Sunday, September 09, 2007

စာဖတ်သူများသို့ တောင်းပန်ခြင်း

မနေ့က ကျမဘလော့ရဲ့ တမ်းပလိတ်တွေကို ဟိုဟိုဒီဒီ လျှောက်လုပ်ရင်း ဘလော့က ဘာဖြစ်သွားမှန်း မသိပါဘူး။ အယ်ရာတွေတက်ကုန်ပါတော့တယ်။ ဒါနဲ့ပဲ တင်မယ့်စာလည်း မတင်ဖြစ်တော့ဘဲ ဘလော့ကို ခဏပိတ်ထားပြီး ဟိုလူ ဒီလူ မေးမြန်းပြီး ပြန်လုပ်ခဲ့ရတယ်။ ကံကောင်းချင်တော့ တမ်းပလိတ်ထဲက ကုတ်ဒင်းတွေကို သိမ်းထားတဲ့ ဖိုင်အဟောင်းလေး ပြန်တွေ့တာနဲ့ အဆင်ပြေ သွားပါတယ်။ နောက်ကို ကိုယ်မတတ်တာ လျှောက်မလုပ်တော့ဘူးလို့လည်း သင်ခန်းစာရသွားတယ်။

ကျမဘလော့ဟာ စာဖတ်သူတွေကို စိစစ် ကန့်သတ်ထားခြင်းမရှိပါဘူး။ ကျမဘလော့ကို မည်သူမဆို ၀င်ရောက်ဖတ်ရှုလို့ရပါတယ်။ အခိုက်အတန့်လေး ခဏပိတ်ထားလိုက်ရတာကိုလည်း စိတ်မကောင်းပါဘူးရှင်။ ကျမဆီ တိုက်ရိုက် မေးလ်ပို့သူ တဆင့်မေးမြန်းသူ … မမေးမြန်းသော်လည်း စောင့်မျှော်ဖတ်ရှုကြသူ အားလုံးကို ကျေးဇူးတင်ပါကြောင်း … ။

မေဓာဝီ
၀၉.၀၉.၂၀၀၇
နံနက် ၁၀ နာရီ ၄၅ မိနစ်

15 comments:

Anonymous said...

ဒေါ်မေဓါဝီ-
ကြောက်နေပြီလားဗျာ၊ လုပ်တုံးကတော့လုပ်ချင်တာတွေလုပ်ခဲ့ပီး။ အခုမှသိတ်ကြောက်သွားပလား၊ ခင်ဗျားတို့ဘလော့ဂါတွေဟာဒီလိုပဲ လူကြောက်တွေလား၊ ဒီလောက်ကောင်းတဲ့။ ပြညသူကိုသားသမီးလိုအုပ်ချုပ်တဲ့အစိုးရကိုများခင်ဗျားတို့ကဝေဖန်ပြစ်တင်ချင်သေးတယ်နော်၊ ခင်ဗျားတို့လုပ်ရပ်က ကိုယ့်မိဘကိုကိုယ်ပြန်ဆဲနေတာနဲ့တူနေတယ်သိရဲ့လားဟင်၊ အခုတော့ခင်ဗျားအတွက်နေရာရှားသွားပီ၊ ရန်ကုန်မြို့ကြီးကကျဉ်းကျဉ်းလေးပါ၊ နေရာတိုင်းမှာကျနော်တို့လူတွေရှိတယ်၊ ခင်ဗျားလုပ်ခဲ့တာတွေအတွက် အမှန်တရားနဲ့ရင်ဆိုင်ဖို့ခင်ဗျားပြင်ဆင်ထားပါ၊ မကြာခင်ကျနော်တို့လာခဲ့မယ်၊

Anonymous said...

ဒေါ်မေဓါဝီ-
ကြောက်နေပြီလားဗျာ၊ လုပ်တုံးကတော့လုပ်ချင်တာတွေလုပ်ခဲ့ပီး။ အခုမှသိတ်ကြောက်သွားပလား၊ ခင်ဗျားတို့ဘလော့ဂါတွေဟာဒီလိုပဲ လူကြောက်တွေလား၊ ဒီလောက်ကောင်းတဲ့။ ပြညသူကိုသားသမီးလိုအုပ်ချုပ်တဲ့အစိုးရကိုများခင်ဗျားတို့ကဝေဖန်ပြစ်တင်ချင်သေးတယ်နော်၊ ခင်ဗျားတို့လုပ်ရပ်က ကိုယ့်မိဘကိုကိုယ်ပြန်ဆဲနေတာနဲ့တူနေတယ်သိရဲ့လားဟင်၊ အခုတော့ခင်ဗျားအတွက်နေရာရှားသွားပီ၊ ရန်ကုန်မြို့ကြီးကကျဉ်းကျဉ်းလေးပါ၊ နေရာတိုင်းမှာကျနော်တို့လူတွေရှိတယ်၊ ခင်ဗျားလုပ်ခဲ့တာတွေအတွက် အမှန်တရားနဲ့ရင်ဆိုင်ဖို့ခင်ဗျားပြင်ဆင်ထားပါ၊ မကြာခင်ကျနော်တို့လာခဲ့မယ်၊

