Thursday, April 29, 2010

မည်သူ့ကိုမှ …

မမေဓာဝီ
သူများပြောတာနဲ့ ကျမကို ရည်ရွယ်ပြီး ဆုံးမထားတဲ့ post လေး လာဖတ်ပါတယ်..။ ကျေးဇူးတင်ပါတယ်ရှင်..။ ဘုရားတရားနဲ့ နေတဲ့ မမေဓာဝီက ဆိုရေးရှိက ဆိုအပ်လှဆိုသလို ဆုံးမတာမို့ ကျမအတွက် တကယ်ပဲ အရှက်ရစေပါတယ်။ မမေဓာဝီက မှန်တာကို ရေးတာမို့ ကျမလိုပဲ နာမည်တပ်ပြီးရေးလည်း ရပါတယ်ရှင်..။ မမေဓာဝီလို စိတ်နှလုံးထားနိုင်အောင်ကြိုးစားပါဦးမယ်..။ လောလောဆယ်တော့ ကျမရဲ့ ဒေါသရှေ့ထားတတ်တဲ့ စိတ်ကလေးကို ထိန်းဖို့ ကြိုးစားရင်း မှန်တယ်ထင်တာလေးတွေတော့ ရေးနေဦးမှာပါ။ မမေဓာဝီလည်း အမြဲတမ်း အဲလို နှလုံးသွင်းနိုင်ပါစေလို့ ဆန္ဒပြုပါတယ်ရှင်..
လေးစားလျက်
မေငြိမ်း
***
ဧပြီ ၂၅ရက် နေ့က တင်ခဲ့တဲ့ “တူညီသော်ငြား … ခြားနားသည်” ပို့စ်မှာ အထက်ပါ ကွန်မန့်ဝင်လာတာနဲ့ စာမေးပွဲနီးလို့ ဘလော့ခဏရပ်ထားမယ် စိတ်ကူးလေးကို ခဏနောက်ရွှေ့ပြီး ဒီကွန်မန့်ကို ပြန်ရေးလိုက်ပါတယ်။

အပေါ်က ကွန်မန့်ရတော့ ကျမ အံ့သြမိတယ်၊ ပြန်ရှင်းပြမှ ဖြစ်မယ်လို့လည်း တွေးမိတယ်။ ပြောရရင် အဲဒီပို့စ်ရေးတာဟာ ကျမ ဘယ်သူ့ကိုမှ ဆုံးမလိုတဲ့ စိတ်နဲ့ ရေးခဲ့တာ မဟုတ်ပါဘူး။ အဲဒီအဖြစ်အပျက် နှစ်ခုကို ကြုံခဲ့ရတာလည်း အမှန်ပါပဲ။ ကြုံခဲ့ပြီးတော့ ကျမကိုယ်ကျမ ပြန်ဆင်ခြင်မိပါတယ်။

ဘာကြောင့် ဆင်ခြင်မိတာလဲ ဆိုတော့ …. ကျမက မိသားစုထဲမှာဆိုရင် အဆိုးဆုံး မိန်းကလေး တယောက်ပါ။ မာနလည်း ကြီး၊ ဒေါသလည်း ကြီး၊ အညှိုးအတေးနဲ့ အာဃာတလည်း အလွန်ကြီးပါတယ်။ ကျမကြောင့် မိဘနှစ်ပါး မကြာခဏ စိတ်အနှောက်အယှက် ဖြစ်ရတယ်။ ကျမ အထက်က အမနှစ်ယောက်ကိုလည်း ခဏခဏ စိတ်ကောက်ပြီး မခေါ်ဘူး။ အဲဒီလို ကျမ မကောင်းတာတွေကို ဘလော့မှာလည်း ရေးဖူးပါတယ်။ ကျမနဲ့ ရင်းနှီးသူတိုင်းလည်း သိနေကြပါတယ်။ မိသားစုက ဘယ်လို ကောင်းအောင် စီစဉ်ပေးပေး မကျေနပ်နိုင်ဘူး။ မိသားစုကို ဂျီတိုက်တယ်၊ စောဒကတက်တယ် ဆိုတာတွေကတော့ ကျမအတွက် လုပ်ရိုးလုပ်စဉ် ဖြစ်နေပါပြီ။ အဲဒီလို လုပ်တဲ့အတွက် ကျမ ဘာပြန်ရလဲ … စိတ်ချမ်းသာမှုနဲ့ စိတ်ဆင်းရဲမှု … ယှဉ်ကြည့်ရင် စိတ်ဆင်းရဲမှုတွေသာ ကျမပြန်ရခဲ့ပါတယ်။

