Thursday, September 06, 2007

ကဗျာဟောင်းကလေးတပုဒ်

ကျမရဲ့ကဗျာလေးတွေ စုစည်းပြီး ရေးထားတဲ့ စာအုပ်ဟောင်းလေးတအုပ်ကို ဒီကနေ့ ပြန်ဖတ်မိပါတယ်။ ဒီထဲက တချို့ကဗျာ တော်တော်များများကတော့ ဘလော့မှာ ဖော်ပြခဲ့ပြီးသားပါပဲ။ ဘလော့ပေါ် မတင်ရသေးဘဲ ကျန်ကောင်း ကျန်ရာ ကဗျာလေးတွေထဲက တပုဒ်ကို ဒီနေ့ တင်မယ့် ပို့စ်အဖြစ် ရွေးခဲ့လိုက် ပါတယ်။ စာအသစ်ရေးဖို့ရာ အချိန်မရတာကြောင့် ဒီကဗျာဟောင်းလေးသာ တင်လိုက်ရတာပါ။ ငယ်ငယ်တုန်းက ကဗျာလေးမို့ တစုံတရာ အားနည်းချက် ချွတ်ယွင်းချက်တွေ ရှိကောင်းရှိမှာပါပဲ။ ခုချိန်မှာ ပြန်ဖတ်ပြီး ပြင်ချင်တဲ့ စာလုံး တွေ အသုံးအနှုန်းတွေ ရှိနေပေမဲ့ မပြင်ဘဲ သူ့အတိုင်းသာ တင်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် အမှတ်တရအနေနဲ့ပေါ့ … ။
***

လမ်းသစ်

ငါ့ရဲ့ …
ချစ်တဲ့သူအားလုံးကို
မခွဲခွါလိုလဲ
ခေတ္တခွဲပြီး
သည်ခရီးကို လာခဲ့တယ်။

တကယ်ပါ …
ငါဟာ …
ကန္တာရခရီး၊ နီးနီးဝေးဝေး
အေးအေးပူပူ၊ ဖုန်ထူညစ်ညမ်း
ခရီးကြမ်းလဲ၊ မပန်းဘူးလို့ ထင်မိတယ်။

ဒါပေမဲ့ …
ခရီးဆုံးနောက်၊ လမ်းမပေါက်တော့
အခက်ရောက်ကာ
နောက်ပြန်ဆုတ်ဖို့ စဉ်းစားတယ်။

အို …
ငါဟာ လူသား …
လူ့စွမ်းအားသိ၊ သတ္တိရှိတယ်
ဘယ်ကိုရောက်ရောက်၊ မကြောက်မရွံ့
နောက်မတွန့်ဘဲ၊ ခက်ခဲသည်လမ်း
ကြမ်းတမ်းသည့်နောက်၊ လမ်းမပေါက်လဲ
လမ်းဖောက်ရန်တွက်၊ အသက်သေသေ
အရေခန်းခန်း၊ ပင်ပန်းလည်းခံ
အားမာန်မလျှော့၊ ခေါင်းမော့ပြီးလျှင်
ငါထွင်သည့်လမ်း၊ ငါမလှမ်းတောင်
နောင်လာနောက်သား၊ လူအများတို့
ပျော်ပါးဖွင့်လှစ်၊ ငါ့လမ်းသစ်အား
လျှောက်သွားနိုင်ကြပါစေသား … ။ … ။

………………………………………………. (14th June, 1991)
***
မေဓာဝီ

22 comments:

ကလိုစေးထူး said...

