“ချစ်သော ... ပန်းကလေး”
လေယူရာ တိမ်း
ရွက်စိမ်းလည်း မဖြစ်ချင်။
နီးစပ်ရာ တွယ်
ပန်းနွယ်လည်း မဖြစ်ချင်။
ပင်မြင့်မှာ တင်
သဇင်လည်း မဖြစ်ချင်။
အညတြ
ဘဝဖြင့်ကြွေ
မြေမှာသက်ဆင်း
ဆွတ်သူ ကင်းလည်း
ပျံ့သင်းထုံဝေ
တာဝန်ကျေသည့်
ခရေသာလျှင်
ဖြစ်ချင်သည်။
***
မေဓာဝီ
၂၃၊ ၁၂၊ ၂၀၁၄
၁၄း၅၁ နာရီ
3 comments:
FB မှာဖတ်ခဲ့ပြီးပြီ...
အကြွေပန်းပေမယ့် မလန်းလဲမွှေး နွမ်းလည်းမွှေး ..
ကျနော် အစ်မရေးတဲ့ကဗျာကို အရမ်းအရမ်းသဘောကျလိုက်တာ ပြီးတော့ ကျနော်ကယောက်ျားလေးဆိုပေမယ့် ဟဟဟခရေပန်းကကျနော် အနှစ်သက်ဆုံးပန်းပွင့်လေးပဲ။ကျနော်ကဗျာထဲမှာလည်း ခရေပန်းလေးအမြဲပါတတ်တယ်။ ဂုဏ် ။ပကာသန။ထယ်ဝါခြင်း။မောက်မာခြင်း ။မာန် မာန ။ကြွားဝါလိုခြင်း ။တုပြိုင်လိုခြင်း ။ရိုးရှင်းပြီး အေးချမ်းတဲ့ရှင်သန်လိုခြင်းးးအင်းးးဒီကဗျာထဲမှာကျနော်အများကြီးတွေ့ရတယ်။ ဟီးးးကျနော်က ကွန်မန်ပေးခဲတယ်ဘယ်သူဘယ်ဝါဘယ်ပို့စ်ပဲဖြစ်ဖြစ်။ဒီကဗျာတွေ့တော့မနေနိုင်ဘူး။အခုဖုန်းနဲ့မို့ လို့  ညကျလာကူးပြီး အစ်မနာမည်နဲ့ဖေ့ဘုတ်တင်ဦးမယိနော်
ကြွေသည့်တိုင် မွှေးမြဲ မွှေးနေတတ်တဲ့ ခရေပန်းလေးတွေကို သဘောကျတယ် မမေ...။
Post a Comment