Monday, September 03, 2007

ကလောင်အမည်နှင့် ပတ်သက်၍ ...

တနေ့က မိတ်ဆွေတယောက်ပြလို့ ဘလော့အသစ်တခုကို သွားရောက် ဖတ်ရှုမိခဲ့ပါတယ်။ ဘလော့လိပ်စာက http://tharkinwe.blogspot.com/ ဖြစ်ပါတယ်။ သာကီနွယ်ဆိုတဲ့ ဘလော့နာမည်ကြောင့်လည်း ဒီဘလော့ကို စိတ်ဝင်တစား ဖတ်ကြည့်မိပါတယ်။ ဒီနေရာမှာ ဘလော့ရေးသူရဲ့ ယုံကြည်ချက် နဲ့ ထင်မြင်ယူဆချက်များ ရေးသားထားခြင်းကို ဘာမှမပြောလိုပေမဲ့ သူ့ရဲ့ ကလောင်အမည်နဲ့ ပတ်သက်ပြီးတော့ အနည်းငယ် ပြောချင်ပါတယ်။

သာကီနွယ်ဆိုတဲ့ ဒီအမည်ကိုတွေ့တော့ စိတ်ထဲမှာ ရုတ်တရက် ကျမရဲ့ ဆရာကြီးကို သတိရလိုက်မိပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာကြီးရဲ့ ကျန်ရစ်သူ သားသမီး ဆွေမျိုးတွေကများ ဆရာကြီးအမှတ်တရ … ဒါမှမဟုတ် ဆရာကြီးရဲ့ လမ်းစဉ်နည်းနာများကို ဘလော့တခု ဖန်တီးပြီး တင်ဆက်သလား လို့ စိတ်ထဲထင်လိုက်မိလို့ပါ။ ကျမရဲ့ ဆရာကြီးဆိုတာကတော့ အဘိဓမ္မာ ဆရာကြီး ဦးမြသောင်း (ခေါ်) သာကီနွယ် ဖြစ်ပါတယ်။

ဆရာကြီးဟာ “သာကီနွယ်” ဆိုတဲ့ ကလောင်အမည်နဲ့ ဓမ္မဗျူဟာစာစောင်မှာ ရေးသားခဲ့သလို အခုဖော်ပြထားတဲ့ အဘိဓမ္မာစာအုပ်မျိုးလည်း ရေးသား ထုတ်ဝေခဲ့ပါတယ်။ ဘာသာရေး သာသနာရေးနဲ့ ပတ်သက်လို့ ဆရာကြီးရဲ့ လုပ်ဆောင်ချက်တွေကတော့ အင်မတန် များပြားလှပါတယ်။ ဆရာကြီးဟာ “မင်္ဂလာဗျူဟာအသင်းချုပ်” ကို စတင်တည်ထောင်သူ တဦးဖြစ်သလို “မေတ္တာဗြူဟာ”အသင်းရဲ့ တည်ထောင်သူလည်း ဖြစ်ခဲ့ပါတယ်။ ၁၉၇၆-ခုနှစ်က စပြီး ဗုဒ္ဓဘာသာသင်တန်းကျောင်းတွေ ဖွင့်လှစ်ကာ ဗုဒ္ဓဘာသာဝင် လူငယ် လူရွယ်တွေကို တနင်္ဂနွေနေ့တိုင်း အခြေခံ-ဗုဒ္ဓဘာသာသင်တန်းတွေ ပို့ချပေးခဲ့ ပါတယ်။ အခြေခံ ဗုဒ္ဓဘာသာ သင်တန်းတွေရဲ့ အစဟာ ဆရာကြီးက အစပြုခဲ့ တာပါ။ ဆရာကြီးဟာ အခြေခံဗုဒ္ဓဘာသာသင်တန်း၊ အခြေခံ အဘိဓမ္မာ သင်တန်း၊ ယဉ်ကျေးမှုနဲ့ မြန်မာစာသင်တန်း၊ ပရိတ်သင်တန်း၊ ပဋ္ဌာန်းသင်တန်း၊ သက်ကြီးအဘိဓမ္မာသင်တန်း စသည်ဖြင့် သင်တန်းပေါင်းများစွာ ဦးဆောင် ဖွင့်လှစ်ခဲ့ပါတယ်။ အခုလက်ရှိ အဘိဓမ္မာနဲ့ ဘာသာရေးသင်တန်းများ သင်ကြား ပို့ချနေသူ ဒေါ်ခင်လှတင်ဟာ ဆရာကြီးရဲ့ သမီးကြီးဖြစ်ပါတယ်။