ရေးလက်စစာကို ခဏရပ်ပြီး ဒီကဗျာအတွက် ကွန်မန့် ရေးလိုက်ပါမယ် မမေ…။ ၁၉၉၁ ခုနှစ်က ရေးခဲ့တဲ့ ကဗျာလေးက အဲဒီတုန်းက အသက်အရွယ်နဲ့စာရင် အတော် လူကြီးဆန်တာပဲလို့ ပြောရမယ်။ အခုရော…။ မမေ လမ်းလျှောက်နေတယ်။ ခရီးတော့ ကြမ်းချင်ကြမ်းမှာပေါ့။ ကျနော် ရေးခဲ့ဖူးသလို ခလုတ်တွေလည်း ရှိနိုင်တာပဲ။ ဒါပေမယ့် အဲဒီ ခရီးကြမ်းတွေ၊ ခလုတ်တွေဟာ ပန်းတိုင်ကို ရောက်ဖို့အတွက် `အား´ တွေ ဖြစ်ပါစေ။ ပန်းတိုင်ကို မရောက်အောင် တားတဲ့ အရာတွေ မဖြစ်ပါစေနဲ့။ ဘ၀ဆိုတာ တခါတလေတော့လဲ ခလုတ်တွေ ဆူးတွေ ပြည့်နေတဲ့ လမ်းကြမ်းတခုကို လျှောက်ရသလိုပါပဲ။ ပျော်ရွှင် စိတ်ကြည်လင်ပြီး စာကောင်းတွေ များစွာ ဆက်လက် ရေးနိုင်ပါစေ မမေ။

nyohtetnyo said...

Dear Ma Maydarwii,

Your blog is the best blog I've ever read.As soon as I read your blog 2 months ago,I pretty realize that you are really good in writing and you also master in reading.For me,I love reading very much since my childhood and I really want to borrow the books you have if I have a chance.I have to leave my diary (my own poems and the poems I like) at my home(now I am in newzealand) so I have to write down the poems I can memorize again here.Last month,I read 'Shin ma har ya hta tha ratu' at your post and I am really glad to read it.This is one of the poem I like best in my life and now,I can copy it to my book again.And I would like to request you to mention Mg Chaw Nwe's poem 'Yaw gar thee chain di yay myar' if you have.I think this poem is published in magazine (may be mahaythi or yokeshinthaykabyar) 3 or 4 yrs ago ( i think one yr b4 he passed away ).Thankx alot for your marvelous posts and plz carry on......Your posts are really nutritious for me and I will always appreciate it...best regards,Zarniko

လော်စပီကာ said...

nice poem!!!!

Anonymous said...

ဝိုင်းဆဲကြ၇င်လည်းခံပါမည်ဟုကြိုတင်အသိပေးအပ်ပါသည်၊
၁၆နှစ်သမီးစာအုပ်သည် အလွန်သစ်နေသည်ဟုခံစား၇ပါသည်။ ကဗျာလေးကတော့အလွန်ကောင်းပါသည်။

Anonymous said...

Nice Poem!!!
Thanks , Ma May.
Cheers!

Anonymous said...

အော် မမေ မမေ ... ပညာလေးကတော့ သင်းပါပေတယ် ။ အမည်မသိသူ က စာအုပ်ထဲကစာတွေ
ကူးေ၇းပြီးတော့ လူတတ်ကြီးလုပ်နေတယ်ဆိုတဲ့စွပ်စွဲချက်
ကို ဒီကဗျာလေးနဲ့ သက်သေထူတာပေါ့ လေ၊ လွန်ခဲ့တဲ့
နှစ်ပေါင်းများစွာကပါဆိုတာတောင် စာအုပ်လေးက သက်သေပါလိုက်သေး။ တော်ပါပေတယ် မမေ၇ယ်။
ပညာရှိ အမျက်အပြင်မထွက်ပေါ့လေ....
၁၉၉၁ မှာ မမေအသက်ဘယ်လောက်၇ှိနေပြီလဲဟင်?????

Anonymous said...

ပင့်ပြီးမှ၇ိုက်ချတယ်ဆိုသလိုဖြစ်နေပြီ... အဟုတ်မှတ်လို့  ဖတ်နေတာ ဒီလူကလည်းတမျိုး ...

လော်စပီကာ said...

