သတိရရင်
ကောင်းကင်ကို မော့ကြည့်
တိမ်တွေလို ရှိနေမှာ။
.
နီးတခါ ဝေးတလှည့်
အတူရှိခဲ့တဲ့ နေ့များ
အားတဲ့အခါ လွမ်းနေပါ။
.
ပြက္ခဒိန်တခုဟောင်း
ရက်မှ နှစ် ပြောင်းသွား
ရက်မှ နှစ် ပြောင်းသွား
အမှတ်တရနေ့များကို သတိရပါ။
.
အလုပ်ခွင်မှာ ဂရုစိုက်
အိပ်ငိုက်ရင် သီချင်းဆို
စိတ်ကို ပျော်အောင်ထားပါ။
.
ပြန်ဆုံဆည်းမယ့်ရက်
လက်ချိုးရေတွက်ကာ
စိတ်ကူးနဲ့ ကြည်နူးပါ။
.
သတိရရင် ...
မြေပြင်ကို ငုံ့ကြည့်
အရိပ်ကလေးလို ရှိနေမှာ။
***
မေဓာဝီ
၀၅၊ ၀၅၊ ၂၀၁၆
6 comments:
ဖတ်ရင်းလွမ်းသွားပြီ ....
T T T ^_^
အလွမ်းကဗျာလေးက သူနဲ့ကိုယ် နီးနီးကပ်ကပ်ရှိနေသလို ခံစားရပါလားဗျာာ
မောင်ဘကြိုင်
ကဗျာလေးနဲ့  မှာတဲ့ အတိုင်းရှိနေမှာ....။
မေရေ...
ကဗျာလေးနဲ့  မှာတဲ့ အတိုင်း အမြဲရှိနေမှာ....
မေရေ..
ကဗျာလေးနဲ့  မှာတဲ့ အတိုင်း အမြဲရှိနေမှာ.....။
မမမေဓာဝီရေ ကဗျာလေးလာဖတ်သွားပါတယ်
Post a Comment