Monday, August 20, 2012

၄၁ မြစ်တစင်း ...

မြစ်ကမ်းနံဘေးက ညနေခင်း
စာမျက်နှာအသစ်
လှစ်ခနဲ အပြောင်း ...
ဟောင်းခဲ့တဲ့ စာရွက်များ
မှုန်ဝါးဝါးနဲ့ ...။

ကုန်သွားတဲ့ နေ့များစွာ ...
ကြုံရတဲ့ နေ့များစွာ ...
ဆုံကြတဲ့ နေ့များစွာ ...
ရွေ့လျားကာ ကျန်ရစ်
၄၁ မြစ်တစင်း
စီးဆင်းရင်းနဲ့ ... ။

မေဓာဝီ
၂၁၊ သြဂုတ်၊ ၂၀၁၂
၀၀း၂၀ နာရီ

25 comments:

Anonymous said...

Happy 41st birthday Ma May.

တောက်ပကြယ်စင် said...

ကဗျာလေးက တိုတိုတုတ်တုတ်၊ ထိထိမိမိလေးပါလား။

(ဘုန်းဘုန်းကတော့
၃၂ မြစ်တစင်း...
စီးဆင်းရင်းနဲ့...။)

ရွှင်လန်းချမ်းမြေ့ပါစေ...

နှင်းနဲ့မာယာ said...

မမ
မွေးနေ့မှာပျော်ပါစေ။

ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျပါစေ။

နှင်း ( နှင်းနဲ့မာယာ)

သိင်္ဂါကျော် said...

မြစ်တစ်စင်း.. နှစ်ပေါင်း ရာကျော်အောင်.. စီးဆင်းနိုင်ပါစေ...

Anonymous said...

Happy birthday a ma. Wishing you many happy returns.

ညီလင်းသစ် said...

ဟိုး..တောင်တန်း တစ်ခုခုပေါ်ကနေ မြစ်ဖျားခံချင် ခံခဲ့လိမ့်မယ်၊ အစမှာ ကျောက်တုံးကျောက်ခဲတွေကို ပွတ်တိုက်ချော့မြှူ ခဲ့တာလည်း ရှိကောင်း ရှိမှာပေါ့၊ သောင်ထွန်းစေမယ့် အရာတွေ၊ မြစ်ကျိုးအင်း ဖြစ်သွားစေမယ့် အရာတွေကို ရှောင်ကွင်းရင်း မ'ကော' သွားအောင် ဉာဏ်ပညာအလင်းနဲ့ သူ စီးဆင်းခဲ့ရ ပေလိမ့်မယ်..၊

သူ့ကို လိုလား/အပ်တဲ့ အကြေအရပ်အတွက် မြေသြဇာတွေ၊ မြေဆီမြေနှစ်တွေ တဝကြီး သယ်လာရင်း အဲဒီမြစ်တစ်စင်းဟာ ပီတိတွေနဲ့ လက်ဖြာနေခဲ့မှာ အသေအချာပေါ့၊ မမေရေ... ပင်လယ်အထိ ရောက်အောင် ကျန်းမာစွာ စီးဆင်းသွားနိုင် ပါစေကြောင်း ဆုတောင်းမိပါရဲ့...။

သူကြီးမင်း (တုံးဖလား) said...

ကျန်းမာပါစေ
ချမ်းသာပါစေ
ပျော်ရွှင်ပါစေ
ချမ်းမြေ့ပါစေ
လောကကောင်းကျိုးအတွက် တက်ကြွစွာ စီးဆင်းနိုင်ပါစေ။

Anonymous said...

Happy Birthday to you!!
May your wish come true!!

သက်ဝေ said...

Happy Birthday ညီမ...း)

seesein said...


အမြဲတစေ...စီးဆင်းနိုင်ပါစေ...

kay said...

ံစိတ်လက်ချမ်းသာ သော မွေးနေ့ ဖြစ်ပါစေ မမေ

SHWE ZIN U said...

ညီမ မမေ ရေ

မြစ်တစင်း ထာဝရစီးဆင်း ပါစေ .. မြစ်တစင်း ဘေးမှာ ရှိနေခွင့် ရတဲ့အတွက် ဒီနေ့လေး ကို ထာဝရ မမေ့ပါဘူး..

ချစ်တဲ့
အမရွှေစင်

မေဓာဝီ said...

ဆုတောင်းပေးကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင် ...
အားလုံးလဲ ပျော်ရွှင်အေးချမ်းတဲ့ ရက်များကို ပိုင်ဆိုင်ရပါစေလို့ ....

sosegado said...