သွားမဖတ်ကြမှာစိုးလို့ ကူးလာပေးတယ်philtreေ၇ ... ပြီး၇င်တော့လည်း ထပ်ဆဲအုံးပေါ့  ။ ခွေးနဲ့ နှိုင်းတာရိုးနေပြီမို့  နောက်တမျိုးလေးပြောင်းဆဲပါ အုံး...

ခေတ်ပြိုင် သတင်းများ သေချာစုံစမ်းပြီး တင်သင့်

သာကီနွယ်၊ ၅ -၉-၀၇။

သံလွင်မြစ်ကြီးအား အမှီပြုပြီး ဟတ်ကြီးရေကာတာ တည်ဆောင်ရေးလုပ်ငန်းတွင် မြန်မာအင်ဂျင်နီယာများနှင့် ထိုင်းနိုင်ငံမှ အင်ဂျင်နီယာများ ပူးပေါင်းပြီး နိုင်ငံတော် မှ ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းအား လုပ်ဆောင်လျှက်ရှိနေပါသည်။ အဆိုပါရေအား လျှပ်စစ် ထုတ်လုပ်ရန်ဆောင်ရွက်နေသော ဟတ်ကြီး စီမံကိန်းသည် ကရင်ပြည်နယ် ဖာပွန် မြို့နယ်အတွင်း တည်ရှိပါသည်။ မြန်မာနိုင်ငံ ၏ ရေ အရင်းအမြစ်သည် အလွန်ဧရိယာကျယ်ဝန်းသော အိန္ဒိယနိုင်ငံ ထက် ပိုမို ကြောင်း ဖတ်ဘူး၊ မှတ်ဘူးပါသည်။သို့ဖြစ်ပါသော်ကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်တွင်း လျှပ်စစ်ဓါတ်အား ဖူလုံရေး၊ ပြည်ပ၀င်ငွေများရရှိရေးအတွက် ကြိုးစားဆောင်ရွက်နေပါသည်။

ဟတ်ကြီးဒေသတွင် နေထိုင်သော တိုင်းရင်းသားများအား အကြောင်းပြုပြီး လူမျိုးရေးအမြင်ကျဉ်းမြောင်းသော KNU မှ အုဆိုပါ ရေကာတာတည်ဆောက်ရေးလုပ်ငန်းသည် ဒေသခံပြည်သူများ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ထိခိုက်စေ သည်ဆိုပြီး ကန့်ကွက်နေခြင်းများ ထိုင်းအင်ဂျင်နီယာများ လာရောက်ခြင်းမရှိစေရန်ချိန်းခြောက်များ အား နည်းမျိုးစုံဖြင့် ဆောင်ရွက်နေပါသည်။

ယခုရက်ပိုင်းအတွင်း ထိုင်းအင်ဂျင်နီယာ တစ်ဦး ဗုံးထိမှန်သေဆုံးကြောင်း ခေတ်ပြိုင် Web Page တွင်ဖတ်လိုက်ရပါသည်။

အမှန်မှာ လက်ပစ်ဗုံး ကဲ့သို့ ဗုံးမျိုးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်းကြောင့် သေဆုံးရသည်မဟုတ်ပါ။ အဆိုပါ ဒေသတွင် လူလုပ်မိုင်းများအား KNU မှ လက်လွှတ်စပယ်ထောင်ထားခြင်းများကြောင့် ထိုင်းအင်ဂျင်နီယာနင်းမိပြီး သွေးလွန် သေဆုံးသွားခြင်း ဖြစ်ပါသည်။