Anonymous said...

ဟဟ
မမေဓါဝီရေ
သူတို့လာခဲ့မယ်တဲ့။ အိမ်မှာရှိတဲ့ အ၀တ်ညစ်တွေစုထား။ ဒီကောင်တွေလာရင် လျှော်ခိုင်းရအောင်။ မင်းတို့မလာခင် မင်းတို့အိမ်တွေကို ဘုန်းဘုန်းတွေရောက်မလာအောင် သတိထား။

Hteink Min said...

သိပါဘူး။ မမေ template under construction ဆိုလို့ ဒီဇိုင်းအသစ်တွေနဲ့များ ထွက်လာမလားလို့ စောင့်နေတာ.. ဒီပုံကြီးပဲ ပြန်ထွက်လာတယ်။ မမေရေ လူတွေကို ဖြဲခြောက်နေတဲ့ လူတွေရှိတယ်ဗျ.. ကျွန်တော်တို့ကို ကြောက်မယ်များထင်နေလား မသိ။ ဟားဟား .. ဟုတ် တယ် ဟုတ်တယ်.. အနိုးနီးမတ်စ် ရဲ့ အဖေ ပြောသွားတာမှန်လိုက်တာဗျာ.. လျှော်စရာ အ၀တ်တွေ အ၀တ်လျှော်စက်ထဲ ထည့်မလျှော်နဲ့ မီတာကုန်တယ်။ ပြညသူကိုသားသမီးလိုအုပ်ချုပ်တဲ့အစိုးရကိုလို ပြောပြီး စစ်အစိုးရကို အဖေလို့ သက်မှတ်ထားတဲ့ ကောင်တွေကို ၊ သူတို့ အဖေတွေ ပြောတဲ့ အတိုင်း မီးချောင်း ချွေတာရေးလုပ်ရအောင်၊ သူတို့ကို ပဲ လျှော်ခိုင်းလိုက်တော့ ။ အဖေလို့ သက်မှတ်ထားတဲ့ ကောင်တွေ ၊ မင်းတို့ အဖေပြောတဲ့ အတိုင်း လျှော်စမ်း ဆိုပြီးတော့ .. မမေဆီကို လာတော့ မယ်တဲ့ .. တော်တော်နောက်တဲ့ ကောင်တွေပဲ .. ရယ်နေရတယ်.. တကယ်ရယ်စရာပြောတဲ့ ကောင်တွေပဲ...

ဝေနှင်းချယ်ရီ said...

နအဖကိုအဖေလို့ထင်တဲ့လူဟာလူမိုက်တေဘဖြစ်၇မယ်

Anonymous said...

ma may,
good to have access with your blog pages again.
yesterday, i was thinking to contact Klo Say Htoo. i thought that i need to get your premission to enter your blog.
(it's a good idea to limit the readers. then, spdc sympathizers can't visit your blog and drop the ugly words in the comment box.)

Anonymous said...

ပထွေးကို အဖေယုံမှတ်လို့
အမေပုံအပ်တဲ့ နှမအလှူရှင်တွေ။ ။
အရက်ဝယ် ကြက်ဖမ်း အဆင့်နဲ့
တက်လမ်း မရှိတဲ့ မျိုးမစစ်တတွေ။ ။
အတွေးအခေါ်မလှ
ပထွေးဆော်သမျှ ကုန်းရုန်းခံနေ
မျိုးတုံးရန်မှ တပါးမရှိ။ ။
မရမနေ…
နှမ..အမေ အလှူပေးပုံဟာဖြင့်
ဘူဖေးရုံလို ကြိုက်ရာစားပါတဲ့
လိုက်ကာကြားက အရက်ဖိုးမျှော်ကာ
ဆက်တိုးစရာ ရာထူးမကျတော့
နှာဘူးဘ၀နဲ့ နှောက်ယှက်လာတယ်
သောက်ရှက်မရှိ။ ။

Anonymous said...

