Tuesday, April 07, 2009

ပုံပြင်ထဲက သတ္တ၀ါ

သူဟာ …
ကာလံဒေသံ အလိုက်
တခါတလေတော့ မိုက်တယ်။

ခြင်္သေ့ကို ဖော်လံဖား
အရိုးအရင်းလည်း ကပ်စားတယ်။

သားကောင်မရလို့ အကြံထုတ်
ဥပုသ်လည်း သူစောင့်တယ်။

ပရိယာယ်ေ၀၀ုစ်နဲ့
ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တယ်။

လူတကာ ယုံကြည်စေရေး
သိုးအရေလည်း ခြုံသေးတယ်။

ဖြူစင်သူတွေကို လှည့်စား
လေလုံးထွားထွား ဖြားယောင်းတယ်။

သူ့ကိုယ်သူ အထင်ကြီး
တောဘုရင်ကြီးလို့ ထင်မိတယ်။

ဒါနဲ့ပဲ … တရက်တော့ …
ကျောက်တောင်ထက်ကို သွား
တတောလုံးကြားအောင် ဟောက်မဟဲ့လို့
ကြုံးဝါးပြီးတဲ့နောက်
အကျယ်ကြီး ဟောက်လိုက်တဲ့အခါ …
အော်မြည်သံဟာ ထူးခြား
ဝူးးးးးး အူးးးးးး အူးးးးးးးး လို့ ကြားလိုက်ရသတဲ့။
… … … … … … …
… … … … … … …
… … … … … … …
ပုံပြင်ထဲက သတ္တ၀ါ
သူဟာ …
မြေခွေးတကောင်ပါပဲ … ။ … ။
***
မေဓာဝီ
၇၊ ဧပြီ၊ ၂၀၀၉
၁၂း၅၉ နာရီ

ပုံယူသောနေရာ

9 comments:

Anonymous said...

အမလေး
မမေ ဘလောက်ထဲက
ခွေးဟောက်သံက ( အဲလေ ခွေးအူသံက)
အတော်ညံတယ်
အရှေ့ခြမ်းကတောင်
လန့်လို့တောင်နိုးတယ်။

အင်း မြေခွေးတို့ရဲ့ ဘသော
ညရောက်လို့ အစာရှာထွက်တဲ့
ဓမ်မတာကို။

မယံ၊ သူငါသမုတ် အကျုန်ုပ်တိုသည်
ဂဏှာဟိ.နှစ်ခါ သုံးခါ မထိအောင်
မှတ်လေ လော့။

ကျနော်..

Anonymous said...

့ယုံမှတ်လို့
ပုံအပ်လျှင်

ခုံထွက်ပြီး
သူအုပ်မယ်။

သတိ တမန်
ဥာဏ် မြေကတုတ်။

ကောင်းစွာဆုပ်ကိုင်

သင့်ပန်းတိုင်

အမှန်ရောက်တော့ မည်။

Ko Paw said...

ကဗျာကောင်းတပုဒ်ပါ။ အဆုံးသတ်က ပြုံးချင်စရာလေး။ ပုံပြင်တပုဒ်ကို နားထောင်ရသလိုပဲ။

မြေခွေးလေးတွေက ဓါတ်ပုံထဲမှာတော့ ချစ်စရာလေးတွေနော်။ ဒါထက် ပုံပြင်တွေထဲ၊ စကားပုံတွေထဲမှာတော့ သိုးအရေခြုံတာက ၀ံပုလွေလို့ သုံးနှုန်းကြတာ ပိုများသလိုပဲ။

Hyena လို့ခေါ်တဲ့ အာဖရိကတောခွေး တအုပ်ကတော့ အုပ်စုဖွဲ့ပြီး အမဲလိုက်တတ်ကြတယ်။ ခြင်္သေ့သော ဘာသော မရှောင်ဘူး။ ရုပ်အဆင်းကလည်း မတင့်တယ်ဘူး။ အုပ်စုဖွဲ့ပြီး မိုက်လုံးကြီးတဲ့လူတွေကိုတွေ့ရင် Hyena တွေကို သတိရမိတယ်။ (ဆိုင်ကယ်တွေ တ၀ီးဝီးနဲ့လေ။)

PAUK said...

ကဗျာထဲကလူတွေ..
လက်တွေ့ဘ၀မှာလဲ ကြုံတွေ့ရတတ်ပါတယ်...