လမ်းမှာ အဲဒီအဖြစ်အပျက်နဲ့ ကြုံရတော့ အဲဒီနေ့မှာတွင်ပဲ ကျမအမကို ဖုန်းဆက်ပြီး ပြောပြမိတယ်။ ကျမအမကတော့ ရယ်ပဲ နေပါတယ်။ ကျမက သင်ခန်းစာရလည်း ခဏပဲ ဆိုတာ သူသိနေတာကိုး။ ဒါပေမဲ့ ကျမစိတ်ထဲ မြင်လွယ်ထင်လွယ်အောင် ဒီချာတိတ်လေးတွေက ကိုယ့်ရှေ့မှာ သင်ခန်းစာပေးသလို ဖြစ်သွားတာမို့ ဒီအဖြစ်အပျက်ကလေးကို တော်တော်လေး စွဲသွားပြီး ဘလော့မှာ တင်လိုက်ရခြင်းပါ။

ဆိုတော့ … ပြောချင်တာက ကျမ ဘယ်သူ့ကိုမှ ဆုံးမတာလည်း မဟုတ်သလို ဘယ်သူ့ကိုမှလည်း မရည်ရွယ်ပါဘူး။ ကိုယ်ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကလေးကို ရိုးရှင်းစွာ ပြန်လည် တင်ပြရုံသက်သက် မျှသာပါ။ ကိုယ့်ထက် အသက်ကြီး ၀ါကြီးတဲ့ ပုဂ္ဂိုလ်မျိုးကို ဆုံးမနိုင်လောက်တဲ့ အရည်အချင်း ကျမမှာ မရှိသေးပါဘူး။ အကယ်၍ အဲဒီလို ရည်ရွယ်သလို ဖြစ်သွားလို့ တဖက်သား အရှက်ရသွားခဲ့ရင် ကျမ အရေးအသား ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါလိမ့်မယ်။

မှန်တာကိုရေးတာမို့ နာမည်တပ်ပြီး ရေးရမယ်ဆိုပေမဲ့ ကျမ အဲဒီချာတိတ်တွေ နာမည်လည်း မသိတော့ ကိုယ်အဆင်ပြေသလို ကတုံးလေး၊ ဦးထုပ်လေး ဆိုပြီး ရေးလိုက်တာပါ။ တခုတော့ရှိပါတယ်။ အဲဒီပို့စ်ထဲမှာ တိုက်ရိုက် ထည့်မရေးခဲ့ပေမဲ့ အခုတော့ မထူးတော့ပြီမို့ ပြောလိုက်ပါတော့မယ်။ ပထမလူက အင်္ဂလိပ် (သို့) ဥရောပသား လူဖြူ တယောက်ပါ။ ကားအနီပေါ်က ဆံပင်တွေ အုပ်ထားကြတဲ့ မိန်းကလေးတွေ ဆိုတာက ပါကစ္စတန်နိ မိန်းကလေးတွေပါ။ သူတို့ ဘာသာရေး ထုံးတမ်းစဉ်လာအရ ဆံပင် အုပ်ထားကြတာပါ။ ဦးထုပ်လေးက အာဖရိကန်သားပါ၊ ကားပေါ်က အမျိုးသမီးကြီး ဆိုတာကတော့ အင်္ဂလိပ်အမျိုးသမီးကြီး ဖြစ်ဟန်တူပါတယ်။ ကျမက အဲဒီလို ဘာလူမျိုးတွေဆိုတာ တိုက်ရိုက် မရေးချင်လို့ အသားရောင်ရယ် ၀တ်စားဆင်ယင်ပုံရယ်နဲ့ပဲ မသိမသာ ရေးပြခဲ့တယ်။ ကျမ ဆိုလိုချင်တာက အင်္ဂလိပ်လူမျိုးတွေဟာ ယဉ်ကျေးတယ်ဆိုပေမဲ့ ရိုင်းပျတဲ့လူတွေလည်း ရှိတယ်။ (ရိုင်းတဲ့လူနဲ့တွေ့လို့ ပြန်ရိုင်းလိုက်တာလည်း ဖြစ်နိုင်ပါတယ်။) အာဖရိကန်တွေ ရိုင်းတယ်ဆိုပေမဲ့ ယဉ်ကျေးတဲ့လူတွေလည်း ရှိတယ် … ဆိုတာကိုပါ။ ကျမရဲ့ စာက အဲဒီ အချက်ကို ရည်ညွှန်းချင်တာလည်း ပါပါတယ်။ (စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်း မြင်လိုက်ရတာမို့ သူတို့နာမည်တွေလည်း တခုမှ ကျမ မသိပါဘူး။)

“တနေ့ထဲမှာ တူညီပေမဲ့ ကွဲပြားတဲ့ အဖြစ်အပျက် နှစ်ခုကို မိနစ်ပိုင်းလေးပဲ ခြားပြီး ကြုံလိုက်ရတာ ကျမကို သင်ခန်းစာ ပေးလိုက်သလိုပါပဲ။ တလမ်းလုံး အဲဒီအဖြစ်အပျက် နှစ်ခုကို တစိမ့်စိမ့်နဲ့ တွေးနေမိတယ်။”

