Saturday, May 21, 2016

သုံးနားညီ ...


သုံးနားညီ
***
မိုးရေရ၍
စိမ်းမြနေသော
သစ်ပင် တော။...
.
နေရောင်ခ'၍
ဝင်းပနေသော
သစ်ပင် တော။
.
လေပြေသ'၍
ယိမ်းကနေသော
သစ်ပင် တော။
.
မိုး နှင့် နေ လေ
သုံးထွေ ညီမျှ
အစဉ်ရမှ
သာစွရှုမော
စိမ်းစို တော။ ။
 
*** 
မေဓာဝီ
20.05.16
07.06

1 comment:

Aunty Tint said...

မိုးမျှော်တေးကဗျာလေးရဲ့ကွင်းစက် သုံးနားညီကဗျာလေး အားပေးသွားတယ်။
လူကသာငြိမ်နေမယ် ပညာကတော့ နေဘူးနော် ^_^