လူလုပ်မိုင်းများထဲတွင် ၆၀ သီးဖြင့်ထောင်ပါက ခြေထောက် တစ်ချောင်း မပြောနှင့် သုံးချောင်းလုံး ပြတ်သတ်ထွက်ပြီး သေဆုံးနိုင်ပါသည်။ရိုးရိုးနင်းမိုင်း အသေးစားများဖြစ်သည့် ဦးချိန်တီ ပုလင်းမိုင်း ၊၀ါးညှပ်မိုင်းများသည် ဓါတ်ခဲအား နည်းနေပါက ခြေဖ၀ါး အယားပြေရုံသာရှိပါသည်။ ဒီလိုမိုင်းမျိုးအား ထောင်ရာတွင်အန္တရာယ်များလွန်းခြင်း၊ တိုလီမုတ်စ များခြင်းကြောင့် တပ်မတော်မှ အပင်းပန်းခံပြီး မလုပ်ပါ ၊

KNU တပ်ဖွဲ့ဝင်များအနေဖြင့် မိုင်းထောင်ရာ တွင် မိုင်းကွင်းပုံစံမရှိခြင်း၊လက်သင့်ရာ နေရာများတွင် ထောင်ခြင်း(ဥပမာ -တညင်းပင်အောက်၊ ဒူးရင်းပင်အောက် ၊ ချောင်းကမ်းနား ၊ရေဆိပ်များ စသည့်နေရာများတွင် အထောင်များပါသည်။ ခွေးချီးပါသလို ထောင်ထားတော့ မြန်မာ့ ရေကြော၊မြေကြော မသိတဲ့ ထိုင်းနိုင်ငံသားအတွက် ဒုက္ခ ရောက်သွားတာ သနားစရာ ကောင်းပါတယ်။

ဒီလိုသတင်းမျိုးကို ဂဃနဏ စုံစမ်းခြင်းမရှိဘဲ သတင်းဖြစ်ရင်ပြီးရော ရမ်းတုတ်မှန်းတုတ် ရေးသားထုတ်လွှင့်သွားသော ခေတ်ပြိုင် Web Page အနေဖြင့် ဆင်ခြင်သင့်ပါကြောင်း နှင့် သာကီနွယ် အနေဖြင့် သတင်းမှားများ ထုတ်လွှင့်နေသာ အသံလွှင်ဌာနများ နှင့် အင်တာနက် Web Page များအား သတင်းမှန် ၊ ဖြစ်ရပ်မှန်များ ဖြင့် ဆက်လက် တုံပြန် သွားမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

Anonymous said...

လင်ကရေး… မယားကထောက်ခံ…
ကောင်းလိုက်တဲ့အကြံ…
ထောက်ခံမဲ့ ပရိတ်သတ်မရှိ…
သနားပါဘိ…
ဘလော့တကာ လှည့်ကြေညာ…
မယားဝတ် ကျေပွန်စွာ…
ကျက်သရေယုတ်တဲ့ လုပ်သတင်း…
အများတကာက ငြင်း…
အလုပ်မရှိ ဟိုဥ သန်းရှာ…
မလုပ်ကြပါနဲ့ကွာ…
အားနေရင် အခန်းမှာအောင်း…
မျိုးဆက်သစ်တွေ ထုတ်စေကြောင်း…
ဖြောင်း… ဖြောင်း… ဖြောင်း… ဖြောင်း…

Anonymous said...

Philtre,
Don't use nonsense and rude words.It is not suitable for Ma May's blog.If you want,go away from this blog.

လော်စပီကာ said...

သတင်းမှားများကြောင့် ပြည်ပရောက် ရွှေမြန်မာများ နားမ၀င်ရန်လိုအပ် ။

သာကီနွယ်။

၆-၉-၀၇ ( ၁၈၄၅)နာရီ ။

ယနေ့ ဖြစ်ပွားခဲ့သော ပခုက္ကူ မြို့ သတင်းများအား ရေးသားဖေါ်ပြရာတွင် သတင်းဦး သတင်းထူးရင်ပြီးရော ၊ အင်တာနက် ကို အလျှံပယ် စိတ်ကြိုက်သုံးစွဲနိုင်သော ပြည်ပရောက်ရွှေမြန်မာများမှ ပြည်တွင်းရှိ မိသားစုဝင်များအား စိတ်ပူပန်မှုရှိစေရန် ရည်ရွယ်ချက်ဖြင့် အထိန်းအကွပ်မရှိ ရေးသားထားသော အင်တာနက် Web Page တစ်ခုကို ဖေါ်ပြရပါက ရိုးမ ၃ အပါအ၀င် Web Page များပင်ဖြစ်ပေသည်။