ကျမကို သင်ခန်းစာပေးသလိုပဲ ဆိုတာက ကျမက သင်ခန်းစာယူရမယ့် လူဖြစ်နေလို့ပေါ့။ ကျမက ဘယ်သူ့ကိုမှ ဆိုရေးရှိလို့ ဆိုတဲ့အနေနဲ့ သင်ခန်းစာပေးနေတာ မဟုတ်ပါဘူး။ ကျမကိုယ်တိုင် သင်ခန်းစာ ရခဲ့တာပါ။ နဂိုတုန်းက ကျမဟာ ဒီအချက်ကို ကိုယ့်ဟာကိုယ် မမြင်မတွေးမိဘူး။ ဒါကြောင့် ကျမမှားခဲ့ဖူးတယ်၊ ဒေါသတွေနဲ့ ပူလောင်ခဲ့ဖူးတယ်၊ အတေးအမှတ် အာဃာတတွေ ထားခဲ့ဖူးတယ်၊ ငါ့ကို ဒီလိုပြောရင် ဒီလို တုန့်ပြန်မှ ဆိုတဲ့ ဆတ်ဆတ်ထိမခံတဲ့ မာန်မာနတွေ ထားခဲ့ဖူးတယ် … အဲဒီ ကျမအမှားတွေအတွက် ကျမရှေ့မှာ ဖြစ်ပွါးခဲ့တဲ့ ဒီအဖြစ်အပျက် နှစ်ခုဟာ ကျမကို သင်ခန်းစာ ပေးသလို ဖြစ်သွားတယ်။ ဒါပါပဲ။

တခြားသူ တဦးတယောက် ကိုယ်မှန်တယ်ထင်တာပဲ ရေးရေး ဘာပဲရေးရေး ကျမ စိတ်မ၀င်စားပါက ဘာမှ မဝေဖန်လိုပါ။ ကိုယ့်အခွင့်အရေးနဲ့ ကိုယ် အလကားရတဲ့ ဘလော့မှာ စိတ်ကြိုက်ရေးနိုင်ပါတယ်။ ကျမကိုယ်တိုင်လည်း ကိုယ်ကြိုက်တာ ကိုယ်ရေးပြီး ကိုယ်ကြိုက်တာ ကိုယ် လက်လှမ်းမီသလောက် ဖတ်နေတာပါပဲ။ ကိုယ်မကြိုက်ရင်တော့ မဖတ်ပါဘူး။

ကျမမိဘတွေက ဘာသာရေး ကိုင်းရှိုင်းကြသူတွေမို့ ကျမလည်း ဘာသာရေးကို စိတ်ဝင်စားပါတယ်။ ကိုယ်တတ်နိုင်သလောက် လုပ်ပါတယ်။ ဒါပေမဲ့ ကျမသည်လည်း ပုထုဇဉ်တယောက် ဖြစ်တာမို့ ပုထုဇဉ်များနည်းတူ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန ကတော့ ရှိပါတယ်။ ဘုရားအမြဲရှိခိုး၊ တရားအမြဲနာနေပေမဲ့ ပုထုဇဉ်ပီပီ အမှားမကင်းနိုင်ပါဘူး။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အတိတ်က အမှားတွေကို ပစ္စုပ္ပန်မှာ သင်ခန်းစာအနေနဲ့ သတ်မှတ်ပြီး အနာဂတ်မှာ အမှားကင်းဖို့သာ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်လို့ ပြောရင်း ….
ကျမရဲ့ စာဟာ မည်သူ့ကိုမှ မရည်ရွယ်ပါ … တိုက်ဆိုင်ပါက တိုက်ဆိုင်မှုဟူ၍သာ သတ်မှတ်ပါလို့ပဲ ပြောချင်ပါတယ်။
***
မေတ္တာဖြင့်
မေဓာဝီ
၂၉၊ ဧပြီ၊ ၂၀၁၀
၂၀း၀၀ နာရီ

29 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ကြားကနေ ရန်ဖြစ်စေချင်တဲ့ လူတစ်ယောက်တော့ ရှိမယ်
ထင်တယ်။ အဲဒီလူက သွားဖတ်ကြည့် ရည်ရွယ်ပြီး ရေးထားပုံရတယ် ဘာညာဆိုပြီး “ချွန်တွန်း” လုပ်ပုံရတယ်။ အဲဒီ “ချွန်တွန်း” လုပ်တဲ့လူဟာ
ဘလော့လောက ဖြစ်ခဲ့ရင်တော့ တော်တော် ရှက်ဖို့ကောင်းတဲ့ လူစားမျိုးပဲ ဖြစ်မှာပါ။ ကိုယ်တိုင် အရည်အချင်းမရှိလို့ သူတပါးအပေါ် မနာလိုဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ရန်တိုက်ပေးတာဟာ “ဥ”ကနေ အကောင်ပေါက်လာတဲ့ အမျိုးအစားပဲ ဖြစ်မှာပါ။

