Sunday, April 11, 2010

သင်္ကြန်နာ

နက်ဖြန်ဆို သင်္ကြန်ကို ကြိုကြတော့မယ်။ ကျမအတွက်ကတော့ သင်္ကြန်အိပ်မက်လည်း ပျောက်၊ ပိတောက်နတ်သမီးရဲ့ အဝေးမှာ အတိတ်က သင်္ကြန်တွေကိုသာ တမ်းတရင်း မကြာခင် ရောက်လာတော့မယ့် စာမေးပွဲတစ္ဆေကြီးအတွက် stress တွေများနေပါတယ်။ ဒါပေမဲ့လည်း ဒီအချိန် ဒီရာသီနဲ့ ဒီပွဲတော်ဟာ လူတွေကို ဖမ်းစားတတ်လေတော့ စိတ်မခိုင်တဲ့ ကျမမှာ အတွေးထဲ သင်္ကြန်သာ အမြဲကြီးစိုးနေပြီး စားလည်း သင်္ကြန်၊ အိပ်လည်း သင်္ကြန်၊ ကျောင်းစာကို မှန်မှန်မဖတ်နိုင်ဘဲ လူက ထိုင်မရ ထမရ သင်္ကြန်နာ ကျလို့နေတာကြောင့် ဒီကဗျာလေး ရေးလိုက်မိပါတယ်။ ဏီလင်းတက်ဂ်တဲ့ အတွေးကို ဖြေတယ်လို့လည်း သဘောထားပေးပါ။ ကျမဘလော့ရဲ့ ပို့စ် ၅၀၀ ပြည့် "သင်္ကြန်နာ" လေးကို ဖတ်ကြည့်ကြပါအုံး။

အားလုံးပဲ ... မင်္ဂလာရှိသော သင်္ကြန်နဲ့ မင်္ဂလာရှိသော နှစ်သစ် ဖြစ်ကြပါစေ .... လို့။
***
"သင်္ကြန်နာ"

မပြန်သာ
သင်္ကြန်အခါသမယ
ကြံရာမရပါလို့
ဗျို့ဟစ်ကာ အော်လိုက်ချင်ပါသည် …
ဂျီတော့ခ်တွင် တလီ၊
ထိုထိုဤ ဘလော့ဂ်ထဲ၊
အတာရေ စိုကာရွှဲလို့
သင်္ကြန်ပွဲ နွှဲနေကြပြီ။

ပွဲတော်ကစည်
မအီမသာ မျှော်ငေး
သြော် … မတွေးချင်ဘု
ဖော်ဝေး ဒီသင်္ကြန်မှာဖြင့်
ရယ်သံတောင် မကြားပါရစေနဲ့
နားဝမှာ ဂွမ်းကို ဆို့လို့
တူးပို့သံ သပိတ်မှောက်
ပိတောက်ကို ဝေရာမဏိပေမဲ့
ဖြေစရာလဲ မရှိတာမို့
ဝေဒနာလဲ မချိတော့ပါပြီ။

သဘောအတည်
အပြောမပလီပါဘု
ချောမဒီ ဟောသည်နှစ်မှာတော့
ယောဂီဝတ်ကာ ရိပ်သာဝင်လို့
သိက္ခာရှင် ထေရီအလား
တရားလဲ မကျင့်နိုင်ရှာပြီ … ။

(အဲဒါကြောင့် … နောက်ဆုံးမတော့)
စကားနည်းစွာ
တရားပဲ အခါခါနာရင်း
အားခဲကာ စာတွေစီလို့
ဟောဒီ နွေရာသီမှာ …
ရွှေဌာနီ မပြန်သာသမျှ
မေဓာဝီ သင်္ကြန်နာကျလေတော့သည်။ … ။ !_!
***
မေဓာဝီ
၁၀၊ ဧပြီ၊ ၂၀၁၀
၁၄း၄၀ နာရီ

သင်္ကြန်နဲ့ပတ်သက်ပြီး ရေးခဲ့သမျှ ...
ဒီနေရာမှာ

17 comments:

တန်ခူး said...

