Thursday, April 12, 2012

ဒီလိုသင်္ကြန်များ ဝေးပါစေ …

ဒီလိုသင်္ကြန်များ ဝေးပါစေ …


မဟုတ်မဟတ် သင်္ကြန် ...
သရုပ်ပျက် သင်္ကြန်၊

မူးယစ်နေတဲ့ သင်္ကြန် ...
အရူးဖြစ်စေတဲ့ သင်္ကြန်၊

ရေမစိုရတဲ့ သင်္ကြန် ...
မေအလိုမကျတဲ့ သင်္ကြန်၊

အထီးကျန်တဲ့ သင်္ကြန် ...
အကျည်းတန်တဲ့ သင်္ကြန်၊

အပျော်နည်းတဲ့ သင်္ကြန် ...
အဖော်ကွဲတဲ့ သင်္ကြန်၊

ဒဏ်ရာရတဲ့ သင်္ကြန် ...
ကြံရာမရတဲ့ သင်္ကြန်၊

ပိတောက်လဲဝေးတဲ့ သင်္ကြန် ...
တယောက်ထဲဆွေးတဲ့ သင်္ကြန်၊

တေးသံမချိုတဲ့ သင်္ကြန် ...
ဘေးရန်ပိုတဲ့ သင်္ကြန်၊

ယဉ်ကျေးမှုပျောက်တဲ့ သင်္ကြန် ...
အထင်သေးမှုရောက်တဲ့ သင်္ကြန်၊

အစဉ်အလာမသိတဲ့ သင်္ကြန် ...
မင်္ဂလာမရှိတဲ့ သင်္ကြန်၊

ဒီလို ဒီလို သင်္ကြန်များတော့ …
သွားပါကွယ့် သင်္ကြန်
အနားမလာနဲ့ သင်္ကြန်
သင်္ကြန်ရဲ့အဝေးက
ပျိုနှမ အလိုမကျလို့
ငိုရရင်တောင်
မလွမ်း မတမ်း မနွမ်းဘဲ
စခန်းပဲ ၀င်တော့မယ် သင်္ကြန်ရယ် … ။
***
မေဓာဝီ
၁၂၊ ဧပြီ၊ ၂၀၁၂
မဟာသင်္ကြန်အကြိုနေ့

(မှတ်ချက်။ ။ မနှစ်က ရေးခဲ့ပြီး မတင်ဖြစ်ခဲ့တဲ့ ကဗျာလေးပါ၊ ဖိုင်အဟောင်းတွေထဲက ရှာတွေ့လို့ တင်လိုက်ပါတယ်။ ဓာတ်ပုံကတော့ မနက်စောစော သိကြားမင်းကို ထကြိုတဲ့ တာအိုးကလေးကို ရိုက်ထားတာ။)

19 comments:

ညီလင်းသစ် said...

မမေလည်း မရည်ရွယ်ဘဲနဲ့ သင်္ကြန်နဲ့ ကြုံရပြန်ပြီနော်၊ ဟုတ်တယ်ဗျာ၊ မူးရူးရန်ဖြစ်ကြတာတွေက တကယ်ပဲ စိတ်ကုန်၊ စိတ်ပျက်ဖို့ ကောင်းတယ်၊ နှစ်တစ်နှစ်ရဲ့ အဆုံးသတ်ဟာ ရိုက်ကြ၊ နှက်ကြ၊ နာကျင်စေကြတာမျိုး မဖြစ်သင့်ပါဘူး၊ အတာအိုးလေးက ချစ်စရာလေး..၊း) ကဲ..မေလည်း အလိုကျ၊ ရေလည်းစိုရတဲ့ သင်္ကြန် ဖြစ်ပါစေလို့....။း))

မိုးယံ said...

တို့လဲ အဲလို သင်္ကြန်ဝေးချင်တယ်။

ညိမ်းနိုင် said...

မမေသင်္ကြန်စာလေးကချစ်စရာ...၊ဟုတ်တယ်..
ကျွန်တော်တို့လည်း ဒီလိုသင်္ကြန်မျိုးနဲ့ဝေးချင်ပါရဲ့...။

ဟန်ကြည် said...

အမျိုး ဘာသာကွဲတွေကြားမှာ
ရိုးရာပွဲတွေရဲ့အလှ
ဘယ်လိုပြရပါ့...

သင်္ကြန်ကို စိတ်ကုန်လွန်းလို့ သင်္ကြန်တွင်းသွားမယ့် ခရီးစဉ်ကိုဖျက်ပြီး အိမ်ထဲမှာပဲ စာတစ်အုပ်နဲ့ ငုတ်တုပ်ထိုင်ပြီး ဆန္ဒပြနေလိုက်တယ် မမေရေ...သူရို့ဟာက အမိုက်ရိုင်းပြိုင်ပွဲ အောက်တန်းကျပြိုင်ပွဲ ကျင်းပနေတာကြီးကိုးဗျ...ရွံသဗျာ...

Anonymous said...

ဒီလိုသင်္ကြန်များနဲ့ဝေးပါစေလို့ ထပ်ပြီးဆုတောင်းခဲ့ပါတယ် ဗျား)
မြန်မာဆန်သောသင်္ကြန်ဖြစ်ပါစေ


မောင်ဘကြိုင်

ချော(အစိမ်းရောင်လွင်ပြင်) said...

