Tuesday, October 18, 2011

ကိုယ်လွမ်းနေတာ သိလို့တဲ့ ...

"ကိုယ်လွမ်းနေတာ သိလို့တဲ့"
***
ကိုယ်လွမ်းနေတာ သိလို့တဲ့ …
ငှက်ပြာလေးတွေ တေးဆိုနေကြတယ်။

ကိုယ်လွမ်းနေတာ သိလို့တဲ့ …
ပန်းဝါလေးတွေ ပွင့်ဝေနေကြတယ်။

ကိုယ်လွမ်းနေတာ သိလို့တဲ့ …
လေပြည်နုနု ယုယတိုက်ခတ်တယ်။

ကိုယ်လွမ်းနေတာ သိလို့တဲ့ …
မြက်ခင်းစိမ်းစိမ်း နွဲ့နွဲ့ယိမ်းနေတယ်။

ကိုယ်လွမ်းနေတာ သိလို့တဲ့ …
တိမ်မျှင်ဖြူစ မျောလွင့်နေကြတယ်။

ကိုယ်လွမ်းနေတာ သိလို့တဲ့ …
ရွက်ခြောက်ညိုလွ လွင့်ကြွေကျနေတယ်။

ကိုယ်လွမ်းနေတာ သိလို့တဲ့ …
………………………………………..
…………………………………………..
………………………………………………..
အမိနဲ့ဖ ကိုယ့်ဆီလာကြမယ် … ။

တကယ်ပါ ...
ကိုယ်လွမ်းနေတာ သိလို့တဲ့ …
တလောကလုံး သာယာလှနေတယ် … ။ … ။
***
မေဓာဝီ
၁၈၊ ၁၀၊ ၂၀၁၁
၁၆း၁၅ နာရီ

18 comments:

ညီလင်းသစ် said...

အပြာရောင်နဲ့ ရေးထားတဲ့ စာလုံးသေးသေးလေး တွေက တကယ်ပဲလား မမေ..? အဲဒါဆိုရင်တော့ ဝမ်းသာစရာ ကောင်းလိုက်တာ..၊ လွမ်းနေတဲ့ သမီးလေးတစ်ယောက် ဘယ်လောက်များ ပျော်သွားလိုက် မလဲ၊း)

ကိုယ်က နွေးထွေးတဲ့ ရင်ခွင်နှစ်ခုဆီ မပြန်နိုင်သေးတဲ့ အချိန်မှာ အဲဒီရင်ခွင်တွေက ကိုယ်လွမ်းနေတာသိလို့ ကိုယ့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့ အဖြစ်ဟာ တကယ့်ကိုပဲ ကြည်နူး၊ ပျော်ရွှင်ဖို့ ကောင်းလိုက်တာဗျာ..၊ လာသူတွေရော မျှော်သူပါ အဆင်ပြေ ချောမွေ့စွာ ဆုံစည်းနိုင်ပါစေနော်...။

မဒမ်ကိုး said...

ဟယ် မမမေရေ တကယ်ဝမ်းသာပါတယ်နော် အဲလိုဆို မိဘတွေနဲ့တွေ့ရတော့မှာပေါ့ ပျော်ရွှင်စွာဆုံဆည်းကြပါစေ

ခင်တဲ့

မဒိုးကန်

Anonymous said...

မမေဓါ လွမ်းနေတာ ကို ရွှေစင်ဦး တော့ သေချာ ကို သိပါတယ်

Anonymous said...

I am sooo happy for you. I also lived oversea and when my parents visited me, I was so happy beyond describing.

Have a wonderful time...

ချော(အစိမ်းရောင်လွင်ပြင်) said...

လွမ်းနေတာသိလို့ ကောင်းကင်မှာမိုးရေစက်တွေ ပုလဲလိုကြွေကျ မြေခတယ်။
လွမ်းနေတာသိလို့ စမ်းချောင်းလေးတွေ တေးဆိုကြတယ်။
လွမ်းနေတာသိလို့ ကော်မန့်လာရေးတာ မမေ...း)
မမေဆီ လာကြမဲ့ မိဘတွေနဲ့ အတူတူ ပျော်ရွှင်ကြည်နူးစရာ အချိန်လေးတွေ ပိုင်ဆိုင်ခွင့်ရပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါကြောင်း

Maung Myo said...

woo..............ပျော်စရာကြီးပေါ့ အဲ့ဒီ အပျော်က ဘာနဲ့မှမတူအောင်ကို အေးချမ်းတယ် ။ ၀မ်းသာတယ် အစ်မရေ့ ။

စုချစ် said...