နှစ်သစ်ရဲ့ အတာရေစင်လေး လာဖြန်းပက်တာပါ မေ…
ဘလော့တန်ခိုးနဲ့  မေ့သင်္ကြန်နာလေး ပြေစေတော့ရယ်လို့ …
ကလောင်စွမ်းထက်လွန်းတဲ့ မေ့ဘလော့လေး ပို့ စ် ၅၀၀မှသည် ပို့ ပေါင်း ထောင်သောင်းကုဋေတိုင်ပါစေလို့ ….
စာမေးပွဲအတွက် အားတင်းထားညီမရေ… ဒီတခါက ပြီးခဲ့တဲ့အခေါက်ထက် ပိုလို့ ဖြေနိုင်မယ်လို့  အမယုံကြည်နေတယ်…

ကိုအောင် said...

နောက်လာမယ့် နှစ်တွေမှာ မွေးရပ်က သင်္ကြန်ဆီ ပြန်နိုင်ပါစေဗျာ။

Thet Oo said...

ပိတောက်ကို ဝေရာမဏိပေမဲ့
ဖြေစရာလေး ဘလော့ဂ် ရှိနေတာကို
ဝမ်းသာသင့်ပါတယ်။

စုချစ် said...

ကဗျာလေးကြိုက်တယ် မမေ...
း-)

~ဏီလင်းညို~ said...

မမေရေ.......
ကျွန်တော်တက်ဂ်ထားတာလေးကို သင်္ကြန်လွမ်းတဲ့ ကဗျာလေးနဲ့ ရေးထားပေးတာ...... အမှတ်တရပဲဗျာ...။
အခုရက်ပိုင်း ကျွန်တော်တို့လည်း သင်္ကြန်အကြောင်းပဲတွေးမိတာပဲလေ....း((
သင်္ကြန်နာလည်း.... မြန်မြန်ပျောက်ပါစေ......။
စာမေးပွဲလည်း... အားကြီးဖြေနိုင်ပါစေ........။
စိတ်ချမ်းသာ ကိုယ်ကျမ်းမာနဲ့ နှစ်သစ်ကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးတယ်ဗျာ.........။
မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ.......။
ရေနည်းနည်း လောင်းသွားတယ်ဗျို့..........း))
(ကဗျာလေးဖတ်ရင်း ပြုံးနေမိသေးတယ်ဗျ...........း))
ခင်မင်တဲ့
ဏီလင်းညို

SHWE ZIN U said...

မမေဓါဝီ

အခုမှ သင်္ကြနာလေး လာဖတ်ရတယ်...
ကျနော် လည်း ရိပ်သာ လည်း မဝင်နိုင်.. သင်္ကြန် ကို ဒီအရွယ် နဲ့ ပျော်လို့လည်း မရ ဆိုတော့ အိမ်နေပြီး ချစ်ချစ်ကြီး နဲ့ သတ်ရုံရှိတော့တာဘဲ.. အဖော်ရှိပါတယ်ဗျာ..
သင်္ကြန်တွင်းမှာ အင်တာနက်ထဲမှာ ဘဲ ချစ်သော ဘလောဂါ တွေနဲ့ အတူရှိနေမှာပါ..
စာတွေကြိုရိုက်ထားတယ်.. ပိုရင်ပိုသလို များများ တင်ပေးမယ်နော်..
မုံဟင်းငါး လည်း ချက်ကြွေးမယ်..
စာလည်း ကျက်ပါအုန်း..

နောက်နှစ်တွေ ပြန်လာလည်နိုင်ပါစေ

ခင်တဲ့
မရွှေစင် (ကဗျာလေးက သိပ်ကောင်းတယ်)

ဂျေဂျူဝိုင် said...

အော် ရင်လွဲနာ

သက်ဝေ said...

ညီမ မေရယ်...
ကဗျာလေး ဖတ်ရတာ တလုံးချင်း တလုံးချင်း အချိတ်အဆက်ညီပြီး ကာရန်တွေက လှလှပပနဲ့ ကောင်းလိုက်တာ...
သင်္ကြန်နာကိုလဲ အထင်းသား မြင်လိုက်ရ....