ပခုက္ကူ တွင် သံဃာအင်အားမှာ ၂၀၀ ၀န်းကျင်ရှိပြီး ရပ်ကြည့် ပရိသတ်မှာ ၁၅၀ ခန့်သာရှိပါသည်။

နိုင်ငံရေး အသွေးအရောင်မပါ ၊ထင်ရာမြင်ရာ အော်ဟစ်နေသော သံဃာ အတုအယောင်များနှင့် လမ်းသွားလမ်းလာ ရပ်ကြည့် အဖွဲ့များသာရှိပါသည်။ဖေါ်ပြပါ ရိုးမ စာမျက်နှာအရ ဆိုပါက အင်အား ၁၀၀၀၀ ဆိုပါက ယခု စာရေးသားချိန်ထိ မငြိမ်းနိုင်သော မီးများဖြင့် ဆူပူမှုများဖြစ်မည့်မှာ ဧကန်မလွဲပါ။

မြန်မာ-စင်္ကာပူ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အပြီး မြန်မာမှ စင်္ကာပူ အမျိုးသမီးဘောလုံးအသင်းအား ဂိုး အပြတ်ဖြင့် အနိုင်ရရှိချိန်တွင် သံဃာအတုအယောင်များ၏ အောဟစ်ဆူပူမှုများ ငြိမ်သက်သွားပါပြီး။ မနက် အာရုံရောက်ပါက စာသင်သားသံဃာတော်များမှ အေးချမ်းငြိမ်သက်စွာဝါ တွင်းကာလ ဆွမ်းခံကြွချီမှာဖြစ်ပါတယ်။

ယနေ့ခေတ်သည် နည်းပညာ ခေတ်ဖြစ်သည့်အညီ မိမိတိုင်းပြည်တည်ငြိမ်အေးချမ်းမှုများအာ မလိုလား ပြည်ပရောက် ဆန့်ကျင်ဖက် အဖွဲ့အစည်းဝင် မြန်မာများမှ (၈၈)လမ်းစဉ်အတိုင်း BBC အပါအ၀င် အသံလွှင်ဌာနများနှင့် အင်တာနက် စာမျက်နှာများမှ ပြည်တွင်းရေး ထိုးနှက်မှုများအား အမျိုးမျိုးဆောင်ရွက်ပြီး တိုင်းပြည်သိက္ခာချနေသည်မှာ အလွန်ပင်ရှက်ဖွယ် လိလိဖြစ်ပါသည်။
AddThis Social Bookmark Button

Posted by TharKiNwe at 5:54 AM 0 comments

ပခုက္ကူမှ သံဃာအရေခြုံများမှ ပဉ္စ နန္တိယကံ ကျူးလွန်းခြင်းကြောင့် ဆိုးကျိုးများ ။

သာကီနွယ်။

၆-၉-၀၇။

ပခုက္ကူမြို့နယ် အတွင်းယခုရက်ပိုင်းများတွင် ဖြစ်ပွားနေသော သံဃာထုဆူပူများအား ပြန်ကြည့်ပါက တစ်စုံတစ်ခုသော သွေးထိုးမြှောက်ပင့်မှုများကြောင့် ပြည်သူလူုထုအတွင်း အထိတ်တလန့်ဖြစ်စေခဲ့ပါသည်။ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုများနှင့် ၀ါတွင်းကာလ အတွင်း ပရိယာတ်၊ ပရိပါတ် စာပေများအား လေ့လာလိုက်စားနေသော သံဃာတော် များ။ထေကြီး ၀ါကြီး ဆရာတော်ဘုရားများအနေဖြင့် ငါးခုံမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုတ်ဆိုသကဲ့သို့ လူထုမှ အကြည်ညိုပျက်စေရန် လုပ်ဆောင်နေသော သံဃာ အတုအယောင်များကြောင့် စိတ်သောကများ ဖြစ်စေပါသည်။