ကျနော့်အနေနဲ့ မေတ္တာရပ်ခံချင်တာကတော့ မမေဓါဝီ
ရော၊ ဆရာမ ဒေါ်မေငြိမ်းရော တစ်ဦးနဲ့ တစ်ဦး
မထင်မှတ်သော တိုက်ဆိုင်မှု တစ်ခုလို့ပဲ သဘော
ထားလိုက်ကြပါဗျာ။ အကြံပြုပါတယ်။

မေငြိမ်း said...

ဟုတ်ပါရဲ့နော်... တိုက်ဆိုင်လိုက်တာ..။ ကျမ သေချာ Focus လုပ်ရေးခဲ့တဲ့ ပေးသူယူသူ ကိစ္စကိုပဲ "တကယ်တော့ … ဘယ်နေရာမဆို လူတွေဟာ ကိုယ်ပေးတဲ့အတိုင်း ကိုယ်တိုင် ပြန်ရကြတာချည်းပဲမဟုတ်လား။" အဲလို ရေးထားပြီး အချိန်ကလည်း ကိုက်နေလေတော့ လေတော့ ကျမကို ရည်ရွယ်တယ်လို့ ပြောတဲ့သူတွေက လာပြောသလို ကျမဖတ်တော့လည်း အဲလိုပဲ မြင်တာမို့ ကျမလည်း တော်တော် ညံ့နေပြီထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် မအားတဲ့ကြားက တခုတ်တရ post တခုအဖြစ်နဲ့တောင် ရေးတဲ့အတွက် ကျေးဇူးပါ။
မေငြိမ်း
မေငြိမ်း

Ko Min Htet said...

သယ်---ဒီကောင်မလေးတွေ ရန်ဖြစ်နေကြပေသကိုး၊ ဖြေကြလေ ဖြေကြ ဖြေကြ၊ တရားနဲ့။

Soe Mya Nandar Thet Lwin (Borros Roxo) said...

စာမေးပွဲ ရှိလို့ ခဏနားမယ် ဆိုလို့ ပိုစ့်အသစ် တက်လာလို့ လာဖတ်တာ မခြိပြုံး ပြုံးဖြစ်သွားတယ်။

စိတ်ပျက်စရာ ကောင်းလှပါတယ်။ ဘယ်လိုဖြစ်လို့ လာပတ်ရမ်းကားနေလဲ မသိဘူး။

တခု လေ့လာမိသွားတာက လူဆိုတာ အသက်အရွယ်၊တတ်ထားတဲ့ ပညာနဲ့ မဆိုင်ပဲ ကြီးငယ်မရွေး စိတ်ထားတတ်ရင် မြတ်တယ် ဆိုတာပဲ။

အဲဒီပိုစ့်ရဲ့ ကွန်မန့်အောက်မှာ ကလူသစ် ဆိုခဲ့သလို ရွှေပြည်အေးတရား ဟောတောင် မရတဲ့ အခြေအနေပါပဲ။

ဘလောဂ့် ဖတ်သူ၊ရေးသူ အားလုံး မညံ့ကြပါဘူး။

အားလုံးဟာ အသိဥာဏ်နဲ့ ဆင်ခြင်ပြီး မှန်တယ် မှားတယ် ဆိုတာထက် ဘယ်သူဟာ လွန်ကဲ နေသလဲဆိုတာ အဆုံးအဖြတ် ပေးပါလိမ့်မယ်။

စာမေးပွဲချိန်မှာ စိတ်အနှောက်အယှက် ဖြစ်ရတဲ့ မမေဓါဝီအတွက် တကယ်ကို စိတ်မကောင်းပါဘူး။

လေးစားလျှက်
စိုးမြနန္ဒာသက်လွင် (SMNTL)

ရွှေရတုမှတ်တမ်း said...

ဒေါ်လေးမေရေ...ဘာမှအရေးကြီးတဲ့ကိစ္စမဟုတ်ပါဘူး..
စာမေးပွဲကိုစိတ်ချမ်းသာစွာဖြေနိုင်ပါစေ

စန္ဒကူး said...

မမမေဓာဝီရော.. မမမေငြိမ်းရော..
ကိုယ့်အတွေးနဲ့ကိုယ်ရေးကြတယ်လို့ ဖတ်တုန်းက ထင်မိပါတယ်။

~ဏီလင်းညို~ said...

