဗျာလေးကိုနှစ်သက်မိတယ်

ချစ်တဲ့

ဂျာရစ်

seesein said...

ကြီးမေ....
ခံစားသူစိတ်ကြိုက်ရေးတယ်နော...

A moment of Dream

Pick the scattered dream up,
floating it along the living river.
May not be sure for tomorrow…..
A dream is like a little star;
that sparkles on the rising tide.


ခင်မင်တဲ့
seesein

seesein said...

ကြီးမေ.........
ခံစားသူ စိတ်ကြိုက်ရေးပါသည်....
ကဗျာတွေ စာတွေရေးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်

ခင်မင်တဲ့
seesein

ညီလင်းသစ် said...

ပထမ မြန်မာကဗျာလေးကို ဖတ်ပြီးတော့ သဘောကျ သွားတယ်၊ ပြီးတော့ အောက်ဖက်က အင်္ဂလိပ် ကဗျာတွေ့တော့ မမေက အင်္ဂလိပ်ကဗျာကို မြန်မာပြန်တာ တယ်တော်ပါလား-လို့တွေးလိုက်ပြီး မြန်မာကဗျာကို ပြန်ဖတ်၊ ပြီးတော့တခါ အင်္ဂလိပ်ကဗျာ ကို တလှည့်ပြန်ဖတ်ရင်း ကဗျာနှစ်ခုအကြားက စကားလုံး ညီညွတ်မှုနဲ့ ကာရန် အပြေအပြစ်ကို ခံစားပြီး သဘောတွေ ကျနေခဲ့တာ..၊ တဆက်ထဲ ဒီမူရင်း အင်္ဂလိပ် ကဗျာကို ဘယ်သူရေးတာလဲလို့ တွေးနေ လိုက်သေးတယ်၊ အဲဒီအထိကို မသိသေးတာ မမေရ..၊

ပြီးတော့ ဟိုး..အောက်ဆုံး လက်သည်းကွင်းထဲက စာကို ဖတ်မိမှပဲ ဟောဗျာဆိုပြီး အံ့သြတကြီး ဖြစ်ရ တော့တယ်၊း) ကျနော်က ပြောင်းပြန်တွေ တွေးနေခဲ့တာကိုး၊ မမေက တကယ်တော်တယ်၊ အင်္ဂလိပ် ဘာသာပြန်ကလည်း rhythm မိပါတယ်၊ ချီးကျူးပါတယ်ဗျာ..၊ တကယ်တော့ ကဗျာကို ဘာသာပြန်ရတာ အတော့်ကို စွန့်စားရတဲ့ အလုပ်ဖြစ် သလို လွယ်လည်း မလွယ်လှပါဘူး၊ ဒါပေမယ့် အများနည်းတူ ကျနော်လည်း ကွန်မန့်မှာ ဝင်လက်သွေးရင်း မမေရဲ့ ကဗျာလေးကို ပြင်သစ်လို ပြန်လိုက်ပါတယ်...၊း)

"Un moment d'espoir"

Je ramasse le rêve roulant,
Et laisse flotter dans un courant.

Pour un avenir incertain ...
L'espoir semble une étoile éclatante;
Au-dessus de la marée montante.

~ဏီလင်းညို~ said...

ကဗျာလေးက ကျစ်ကျစ်လစ်လစ်နဲ့ ထိထိမိမိလေး...။
အနော်ဆိုရင်... ရေးရင်းနဲ့ ဆိုလိုရင်းကိုရောက်အောင်သွားတာ တစ်မျှော်တစ်ခေါ်ကြီး ဖြစ်ဖြစ်သွားတတ်ပြီး ကဗျာတွေက ဖောင်းပွ ရှည်လျှားသွားတာများတယ်။
ဒီကဗျာလိုမျိုးလေး ကြိုးစားရေးကြည့်စမ်းဦးမယ်ခင်ဗျ....။

ခင်မင်ခြင်းအားဖြင့်....
ဏီလင်းညို

မေဓာဝီ said...

ကျမရဲ့ ကဗျာလေးကို သဂျီးက ပြောင်းပြန်ရေးတယ်။ အရီးလေးစစက ဗားရှင်းတမျိုးနဲ့ အတည့်ရေးတယ် ကိုညီလင်းက ပြင်သစ်လိုရေးတယ်။ ...
ဘယ်လိုပဲရေးရေး အဲဒီလို အသီးသီးရေးကြတဲ့ ကွန်မန့်လေးတွေ ဖတ်ရတာ သိပ်ကို သဘောကျမိတယ်။ ကိုညီလင်းရဲ့ ပြင်သစ်ဘာသာကဗျာကို မဖတ်တတ်ပေမဲ့ နောက်ဆုံးအချ ပါဒလေးတွေ ကာရန်ညီတယ်လို့ မှန်းကြည့်ရတာပဲ။
ခုလို တကူးတက အချိန်ပေးပြီး ကဗျာလေးတွေ ချီးမြှင့်ပေးကြတာကို အထူးပဲ ကျေးဇူးတင်ပါတယ်။
ကွန်မန့်တွေနဲ့ အားပေးကြသူများကိုလဲ ကျေးဇူးအထူး တင်ပါကြောင်း ... ။

ချော(အစိမ်းရောင်လွင်ပြင်) said...

မမေရဲ့ကဗျာလေးရော သူကြီးမင်းရဲ့ ကဗျာလေးရော
၂ခုစလုံးကောင်းတယ်။ ဖတ်ရတာ အဓိပ္ပါယ်အပြည့်အဝပါဘဲ.
သဘောကျလိုက်တာ။