ပခုက္ကူမြို့နယ်အတွင်း ဖြစ်စဉ်များအား ပြန်ကြည့်ပါက သံဃာများ အနေဖြင့် လောင်စာဆီဈေးနှုန်း တက်မှုကို အကြောင်းပြခြင်း မရှိခြင်း၊ အခြေခံကုန်ဈေးနှုန်းများ မြင့်တက်မှုအား အကြောင်းမပြခြင်း၊ ဒေါ်စုကြည်နှင့် ဦးတင်ဦး အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို အကြောင်းမပြခြင်း စသည့် အချက်များကို အော်ဟစ် ဆူပူခြင်း မရှိဘဲ ဘာအကြောင်းပြချက်မှ မရှိဘဲ ဝေလေလေ အော်ဟစ်ခြင်းများသာရှိခဲ့ပါသည် ။တာဝန်ရှိသူများအနေဖြင့် ဗုဒ္ဒဘာသာမြန်မာလူမျိုးများ ပီပီ ဆရာတော်ကြီးများထံ သွားရောက်ဂါရ၀ပြု လျှောက်ထားခြင်းများကိုငြိမ်းချမ်း စွာ နေထိုင်လိုမှုများအား မလိုလားသော သံဃာများမှ မိမိကျောင်းအ၀န်းအ၀ိုင်းထဲ ၀င်ရောက်လာသော တိုင်းသံဃာ အဖွဲ့အစည်းမှ တာဝန်ရှိသူ များအား သံဃာ့ဝိနည်း သိက္ခာများ နှင့် ညီညွတ်ခြင်းမရှိဘဲ လမ်းဘေး ဂလေဂချေများဆန်ဆန်

သင်္ဃန်းဝတ်ထားခြင်းကိုပင် ဂရုမပြုဘဲ ရိုက်နှက်ခြင်း စီးနင်းလာသော မော်တော်ယာဉ်များအား မီးရှိုးဖျက်ဆီးခြင်းများ ဆောင်ရွက်သွားသည်မှာ ကမ္ဘာ အလယ်တွင် ဗုဒ္ဒဘာသာ အား ဂုဏ်သရေ ညိုးနွမ်းစေခဲ့ပါသည်။

ဖြစ်စဉ်များအား ပြန်ကြည့်ပါက သံဃာ အင်အားမှာ ရာဂဏန်းမျှသာရှိပြီး ခွေးနှစ်ကောင် ကိုက်လည်း ၀ိုင်းကြည့် တက်သော ကျနော်တို့ မြန်မာလူမျိုးများ ဓလေ့စရိုက်များအတိုင်း ၀ိုင်းကြည့်နေသော ပရိသတ်မှာ ၁၅၀ ခန့်ရှိပါသည်။ ဒီလို ၀ိုင်းကြည့်ခြင်း ခံရတာကိုဘဲ ဟီးရိုးလုပ်ချင်သော သံဃာ အရေခြုံများမှ ပိုမိုလွန်ကဲစွာ လောက်လေးခွများ၊ တုတ်များကိုင်ဆောင်ပြီး ရန်မူနေသည့် မှာ အလွန်ပင်ရှက်ဖွယ်လိလိ ဖြစ်ချေပါသည်။ ပတ်စာခွာ ဖျာသိမ်း မှောင်ရီပြိုးချိန် ရောက်တော့လည်း အလိုလိုလူစုကွဲသွားပြီး လူအုပ်စုမရှိချိန်တွင် ကျောင်းဝန်းအတွင်းမှ သံဃာအတုအယောင် များမှာလည်း တိတ်ဆိတ်ငြိမ်သက်သွားပါသည်။