မမေရေ......
တိုက်ဆိုင်မှုတစ်ခုလို ဖြစ်သွားတာနေမှာထင်ပါရဲ့ဗျာ....။
စာမေးပွဲဖြေနိုင်ပါစေလို့.......ကျွန်တော်ဆုတောင်းပေးတယ်ဗျ.....။
(မရောက်ဖြစ်တာ......ကြာနေလို့...ခုမှ တူညီသော်ငြား.... ခြားနားသည်.........ကို ဖတ်လိုက်ဦးမယ်ဗျ.....း))
ခင်မင်တဲ့
ဏီလင်းညို

SHWE ZIN U said...

ညီမ မေဓါဝီ ရေ

စာမေးပွဲ ရှိလို့ နားမယ် ဆိုပြီး ပိုစ့် အသစ်တက် လာလို့ အံသြ နေတာ

ဖတ်လိုက်တော့ မှ သြ ဂလိုလား လို့
ခပ်ညံညံ ရွှေစင်ဦး တို့ကတော့ အဆန်းတကျယ် ဘာမှ မမြင်မိပါဘူး ရိုးရိုးလေး တွေးပြီး ရိုးရိုးလေး ရေးထားတာ ဥစ္စာ ဘာလို့များ ဒီလိုထင်ရသလည်း မသိဘူး

ဆရာမ ဒေါ်မေငြိမ်းလည်း ဒုက္ခပါဘဲဗျာ ကိုယ့် အတွက် ရည်ရွယ်လား အားလုံးအတွက် ရိုးရိုး ရည်ရွယ် ရေးထားလား ဆိုတာ မသိနိုင် လောက်အောင် ဘာတွေကများ ဖုန်းလွှမ်း နေပါလိမ့်လို့

ဘုရား.အဆုံး အမ နဲ့ နေတဲ့ ညီမ ရင်ထဲမှာ တကယ် တရား ရှိလား မရှိဘူးလား ဆိုတာ အားလုံး သိကြပါတယ်

အဲဒီလိုဘဲ ပါးစပ်က ဒီမိုကရေစီ ဒီမိုကရေစီ နဲ့ အော်နေပေမဲ့ တကယ် ဒီမိုကရေစီ ရှိလား မရှိလား ဆိုတာ အဲဒီလူရဲ့ အပြုအမူ အပြောအဆို ကို ကြည့်ပြီး အားလုံး သိနိုင်ကြပါတယ်


အားလုံးဘဲ လူ့ အခွင့်အရေး ကို လေးစားနိုင်ကြပါစေ

ညီမ လည်း စိတ်ချမ်းသာ ကိုယ်ချမ်းသာ နဲ့ စာမေးပွဲ ဖြေဆိုနိုင်ပါစေ

ခင်တဲ့
ရွှေစင်

မေ့သမီး said...

ညီမတော့ ကြားထဲက၀င်ခလောက်ဆန်တတ်ကြတဲ့ လူ့သဘောတွေကိုပဲ အံ့သြမိပါရဲ့။ အမစာမေးပွဲ ဖြေနိုင်ပါစေနော်။

ကလူသစ် said...

စာမေးပွဲဖြေနိုင်အောင် အရင်လုပ်အုန်း။ နို့မို့ အရင်တခါလို ပို့စ်မျိုးထပ်ရေးနေရအုန်းမယ် :)

kiki said...

လွဲတဲ့အခါလည်း လွဲပေမပေါ့ ...
( ဦးဒိန်းဒေါင် ) ၊

တိုက်တိုက်ဆိုင်ဆိုင်ဆိုလည်း ပလပ်ပေါက်ကိုကိုင်ကြပါ ... ..း))
သတိ ..ဗို့ အား ၁၀ သိန်း....

အထင်တော် တွေ မလွဲကြပါ နဲ့  ဗျိုးးးး
ကမ္ဘာကြီး ငြိမ်းချမ်းပါစေ ။

Harry said...