သင်္ကြန်နဲ့ ဝေးနေသူတွေကျတော့လည်း သင်္ကြန်ကို ပျော်ချင်ကြ၊ လွမ်းကြဆွတ်ကြ
သင်္ကြန်ကို မျက်ဝါးထင်ထင်ကြုံရမြင်ရသူတွေ ကျတော့လည်း စိတ်ကုန်ချင်စရာ။
တကယ့်ကို အရက်သင်္ကြန်၊ အဖော်အချွတ် အမူးအကွဲသင်္ကြန်ပါဘဲ။
ဟုတ်ပ မမေရေ
ရိပ်သာ ဝင်တာ ပိုကောင်းမယ်ထင်ပါရဲ့
ကိုယ်လည်း သင်္ကြန်မှ မမြင်ရတာကိုး :P
ရိပ်သာဝင်ရင်ကောင်းသားလို့ စဉ်းစားနေမိတယ်

ကိုကိုမောင်(ပန်းရနံ့) said...

ဒီလို သင်္ကြန်နဲ့ ဝေးပါစေလဲ ဆိုသေး အဲဒီလို သင်္ကြန်ရှိနေတဲ့ ရွှေနိုင်ငံကိုလဲ ရောက်နေသေး။
မြင်ယောင်မိသေးတယ်။ အဖော်ကောင်းရင် တို့လဲ လိုက်မယ် ချန်မထားနဲ့ ဆိုပြီးတော့လေ။း)

နေ၀သန် said...

ဘာပဲပြောပြော.. သင်္ကြန်ကိုတော့ လွမ်းတယ်ဗျာ... မမေကတော့.. ဟိုမှာအတော်ပဲ.. တစ်ရက်လောက်တော့ လည်လိုက်ပါဦး..:D

ခင်မင်လျက်
နေ၀သန်

mstint said...

ကဗျာလေးကောင်းတယ် မမေရေ။ ကုသိုလ်ဖြစ်မဲ့ ရိပ်သာဝင်တာတော့ အကောင်းဆုံးပါပဲ။ ကကြိုးစုံလင်တဲ့ ခါတော်သင်္ကြန်မှာ တစ်ချို့မြင်ကွင်းတွေက အကုသိုလ် ဖြစ်စေတယ်လေ။ စကားမစပ် ဖဘမှာ အဲဒီပန်းအိုးလေးကို တွေ့ခဲ့တယ်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သက်ဝေ said...

ရေမစိုရတဲ့ သင်္ကြန် ...
မေအလိုမကျတဲ့ သင်္ကြန်...

ဖဘထဲသွားကြည့်ရင် မေ ပိုပြီး အလိုမကျတဲ့ သက်ြန် ဖြစ်သွားလိမ့်မယ်...း(

Sint Si said...

Nice poem!

San San Htun said...

ဟုတ်ပါ့ မမေရယ် ဒီလို သင်္ကြန်မျိုး ဝေးပါစေ...ပျော်ရွှင်ဖွယ် နှစ်သ်စလေး ဖြစ်ပါစေ မမေရေ..ဗွမ်း..ဗွမ်း..ဗွမ်း

မဒမ်ကိုး said...

ဂျာရစ်တို့လဲဒီလိုသင်္ကြန်မျိုးကနေကင်းဝေးချင်ပါပြီ မမမေရယ်

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ


ချစ်တဲ့

ဒိုးကန်

sosegado said...

တရားနဲ့တာဖြေပါ
သင်္ကြန်လဲ မမြဲဘူး

Anonymous said...

ဟုတ်ပါရဲ့အမရယ် ဒီလိုသင်္ကြန်မျိုးဝေးချင်ပါတယ် ညမတခါမှမမကြုံဘူးလို့ဒီနှစ်လည်ဖြစ်တယ် အရမ်းကိုစိတ်ကုန်သွားတယ် နောက်ဘယ်တော့မှမလယ်တော့ဘူး။အကုသိုလ်များလို့ ကုသိုလ်ရမဲ့အလုပ်ပဲလုပ်တော့မယ်...........အမရဲ့ကဗျာလေးတွေအရမ်းကောင်းတယ်.......လေးစားပါတယ်အမ နော်....

မြသွေးနီ said...

သင်္ကြန်ကတော့ ပြောမပြောချင်တော့ပါဘူးလို့သာ ပြောလိုက်ချင်တော့တယ်..။ သင်္ကြန်ရဲ့အနှစ်သာရတွေ ဒီလိုနဲ့ တဖြည်းဖြည်း ပျောက်ကွယ်သွားရင်ဆို တွေးမိရင် တကယ့်ကို စိတ်မကောင်းဖြစ်မိရပါတယ်။

Angelhlaing(May everybody be happy and healthy! said...

ဝေးနေတာ ကြာရောပေါ့မမရယ်..လွမ်းလှပြီ...

Harry said...

နွယ်သာကီ သံဖြတ် ...
ကောင်းပါ့ဗျား

ဘုန်းတောက် said...

ဖြစ်ပျက်ပဲ ရှုရတော့မယ် ထင်တယ်...