ဖြစ်စဉ်ကို ကြည့်ပါက ရည်ရွယ်ချက်မဲ့ခြင်း များတွေ့ရှိနေရပါသည်။

ဆိုးကျိုးများအနေဖြင့်တော့---

.ယခုလို ဆူပူခဲ့သည့် အတွက် ဈေးကြီး အပါအ၀င် ဆိုင် တော်တော်များများ ပိတ်ထားလိုက်ရခြင်း။

ယခုလိုမငြိမ်သက်မှုကို အကြောင်းပြုပြီး ဒေသတွင်း ကုန်ဈေးနှုန်းများ မြင့်တက်သွားနိုင်ခြင်း။

အေးချမ်းမှုကို လိုလားသော ပြည်သူများမှ ရဟန်းသံဃာများအား အကြည်ညိုပျက်ပြီး ဆွမ်းကွမ်း ဆပ်ကပ်မှုများ လျှော့နဲ့သွားခြင်း များအပြင် အခြားအခြားသော ဆိုးကျိုးများထက် အဆိုးတကာ အဆိုးဆုံးမှာ----

``သံဃ ဘေဒက ကံ ´´ သံဃာ အချင်းချင်း သင်းခွဲခြင်းပင် ဖြစ်သည်။အဆိုပါ ကံအား ကျုးလွန်းပါက ပဉ္စ န္တိယ ကံကြီး ထိုက်ပါသည်။ ပဉ္စ န္တိယ ကံကြီး (၅)ပါးထဲမှ ဖေါ်ပြကဲအပါအ၀င် ကံတစ်ပါးပါးအား ကျူးလွန်ပါက လေးသောကံ (၀ါ) ဂရုကံဖြစ်ခြင်းကြောင့် ထိုကံအား ပပျောက်အောင်ကုစားခြင်းမှ မစွမ်းသာနိုင်ချေ။ ငရဲကြီး (၈)ထပ် မှာ အောက်ဆုံးထပ်ဖြစ် သော မဟာအ၀ီစိ ငရဲသို့ ကျမှာသေချာကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

လော်စပီကာ said...

တယောက်နှင့်တယောက် အမျက်ဒေါသ ကင်းကြပါစေ။
တယောက်နှင့်တယောက် အထင်အမြင်သေးမှု ကင်းဝေးကြပါစေ။
တယောက်နှင့်တယောက် ဒေါသဖြင့် ချုပ်ချယ်မှု ကင်းဝေးကြပါစေ။
တယောက်နှင့်တယောက် (အချင်းချင်း) ဆင်းရဲဒုက္ခရောက်ခြင်းကို အလိုမရှိကြ ပါစေလင့်။

မမေေ၇းထားတာ .....philtre သို့ 

Anonymous said...

မင်းသစ်လား…မင်းဟောင်းလား..
မင်းအကြောင်းငါမသိ…
အယုတ်တမာကောင်လို့ပဲခေါ်ဆိုမည်…
ကျီးယောင်ဆောင်ပီး… လာမကညော့ချင်ပါနဲ့…
တပင်ချင်းဆွဲနှုတ်ခံရမည်…
မင်းနှမကို အလှူခံသွားတဲ့ ပုဂ္ဂိုလ်က
ရိုင်းစိုင်းစွာ စတင်ဆဲတော့…
မင်းနှမ မျက်နှာနဲ့ မင်းဘယ်ချောင်မှာသွားအိပ်နေလဲ…
အပိုစကားတွေနဲ့
နှစ်ကိုယ်ကြားလာမဆိုလေနဲ့
မင်းနှမ လာဘ်ထိုးပီး ပိတ်ရင်တောင်မှ
ငါ့ပါးစပ်က အိပ်ချင်ယောင် ဆောင်နေမယ်ထင်သလား???
အမြင်ကပ်အောင်လာမလုပ်နဲ့
ငါကလော်တုတ်တဲ့အထဲ ပါသွားမယ်….