ခက်ပါရဲ့ဗျာ ... အံ့သြကုန်နိုင်ဖွယ်ပါပဲ မမေရေ ...
အခု မမေ ဒီပို့စ်ကိုရေးတာ တွေ့ရတော့မှ ဆရာမဒေါ်မေငြိမ်းရဲ့ သက်ဆိုင်ရာ ပို့စ်တွေကို ကျနော် သွားဖတ်ကြည့်မိပါတယ် ...
ဒေါ်မေငြိမ်းကသာ သူ့ကိုရေးတယ် ထင်နေတာ ... ကျနော်ကတော့ အဲဒီလို မထင်ပါဘူး ...
တိုက်ဆိုင်သွားတာလို့ပဲ ထင်ပါတယ် ...
"တကယ်တော့ … ဘယ်နေရာမဆို လူတွေဟာ ကိုယ်ပေးတဲ့အတိုင်း ကိုယ်တိုင် ပြန်ရကြတာချည်းပဲမဟုတ်လား။" ဆိုပြီး
ပေးသူယူသူ အကြောင်းရေးတိုင်း သူ့ကိုရေးတယ် ထင်နေရင်တော့ ဒေါ်မေငြိမ်း မှားမယ်ထင်ပါတယ်ဗျာ ... အချိန်ကတော့ တိုက်ဆိုင်နေတာပေါ့ ... ဒါပေမဲ့ ဒေါ်မေငြိမ်းရေးထားတာက "ကျမကတော့ ပေးသူတွေက သူတို့ ကြိုက်တာကို ပေးကြတာမို့ ကိုယ်က မယူတဲ့အခါ ထူးပြီး မနာပါဘူးလို့ပဲ ထားလိုက်ပါတယ်။" ဆိုပြီးရေးထားတာပါ ... အဲဒါက ကိုယ်ပေးတဲ့အတိုင်းကိုယ်ပြန်ရတယ်လို့ အဓိပ္ပာယ် ဆောင်တယ်လို့ ကျနော်ကတော့ မထင်မိပါဘူး ... ဒီစကားရဲ့ အဓိကဆိုလိုရင်းက ကိုယ့်စိတ်နဲ့နှိုင်း မရိုင်း ဆိုသလို လူတွေက ကိုယ့်စရိုက်၊ အဆင့်အတန်း အတိုင်း လာပြီးပြောဆိုဆက်ဆံကြတာကို ကိုယ်က လက်မခံရင် ဘာမှ မဖြစ်ဘူး လို့ ဆိုလိုတယ်လို့ပဲ ထင်ပါတယ် ... ပေးတဲ့အတိုင်းပြန်ရတယ်ဆိုတာနဲ့ မပတ်သက်ပါဘူး ... အင်းပေါ့လေ .. ကိုယ်လိုရာဆွဲပြီး ပေးတာကို မယူရင် ပေးတဲ့သူဆီမှာပဲ ရှိနေတယ် ဆိုတဲ့ ဘုရားဟောစကားကို ကိုးကားပြီး ပေးတဲ့လူက အဲဒီအတိုင်း အမြဲတမ်းပြန်ရတယ်လို့ အဓိပ္ပာယ်ကောက်ရင်တော့ မပြောတတ်ဘူးဗျာ ... ဒါဆိုရင် ပေးတာကို ယူလိုက်ရင်တော့ ပေးတဲ့သူက ကိုယ်ပေးတဲ့အတိုင်း ပြန်မရတော့ဘူးလို့ ယူဆရတော့မှာပေါ့နော် ...
မမေ ရေးထားတဲ့ ပို့စ်က နယူတန်ရဲ့ တတိယနိယာမလို ကိုယ်ကပေးတာနဲ့ တူညီတဲ့ တုံ့ပြန်မှုကို ပြန်ရမယ်လို့ ဆိုလိုတာ လို့ပဲ ကျနော် သဘောပေါက်မိပါတယ် .... ဒီ နှစ်ခုကို အထအန စကားကျကောက်ပြီး အတင်းလိုက်တူနေရင် တော့ မသိဘူးဗျို့ ...
ကြားက ဝင်ပြီး ဒေါ်မေငြိမ်းကို ရည်ရွယ်ပါတယ်လို့ ပြောသူတွေကိုတော့ ကျနော် ဘာမှ မပြောလိုပါဘူး ... ဒါပေမဲ့ ဒေါ်မေငြိမ်းလို ကျောင်းဆရာမ၊ စာရေးဆရာမ၊ မြန်မာစာကိုကျွမ်းကျင်သူ ပညာရှိပုဂ္ဂိုလ်တဦး ကိုယ်တိုင်က ဒီလိုပဲ မြင်တယ်ဆိုတာကိုတော့ ကျနော် အတော်လေး အံ့သြမိပါတယ် ... ဒေါ်မေငြိမ်း ကိုယ်တိုင်ပြောထားသလို တော်တော်လေးညံ့နေပြီ လို့တော့ ထင်စရာ အကြောင်း မရှိပါဘူး ... အံ့သြမိရုံပါ ...
ဘာပဲဖြစ်ဖြစ်လေ ... တယောက်နဲ့တယောက် ဘာမဟုတ်တာနဲ့ အထင်အမြင်မမှားကြစေချင်ပါဘူး ... လောလောဆယ်တော့ စာမေးပွဲပဲ အာရုံစိုက်လိုက်ပါဦး ... အောင်မြင်စွာ ဖြေဆိုနိုင်ပါစေဗျာ ...

Anonymous said...