ပျော်စရာမွေးနေ့ဖြစ်ပါစေ
လေးဆယ့်တစ်မှသည် နှစ်အသစ်အသစ်များဆီသို့........
အောင်မြင်စွာ ဖြတ်သန်းနိုင်ပါစေ

မအိမ်သူ said...

ငြိမ်းချမ်းတဲ့ မွေးနေ့တွေ အများကြီးပိုင်ဆိုင်နိုင်ပါစေမမေရေ.. ဘလော့တွေလဲ မလည်ဖြစ်တာ ကြာသွားလို့ မတွေ့တာလဲကြာနေပြီ။ ရန်ကုန်မှာလဲ မတွေ့ဖြစ်ခဲ့ဘူး။ မမေနဲ့ ရက်ပိုင်းပဲကွာပြီး နှစ်တွေ လတွေ အတူတူစီးဆင်းခဲ့ကြတဲ့ မြစ်တစင်းမှန်း အခုမှသိရတယ်။ ဆက်လက်စီးဆင်းကြအုန်းစို့နော်...း)

mstint said...

ပျော်ရွှင်ဖွယ် မွေးနေ့မင်္ဂလာရက်မြတ်လေးပါ မမေရေ။
ဖေ့ဘုတ်မှာ May Nandar ဆိုတာ မမေလား? တီတင့်ထဲမှာ မရှိသေးဘူး မနေ့က ညီမရွှေစင် နှုတ်ဆက်တာမြင်လို့ မေးချင်နေတား)။
ရန်ကုန်မှာပဲရှိသေးလား?
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မောင်မျိုး said...

ငြိမ့်ညောင်းစွာ စီးဆင်းနေပါစေ နေ့ရက်စဉ်တိုင်းပေါ့...။

Sonata Cantata said...

စီးဆင်းခြင်း=ရှင်သန်ခြင်း
လိုအင်ဆန္ဒပြည့်ဝနိုင်ပါစေ

San San Htun said...

မွေးနေ့ မှသည် ကျန်းမာပျော်ရွှင်စွာနဲ့  စာတွေအများကြီးရေးပြီး စီးဆင်းနိုင်ပါစေ..ကဗျာလေးရော၊ ဓာတ်ပုံလေးရော ကြိုက်တယ်..

lwannaung said...

မြစ်............စီးဆင်းဆဲ...............

lwannaung said...

မြစ်.....စီးဆင်းဆဲ..............။ဆက်လက်စီးဆင်းနိုင်ပါစေဗျာ။

ကိုအောင် said...

ဝမ်ဆွေ့ဝမ်ဆွေ့ ၀မ် ... ၀မ် ... ဆွေ့
... သက်တော် ရာကျော် ရှည်ပါစေ ...း)

ညိမ်းနိုင် said...

မွေးနေ့မှာ ပျော်၇ွင်ပါစေမမေ.....၊နောက်ကျပေမယ့်
အပေါက်ဝကတော့ လှည့်မပြန်ရပါဘူး...ဟုတ်....:)))

Anonymous said...

အသက် ၄၀ မှ ဘ၀ စတယ်လို့ အများစု ပြောကြတဲ့ မြန်မာစကား ရှိပါတယ်။ ဘာကိုဆိုလိုတာလဲလို့ အသက် ၄၀ ရောက်တဲ့ အကိုကြီး တစ်ယောက်ကို မေးဘူးတယ်။ အကိုကြီးက အသက် ၄၀ ရောက်တော့ လောကဓံလေးတွေကလဲ စုံလာတယ်၊ သည်းခံသင့်တာကို သည်းခံတက်လာတယ်။ နားလည်း ပေးသင့်တာကို နားလည်ပေးတက်လာတယ်။ ခွင့်လွတ်သင့်တာကို ခွင့်လွတ်တက်လာတယ်။ တိုတိုပြောရလျှင် လောကဓံ အဝှေ့ ခံနိုင်လာပြီး ငြိမ်းချမ်းစွာ နေတက်လာတာ ကိုပြောတာ ဖြစ်မယ်လို့ အဲဒီ အကိုကြီးက ပြောဘူးတယ်။ မ မေဆီက "ခုတော့ ကိုယ်ရေးတဲ့ အမှန်တရားဟာ သူတဖက်သားအတွက် ထိခိုက်ရင်... ဆိုတာမျိုး တွေးနေမိပြီး၊ ....." ဆိုတဲ့ စာလေး ဖတ်ရတော့ စိတ်ထဲ တော်တော် အေးချမ်းမှု့ဖြစ်မိပါတယ်။ မ-မေ ၄၁ မွေးနေ့မှာ ပိုချမ်းပါစေ... (မောင်ကြီး)

အိမ့်ချမ်းမြေ့ said...

မမေ...

မွေးနေ့တွေများကြီးကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ...

ချစ်တဲ့

မလေး