Wednesday, December 24, 2014

ချစ်သော ... ပန်းကလေး ...


“ချစ်သော ...  ပန်းကလေး”

လေယူရာ တိမ်း
ရွက်စိမ်းလည်း မဖြစ်ချင်။

နီးစပ်ရာ တွယ်
ပန်းနွယ်လည်း မဖြစ်ချင်။

ပင်မြင့်မှာ တင်
သဇင်လည်း မဖြစ်ချင်။

အညတြ
ဘဝဖြင့်ကြွေ
မြေမှာသက်ဆင်း
ဆွတ်သူ ကင်းလည်း
ပျံ့သင်းထုံဝေ
တာဝန်ကျေသည့်
ခရေသာလျှင်
ဖြစ်ချင်သည်။
***
မေဓာဝီ
၂၃၊ ၁၂၊ ၂၀၁၄
၁၄း၅၁ နာရီ

3 comments:

Aunty Tint said...

FB မှာဖတ်ခဲ့ပြီးပြီ...
အကြွေပန်းပေမယ့် မလန်းလဲမွှေး နွမ်းလည်းမွှေး ..

ပဥာက် said...

ကျနော် အစ်မရေးတဲ့ကဗျာကို အရမ်းအရမ်းသဘောကျလိုက်တာ ပြီးတော့ ကျနော်ကယောက်ျားလေးဆိုပေမယ့် ဟဟဟခရေပန်းကကျနော် အနှစ်သက်ဆုံးပန်းပွင့်လေးပဲ။ကျနော်ကဗျာထဲမှာလည်း ခရေပန်းလေးအမြဲပါတတ်တယ်။ ဂုဏ် ။ပကာသန။ထယ်ဝါခြင်း။မောက်မာခြင်း ။မာန် မာန ။ကြွားဝါလိုခြင်း ။တုပြိုင်လိုခြင်း ။ရိုးရှင်းပြီး အေးချမ်းတဲ့ရှင်သန်လိုခြင်းးးအင်းးးဒီကဗျာထဲမှာကျနော်အများကြီးတွေ့ရတယ်။ ဟီးးးကျနော်က ကွန်မန်ပေးခဲတယ်ဘယ်သူဘယ်ဝါဘယ်ပို့စ်ပဲဖြစ်ဖြစ်။ဒီကဗျာတွေ့တော့မနေနိုင်ဘူး။အခုဖုန်းနဲ့မို့ လို့  ညကျလာကူးပြီး အစ်မနာမည်နဲ့ဖေ့ဘုတ်တင်ဦးမယိနော်

ညီလင်းသစ် said...

ကြွေသည့်တိုင် မွှေးမြဲ မွှေးနေတတ်တဲ့ ခရေပန်းလေးတွေကို သဘောကျတယ် မမေ...။