ကြီးမေ
seesein ပြန်ရောက်လို့စာကြွေးတွေ ရှင်းသွားပါတယ် စိတ် နဲ့ ရုပ် သဘာဝကို လေ့လာပြီး ပြန်လာတော့ အင်း....ဒုက္ခ..ဒုက္ခ လို့သာ အော်
ဘာဘဲဖြစ်ဖြစ်ပါလေ စိတ်ကလေးကို တည်တည်ငြိမ်ငြိမ်ထားပြီး စာမေးပွဲ ကိုဖြေနိုင်ပါစေ ကြီးမေအတွက် တလလုံး မေတ္တာပို့ခဲ့တယ် ကြီးမေ အေးချမ်း ငြိမ်းချမ်းပါစေ မေတ္တာပို့တာ တနေ့ကို သုံးခါတောင်ပို့ရတယ် သာမန်ပို့တာထက် ကျင့်ကြံပြီး ပို့နေကြတော့ ပိုပြီး ရောက်မယ်ထင်တယ်

ခင်မင်စွာဖြင့်
seeseinshin

ရွှန်းလဲ့ said...

မမမေ စာမေးပွဲ ဖြေနိုင်ပါစေ....

မောင်ဘကြိုင် said...

အမ်မလေးဗျး) ဖတ်ရတာကောင်းသား
ဒါပေမယ့် ကွန်မင့်တွေဖတ်ကြည့်တော် အယ် ဟုတ်သေးပါဖူး တမျိုးပဲလို့ ရန်ဖြစ်တော့မလိုလိုပဲ

တခါတလေလည်း လွဲတတ်ပါတယ်လေ မှားတတ်ပါတယ်လေး)

အထင်မှားမိတာဖြစ်မှာပါ အားလုံးအဆင်ပြေကြပါစေ
နားလည်ခွင့်လွတ်နိုင်ကြပါစေလို့ ကြားထဲ့ကဆုတောင်း
ခဲ့ပါတယ်ဗျား)

Anonymous said...

စိတ်ကုန်လိုက်တာနော်။ စကားထဲက ဇာတိပြမဟုတ်ဘဲ ကွန်မင့်ထဲက ဇာတိပြဖြစ်နေပြီ။ ဆရာမ တဲ့ သူ့ ကိုထိတယ်ထင်ရင် ပြန်ဆော်ဘို့ ဝန်မလေးတဲ့ မိန်းမကြီး၊ မှားနေတာတောင် ထောက်ပြရင် မကြိုက်တဲ့ ဒီမိုမကြီး

ဘလော်ဂါ said...

မေငြိမ်းက စကားထစ်တာလား။
သူရေးတဲ့ ကော်မန့်ထဲမှာ လေတော့ လေတော့ ၂ ခါထပ်တယ်။ နောက်ဆုံးမှာလဲ မေငြိမ်း မေငြိမ်းတဲ့။ ၂ ခါတောင်။
မေငြိမ်းမှန်း လူတွေ မသိမှာစိုးလို့လား။ စကားထစ်လို့လား
အော် ... မေငြိမ်း မေငြိမ်း ... :P

Anonymous said...

ှိကြီးမေ အသစ်ကလေးများရှိမလားလို့ လာကြည့်ပြီး နောက်တခါ ထပ်ဖတ်သွားပါတယ်
ကြီးမေ စာတွေ ကျက်ရ မှတ်ရလွန်းလို့ ငြီးငွေ့နေရင်လည်း ရေးပေးအုန်းနော

ခင်တဲ့
seesein

SHWE ZIN U said...

မမေဒါဝီ

ဘလောဂ် လည်ရန် ...
28 ရက်, 21 နာရီ, 28 မိနစ်, 43 စက္ကန့် သာ လိုတော့သည်။

အဟီး ပျော်စရာကြီး အလွမ်းပြေ လာလည်သွားပါတယ် စာမေးပွဲ ဖြေဆိုနိုင်ပါစေ လို့ ဆုမွန်ကောင်းတောင်းပါတယ်

ခင်တဲ့
ရွှေစင်

Anonymous said...

ကြီးမေ ပင်ပန်းနေတယ် လား
ကြီးမေရေးသော စာများ ဖတ်ရဖို့ရန် ၂၈ ရက် ၊ ၉ နာရီ၊ ၃၉ မိနစ်သာ လိုတော့ပါသည်။


ခင်တဲ့
seesein

TZA said...

ဟားဟား.. ဖြစ်ရဖြစ်ရလေဗျာ၊ ဘလော့လောက သေးသေးလေးမှာ ဒီလိုအဖြစ်အပျက်မျိုးလည်း ရှိတာကိုး။

ဆောင်း said...

စာမေးပွဲကို အာရုံစိုက် လိုက်ပါ။ စာမေးပွဲအောင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Anonymous said...