ဝမ်းသာစရာကြီး မမေ... မိသားစု ပြန်ဆုံတွေ့ကြမှာပေါ့...
း)

အိမ့်ချမ်းမြေ့ said...

မမေတွက် အရမ်းပျော်မိတယ်...
enjoy နော်..

မလေး

ညိမ်းနိုင် said...

ပထမတော့ ကဗျာလေးဖတ်ရင်....မမေတစ်ယောက်ဘာ
တွေလွမ်းနေပါလိမ့်လို့ ဟိုဟိုဒီဒီထင်နေလိုက်သေး...။
နောက်မှ ဖေဖေ၊မေမေတို့ကိုလွမ်းနေတာကိုး...။ဝမ်းသာ
တယ်ဗျိုး...၊မမေလည်း ခုလောက်ဆို အပျော်တွေလွန်နေ
လောက်ပြီပေါ့လေ...၊

mstint said...

မိဘတိုင်းရဲ့ တူညီတဲ့ခံစားချက်ပေါ့ မမေရေ။
တီတင့်လည်းအခု သားငယ်လွမ်းနေတာသိလို့ သူ့ဆီရောက်နေတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သူကြီးမင်း (တုံးဖလား) said...

လွမ်းနေတာ သိလို့တဲ့
ခိုကလေးတွေ ညီးနေကြတယ်။

လွမ်းနေတာ သိလို့တဲ့
ဂုတ်ကျားတို့ ဟောင်နေကြတယ်။

လွမ်းနေတာ သိလို့တဲ့
ဝံပုလွေတွေ အူနေကြတယ်။

လွမ်းနေတာ သိလို့တဲ့
လေပြင်းတွေ တိုက်နေကြတယ်။

လွမ်းနေတာ သိလို့တဲ့
မိုးသည်းတွေ ရွာနေကြတယ်။

လွမ်းနေတာ သိလို့တဲ့
..............
.............
.............
ငါးပိနှင့်အတို့ နှစ်မြို့နေကြတယ်။

တကယ်ပါ
လွမ်းနေတာ သိလို့တဲ့
ဗန်ကောက်မြို့ကြီး ရေထဲနစ်သွားရော။း)

ခင်မင်လျှက်

နွေတေးရှင် said...

အမကြီးရေ......
ချမ်းမြသာယာစွာ ဆုံစည်းနိုင်ကြပါစေဗျာ
အမကြီး နဲ့ထပ်တူ ပျော်ရွှင်မိပါတယ်။

သူကြီးမင်း တို့ကတော့လုပ်ပြီးးး)

Anonymous said...

အဟိ
မမမေက ဒါတွေလဲရေးတတ်တယ်နော်...
သိပါဝူး.....
ရှေးကဗျာတွေ ဘုရားစာတွေပဲ ရေးတာလားလို့....
ခုတော့ နုနုလှလှ ရွရွလေးတွေ ရေးလို့
ရေးသူ ဖတ်သူ ကြည်နူးပျော်ရွှင်ရတယ်။

Angelhlaing(May everybody be happy and healthy! said...

ပျော်စရာကြိးပဲနော်မမ...:):) ကြည်နူးစရာ မိသားစုတွေ့ဆုံပွဲလေးအတွက် ဂုဏ်ယူပါတယ်မမရေ..

sosegado said...

လွမ်းနေတာသိလို့ ဖတ်သွားပါတယ်၊
တလောကလုံးက သိပါစေ
တစ်ခါတစ်လေ လွမ်းရတာ ကောင်းတယ်…………..

seesein said...

လွမ်းနေတာ သိပေမယ့် လိုင်းမကောင်းလို့ စာမဖတ်ရဘူး
လွမ်းနေရင် တလောကလုံး သာယာလှပနေတတ်တာ အခုမှသိတော့တာဘဲ
ကြီးမေ နဲ့အတူ ၀မ်းသာပါတယ်
လွမ်းးးးးးတယ်ဆိုတာ ဘယ်လိုခံစားရတာလဲ အခုချိန်ထိ မသိသေးတာ ခက်တာဘဲ အဟက်ဟက်...

ခင်မင်တဲ့
စစ

San San Htun said...

သဂျီးမင်းတို့ များ misquote လုပ်လိုက်သေးတယ်...ပျော်စရာကြီးဟေ့....

မြစ်ကျိုးအင်း said...

သူလွမ်းနေတာ ဘယ်သူပါလိမ့်။
မိနဲ့ဖ ကိုတော့ ကျွန်တော်လည်း လွမ်းလိုက်တာ။
ပြန်ဆုံမှာဆိုတော့ ပျော်နေလောက်ပြီနော်။
သတင်းကောင်းပါပဲ။