Anonymous said...

nice post.

:)

မေ့သမီး said...

ကဗျာကတကယ်ထိတယ်။ အမ ဘယ်သူ့ကိုစောင်းရေးတာလဲဟင်။ :P

Anonymous said...

ပုံပြင်ထဲက ကိုမြေခွေး အပြင်မှာလဲရှိနေသေး တင်္နလာနံနဲ့စပီးတော့ စနေနဲ့နဲ့အဆုံးသတ် နာမည်လေးက ခပ်ရျည်ရှည် အဲဒါ ဘယ်သူလဲဟေ.. သိချင်ဖော်ကြည့် အပျင်းပြေ

ဟနစံ said...

အင်...ဟနကို ရေးထားတာလား ဟင်။
အဲဒီ အချက်တွေ ဘာတွေ ကိုက်ညီလဲ
(သူဟာ …
ကာလံဒေသံ အလိုက်
တခါတလေတော့ မိုက်တယ်။)
အင်း..အဲဒါ ဟနပဲ တခါတလေတော့လည်း မိုက်တယ်။အမြဲတန်းလည်းမိုက်တယ်။

(ခြင်္သေ့ကို ဖော်လံဖား
အရိုးအရင်းလည်း ကပ်စားတယ်။)
ဟင့်အင်း..အဲဒါ ဟန ဟုတ်ဘူး။ ဟန အရိုးမစားဘူး။ အသားပဲစားတယ်။

(သားကောင်မရလို့ အကြံထုတ်
ဥပုသ်လည်း သူစောင့်တယ်။)
အင်း..ဟုတ်တယ်။ သင်္ကြန်တွင်းဆို အကြိုနေ့ကစပြီး နှစ်ဆန်းတစ်ရက်နေ့ထိ ဥပုသ်စောင့်တယ်။ ဟနကို ပြောတာ သေချာနေပါပြီ။

(ပရိယာယ်ေ၀၀ုစ်နဲ့
ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တယ်။)
ဟင့်အင်း..အဲဒါ ဟန ဟုတ်ဘူး။ ဟနက မိတ်ဆွေကို ရန်သူဖြစ်အောင် လုပ်တတ်တာ။ ရန်သူကို မိတ်ဆွေ ဖြစ်အောင် လုပ်တတ်ဘူး။

(လူတကာ ယုံကြည်စေရေး
သိုးအရေလည်း ခြုံသေးတယ်။)
ဟင့်အင်း ..ဟနကို ဘယ်သူမှ မယုံဘူးလေ။ မထူးတော့လို့ ဘာအရေမှ မခြုံတော့ဘူး။ စောင်ပဲ ခြုံတော့တယ်။

(ဖြူစင်သူတွေကို လှည့်စား
လေလုံးထွားထွား ဖြားယောင်းတယ်။)
အင်း...ဟန လေလုံးထွားတတ်တယ်။ဟိဟိ။

(သူ့ကိုယ်သူ အထင်ကြီး
တောဘုရင်ကြီးလို့ ထင်မိတယ်။)
အာ..ဟုတ်ပါဘူး။ ဟနက မြို့ ဘုရင်မကြီးပါ။

(ဒါနဲ့ပဲ … တရက်တော့ …
ကျောက်တောင်ထက်ကို သွား
တတောလုံးကြားအောင် ဟောက်မဟဲ့လို့
ကြုံးဝါးပြီးတဲ့နောက်
အကျယ်ကြီး ဟောက်လိုက်တဲ့အခါ …
အော်မြည်သံဟာ ထူးခြား
ဝူးးးးးး အူးးးးးး အူးးးးးးးး လို့ ကြားလိုက်ရသတဲ့။)

အဲ...လွဲပြီ။ အဲဒါဆို...ဟန မဟုတ်။ ဟနအော်လိုက်တာ
ညှောင်...ညှောင်..ညှောင် လို့ ကြားလိုက်ရသတဲ့။

ဟိဟိ...မမေ ဟန အော်တာ ဘာသံကြားလိုက်လဲ။ ညှောင် ပဲမလား ...ဟင်။

ကိုလူထွေး said...

ကဗျာလေးနဲ့  တစ်စုံတစ်ဦး သို့ မဟုတ် လူတစ်စုကို သတိပေးထားတာမျိုးများလား...