စာမေးပွဲပြီးရန် ၁၈ရက် ၁၈နာရီ ၁၈စက္ကန့်သာလိုတော့သည်......အဟီး အရင်ကထက်စာရင် ပြီးခါနီးပြီ ပျော်တယ်ဗျို့ ကြီးမေ ကျန်းမာရေး ဂရုစိုက်ပါ ဖြစ်ချိန်တန်ရင် အားလုံးက အိုကေပါတယ် ဆုတောင်းပေးနေပါမယ်

ခင်တဲ့
seesein

freedomtoleave.blogspot.com said...

သြော် အထုတ်ကြီးနဲ့တူနေပြီ ကျွန်တော့်ဆရာတယောက်ပြောဖူးတယ်။အထုတ်ကြီးလို့အသံကြားတော့ ဗိုက်ဆာသူက၊ ငွေလိုသူက၊ လိုနေသူတွေပေါ့လေ ဘယ်လိုထင်မလဲ။ ကြာကူလီအော်လိုက်ကြည့် လှည့်ပြီး စိတ်ဆိုးတယ်၊မသိဖာသာ၊လှည့်ကြည့်တယ် ဘာမှမပြော၊ဘာသဘောလည်း လာမေးတယ် ရှင်းပြလိုက်။အော်စရာရှိရင်အော်လိုက်ပါ။ဝေါဟာရ တစ်ခုအောက် ကိုယ်ရောက်သွားတာပါ။သူ့ရဲ့သဘော ဘာလည်းလို့ အရင်တွေးလိုက်ရင် ရပါတယ်။ဝေါဟာကြောင့် တောင်းပန်ရရင် ဘယ်ပင်ဆုံးတော့မလဲ။မရပ်နဲ့ ဘေးမကြည့်နဲ့ သံလမ်းပေါ်ကာ ပြေးတာဆိုရင်ပေါ့။

freedomtoleave.blogspot.com said...

ကျုပ်ကတော့ ကြိုက်သွားတယ် ကိုယ့်စရိုက်နဲ့တူလို့ ချက်ခြင်းသူငယ်ချင်းကိုတောင် ပြောပြပြီး ငါပြင်ရမယ်လို့ သံဝေဂ ယူလိုက်တယ်။ ဆားအိုးထဲနှိုက်လို့စပ်ရင် ဆားအိုးပြစ်တင်လို့ ရဘူလေး။နှိုက်နဲ့ပေါ့။မြန်မြန် ဆေးပြစ်လိုက်ပေါ့။စာတလုံးကို ကြည့်ရင်အချိန်၊ဒေသ၊ကာလ၊လက္ခဏ လို့ လေးဘက်လေးတန် အေးချမ်းစွာနေရင်း ဝေဖန်စိစစ်ပြီးမှ ကောက်ချက်ချစေချင်ပါတယ်။မဒီဒေ၀ီဟာ သမီးသား လင်သားပြည့်စုံတုန်းက ကျည်းသံလေးနဲ့သာယာတဲ့ဒီတော၊ကလေးတွေရှမရ လင်ကနှုတ်ဆိတ်နေတော့ သုသ၁န်ကြီးတူသတ။ဲ့မောင်ဆိုတဲ့ မေဆိုတဲ့ အသံလေး ဘယ်ချိန်မှာ ခါးတတ်သလဲ မေးပါရစေ၊

freedomtoleave.blogspot.com said...

အင်း ဒီနေ့ပျင်းပျင်းနဲ့ဆင်းလာလိုက်တာ အမယ်သူ့လူကိုယ့်လူ လုပ်တဲ့ကွန့်မင့်လေးတွေတွေ့တော့ ဆရာတော်ဦးဇွှိလသတိရမှိသဗျာ ကျောင်းသားနှစ်ယောက် ဆရာတော်နှစ်ပါးနာက်လိုက်ပါရင်း မင်းဆရာတော်ကမြန်တယ် ငါ့ဆရာတော်ကမြန်တယ်နဲ့ သတိမထားတဲ့ဆရာတော်နှစ်ပါး အပြေးပြိုင် မောခြင်းသာရှေ့ကပန်းဝင်သလိုဖြစ်နေ
ဦးမယ်နော။္တ္တ

ကိုအောင်(ပျူနိုင်ငံ) said...

မမေဓါဝီ
ကမ္ဘာ့ဖလား ၂၀၁၀ ခန့်မှန်းချက် ရေးပေးဖို့ tag ထားတယ်၊ အဆင်ပြေမယ်ဆိုရင် ရေးပေးပါအုံး၊
http://pyustate.com/2010/05/tag.html

Anonymous said...

စာမေးပွဲဖြေနိုင်ပါစေ


ခင်တဲ့
seesein

khin oo may said...

ဖတ်၏.