စာမေးပွဲ ဖြေနိုင်ဖို့ ဆုနဲ့ အတူတူ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ခညောင်းပြီး ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေလို့လဲ ဆုတောင်းသွားပါတယ်...

မြစ်ကျိုးအင်း said...

ကျွန်တော်လည်း သင်္ကြန်နာ ဖြစ်တာ ကြာပေါ့။
လေးချိုးလား ဒွေးချိုးလား ရေးဟန်က ကောင်းတယ်း)

ရွှေရတုမှတ်တမ်း said...

ဒေါ်လေးမေရေ...သင်္ကြန်နာကျရင်.. သင်္ကြန် ၂ခါ ကျပေးပါတဲ့...

Ma said...

ရေးတတ်လိုက်တာမေရေ.
မလည်း ဒီနစ်မှသင်္ကြန်ကိုအရမ်းလွမ်းနေမိပြီး.သုက်န်မုန့်တွေပဲ လျှောက်လုပ်စားနေမိတယ်.facebookမှာ
မရဲ့သုက်န်အလွမ်းပြေမုန့်တွေတင်ထားတယ်.

ရေတမာ said...

ကဗျာကဖတ်ရတာ လေးလေးပင်ပင်နဲ့ အရသာရှိလိုက်တာ ရေလောင်းပါရစေ အမရေ..... ((((((((ဝရော)))))))))) နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး ရွှင်လန်ချမ်းမြေ့ပါစေ

kiki said...

တောင့်ထား.. တောင့်ထား .. မမေဓါဝီ ရေ ..
ဒီတနှစ်မပျော်ရလည်း နောင်နှစ်တွေ ရှိပါသေးတယ် ။
အလွမ်းပြေအောင် သင်္ကြန်ရေအေး လာလောင်းပေးသွားတယ်နော် ..
ပျော်ရွှင်စရာ နှစ်သစ်မင်္ဂလာပါ ....

ခင်မင်စွာဖြင့် ..
ကိကိ

SHWE ZIN U said...

ညီမ ရေ

ပျောက်နေလို့ တကယ်ဘဲသင်္ကြန်နာကျနေလားလို့ လာကြည့်တယ်နော်

ပျော်ရွှင်ပါစေ မင်္ဂလာနှစ်သစ်ပါ
ရေတွေလောင်းလိုက်ပြီနော် ပျော်စေသော်

ခင်တဲ့
ရွှေစင်

သူကြီးမင်း (တုံးဖလား) said...

သဘောအတည်
အပြောမပလီပါဘု
ချောမဒီ ဟောသည်နှစ်မှာတော့
ယောဂီဝတ်ကာ ရိပ်သာဝင်လို့
သိက္ခာရှင် ထေရီအလား
တရားလဲ မကျင့်နိုင်ရှာပြီ … ။


ဒါဆို လွန်ခဲ့တဲ့ နှစ်တွေက ယောဂီဝတ်စုံဝတ်ပြီး ရိပ်သာဝင်ခဲ့ပုံရတယ်။ အားပေးတယ်။ ဆက်လုပ်။းဝ)

သင်္ကြန်နာလေးကို ကြံရာပါအဆွေးများဖြင့် ဟန်ပါပါအတွေးပွါးသွားကြောင်းပါ။

ကွန်မင့်တွေအများကြီး ရေးပေးထားခဲ့လို့ အဟုတ်ကို ကျေးဇူးတင်တယ်။ မေဓာဝီ့ကွန်မင့်တွေထဲမှာ အင်ဖော်မေးရှင်းတွေ အများကြီးရတယ်။

သင်္ကြန်မှာ ပျော်ရွှင်ကြည်နူးနိုင်ပါစေ။

ကိုရင်နော် said...

သင်္ကြန်နာ ကျနေတာ နှစ်တွေ ကြာခဲ့ပေါ့..း)

ကဗျာလေး သိပ်ကောင်းတယ် အစ်မရေ..

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

ကိုရင်နော်

ကိုလူထွေး said...

ကဗျာဆရာမက သူ့ကိုယ်သူ တင်စားလိုက်ပုံများ

ချောမဒီတဲ့...းP