It is nice to read your blog again, Ma May. I am waiting for the precious posts which teach me Myanmar Literature. :D

pandora said...

အသံတွေ ဆူညံနေပါလား။
မမေရေ.. ကိုယ့်တရား ကိုယ်စီရင်ကြပါလိမ့်မယ်။
မမေရေးသည့် မြန်မာစာပေ များကို အစဉ် စောင့်ဖတ်လျှက်...
ငြိမ်းချမ်းကြပါစေ။

Anonymous said...

မမေဓာဝီ
ဒီဇိုင်းက လှပြီးသားပါ။ မပြင်ပါနဲ့။ တော်သေးတာပေါ့ ကုတ်ဒင်းတွေ သိမ်းထားတာ ရှိလို့။ သို့ပေမဲ့ ခွေးစုတ်ဖွားပုံလေးတော့ ပျောက်သွားပြီနော။
အေကေ

Anonymous said...

တစ်နေ့က အစ်မ ဘလော့ဂ် ကို ၀င်လို့မရတော့လို့ အစ်မ ညစ်ပတ်ရိုင်းစိုင်းတဲ့ ကွန်မင့်တွေကြောင့် ဘလော့ဂ် ပိတ်ပစ်လိုက်ပြီမှတ်နေတာ။ ကိုစေးထူးဆီတောင် အီးမေးပို့ပြီးမေးသေးတယ်။ အမြဲဖတ်ရှုလျှက်ပါ အစ်မ။
ရိုင်းစိုင်းတဲ့ကောင်တွေရေးသွားတဲ့ ကွန်မင့်တွေကတော့ သိပ်ရွံစရာကောင်းတာပဲ။

Anonymous said...

အစိုး၇ကို တစိခါဆဲ၇င် ပိုက်ဆံဘယ်လောက်၇ကြလဲ???
ဒီလို၇တယ်ဆို၇င်တော့ကူဆဲပေးမယ်လေ။
ဒီတိုင်းထိုင်ဆဲနေကြတာဆို၇င်တော့အတော်ကို ရီ၇တဲ့ လူတွေလို့ သာပြောချင်တယ်။ တိုင်းပြည်ကိုချစ်လို့ ဆို၇င်
ဒီနည်းလမ်းကတော့မထိေ၇ာက်ကြောင်းပါခင်ဗျား

Anonymous said...

မမေတော့ အိပ်ေ၇းပျက်တော့မယ်။ အိမ်ေ၇ှ့ မှာ ကား၇ပ်သံကြားတိုင်း ငါ့ကိုများလာခေါ်နေပြီလားဆိုပြီးတော့လေ .... အိပ်ေ၇း၀၀အိပ်ထားနော်၊ အတွေ့ အကြုံ၇အောင်လို့ 
နေလင်းေ၇းတဲ့လူ၇ှင်သချိုင်းလည်းဖတ်ထားအုံး ..မေးတာတွေဖြေတတ်အောင်လို့ ... ဘာမှမပူနဲ့ ထောင်ဝင်စာလာတွေ့ မယ်၊

Anonymous said...

လက်စသတ်တော့ cross eye က ကြေးစားပဲ။ ပိုက်ဆံရရင် ကိုယ့်မိဘတောင် ပြန်ဆဲဖို့ ၀န်မလေးတဲ့ သားဆိုးသားမိုက်ပါလား ... သနားဖို့ကောင်းလိုက်တာ။
ကျွတ်--ကျွတ်--ကျွတ်
အ၀ီစိမှာ ဂျိုးကပ်အုံးမယ်။ ခုထဲက ကိုယ့်ကိုယ်ကို သရဏဂုံတင်ထားအုံး။ သရဏဂုံတင်ပေးမယ့် ဘုန်းကြီးကတော့ ရှိမှာမဟုတ်ဘူး။

Anonymous said...

ကိုယ့်အမြင်ကိုလွတ်လပ်စွာထုတ်ဖော်ရေးသားသူ တစ်ယောက်ကို ဒီိလိုပဲ ဖမ်းချင်တိုင်းဖမ်းလို့ရသလားဗျာ ...။
ဒီမေးခွန်းကိုအရင်ဖြေပါ ... ပြီးမှ ကျွန်တော်ဆက်မေးပါ့မယ်။