Anonymous said...

Philtre,
Don't use nonsense and rude words.It is not suitable for Ma May's blog.If you want,go away from this blog.This is the region for discussing with each other.I can say that it is not place for expressing your nonsense words.You should behave like educated man.Do you know which kinds of person is educated and well-minded?I recognize that only you are expressing nonsense words in this site.It is so bad for you.

Anonymous said...

မင်းအမေလင်… အမည်မသိတွေဆဲတဲ့ comment
တွေက မင်းအတွက် သိပ်အဆင့်အတန်းရှိနေတယ်ပေါ့…
ဟုတ်လား မင်းသစ်??.. မင်းတို့လို မင်းရူး..ရူးနေတဲ့
အမျိုးနွယ်တွေက ကိုယ့်မျက်ချေး ကိုယ်မမြင်ကြတာ
ရိုးနေပါပီ… မင်းလို စိတ်မနှံ့သူကို ချာစမိုင်တာ စွပ်၍
လွှတ်လိုက်သည်… ရေးလိုရာရေး… တွေးလိုရာ တွေးစေတော့…

Anonymous said...

အသားထဲက လောက်ကောင်တွေ။ ။
ပထွေးကို အဖေထင်လို့
အမေ့လင် ဆိုရုံမျှနဲ့
ကြိုကြတဲ့ဟာတွေ။ ။
တွင်းထဲက ဖားငယ်တွေ
ကျယ်တယ်လို့ ထင်နေဆဲ။ ။
ပထွေးခြေရာကိုမှ
သေချာစွာ နင်းချင်သူတို့
မင်းတို့မို့ဆဲ။ ။

Anonymous said...

philtre,
I only meant that you can express your view freely and can write everything you want.But you should avoid using nonsense words in order to respect Ma May and others reader.I also don't aggree with anyone who use nonsense words.I realize that you are using nonsense words meaninglessly.

လော်စပီကာ said...

TO BLOOGERS FOR THOSE ONLY STAND FOR NLD

blogers r failed to act as bridge builders between the truth, the whole truth and the public. but may b there's a new stright link about to be constructed between blog n their audiences...as reportedly expended on the bridge building theme by saying that blog must present the different side t a story ... dismiss half- truth and undounded allegation, and foster critical thirnking so that people would be more informed in their lives?do we really taking their word? do we belive 100%

philtre said...

ဟိုမှသည်… အရောက်သွားလို့..
ခေါက်စားနဲ့ ရုန်းကန်ရှာ။ ။
မလေးမေ.. အချစ်မကျွမ်းလေတော့
နွမ်းလျလို့လာ။ ။
ဆိုးလိုက်တဲ့ ဘ၀တပါးမှာ
မြသားပါ အရောင်ပြောင်း။ ။
ကုလေလေ…
သမုဆွေ အနေခက်တယ်
သေးခွက်နဲ့လောင်း။ ။

Anonymous said...

Hey Philtre

How did your parent bring up you?
Didn't you have a happy childhood?Did you?
Haven't you had a good education?

Why do you behave so rude?
For whom you did for that?
For your benefits or someone else?

You know what you have done.
Are you happy to do that?
If so,do as you like.
How poor you are!!

Khin Myanmar

philtre said...
This comment has been removed by the author.
philtre said...

ခင်မြန်မာ… ကြင်နာဖို့သူလာတောင်း။ ။
သခင့်ကိုရွယ်
အပွင့်အနွယ်နွယ်နဲ့
တင့်တယ်အောင် ဆန္ဒပန်းမှာဖြင့်
ကျန်သမျှအား အသေချာပြင်လို့
နေရာတင် အကြောက်ပြေသက်အောင်ပ
ဆွေညာခင် အောက်ကေထက်ဆီသို့
စေတနာရှင် ပန်းရွှေခက်ကိုလ
ဆက်လိုက်ပါကြောင်း။ ။