ဒါတွေကို ပြောနေရခြင်းကတော့ … “သာကီနွယ်” ဆိုတဲ့ ကလောင်အမည်ဟာ ဘာသာရေးစာပေလောကမှာ အထင်အရှား ရှိခဲ့ဖူးတယ်ဆိုတာကို သိစေချင်တာ က တကြောင်း၊ “သာကီနွယ်” ဆိုတဲ့ ကလောင်အမည်နဲ့ ပုဂ္ဂိုလ်ကြီးဟာ ဘယ်လိုမြင့်မြတ်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တယ်ဆိုတာကို သိစေချင်တာက တကြောင်းတို့ကြောင့် ပြောနေရခြင်းဖြစ်ပါတယ်။

အခု သာကီနွယ်အမည်ရ ဘလော့လိပ်စာရှင်ရဲ့ ရေးသားချက်တွေကိုတော့ ဖတ်ကြည့်ရင်သိနိုင်တာမို့ ကျမအထွေအထူး မပြောလိုပါဘူး။ ဘလော့လိပ်စာ၊ ၀က်ဘ်ဆိုက်လိပ်စာတို့ဆိုတာကတော့ မိမိနှစ်သက်ရာ နာမည်ပေးကြစမြဲပါပဲ။ ဥပမာ - လူတယောက်ဟာ မျိုးကျော့မြိုင် မဟုတ်ဘဲ မျိုးကျော့မြိုင် ဆိုတဲ့ လိပ်စာနဲ့ ဘလော့တခု ၀က်ဘ်ဆိုက်တခု ကိုယ့်ဘာသာ လုပ်လို့ရပါတယ်။ ဒါပေမဲ့ ဒီလူဟာ အနုပညာလောကထဲကို ၀င်မယ်ဆိုရင်တော့ မျိုးကျော့မြိုင် ဆိုတဲ့ အမည်ကို သုံးလို့မရပါဘူး။ ဒီလိုပါပဲ ရွှေဥဒေါင်းရဲ့ စာပေတွေကို နှစ်သက်လို့ ရွှေဥဒေါင်းအမည်နဲ့ ဘလော့တခု ဖန်တီးထားသူတယောက်ဟာ ကိုယ်ရေးတဲ့စာတွေကို ရွှေဥဒေါင်း အမည် တပ်ခွင့်မရှိပါဘူး။ အဲဒီလိုတပ်မယ် ဆိုရင်လည်း မလိုလားအပ်တဲ့ အထင်အမြင်လွဲမှားမှုတွေ ဖြစ်ပေါ် စေနိုင်ပါတယ်။

သာကီနွယ် ဘလော့ပိုင်ရှင်ဟာ မိမိဘလော့အမည်တွင်မက ရေးသားချက် စာများမှာပါ သာကီနွယ်ဆိုပြီး ကလောင်အမည် ရေးထိုးထားတာကို တွေ့ရတဲ့ အတွက် ကျမ ခုလို ပြောရခြင်းဖြစ်ပါတယ်။ တခါတလေကျတော့လည်း လူတချို့ ဟာ ကလောင်အမည် (အနုပညာအမည်) ကို ကောင်းပေ့ ဆန်းပေ့ ညွန့်ပေ သာပေ့ ဆိုတာမျိုး ပေးချင်ကြတယ်။ ကိုယ့်နာမည်ကိုယ် ရွေးရတာ ဆိုတော့ လည်း အကောင်းပဲ ပေးချင်မှာပေါ့။ ဒါကတော့ သဘာဝပါပဲ။ နာမည်ကျော် သီချင်းရေးဆရာကြီး သုခမိန်လှိုင် ဆိုရင် သိဒ္ဓတ္ထလှိုင်ဆိုပြီး အနုပညာအမည် ပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ သိဒ္ဓတ္ထဆိုတဲ့ ဘုရားလောင်းရဲ့ အမည်ကို မသုံးသင့် ကြောင်း ၀ိုင်းဝန်းပြောတော့မှ သုခမိန်လှိုင် ဖြစ်သွားရတာလို့ ကြားခဲ့ဖူးပါတယ်။ နာမည်ပဲ ကြိုက်တာပေးလို့ ရကောင်းတယ် ဆိုပေမဲ့ အဲဒီလို မသင့်တော်တာ မျိုးတွေကိုတော့ အထူးသတိထားပြီး ရှောင်ရှားသင့်ပါတယ်။

ဒါကြောင့် ကလောင်အမည် (အနုပညာအမည်) ပေးတဲ့အခါမှာ စစချင်းတော့ အမည်တူရှိမရှိ သတိထားကြစေလိုပါတယ်။ တချို့ကလည်း အမည်တူရှိမှန်းမသိ ဘဲ ကိုယ်ပေးလိုက်ပြီးတော့မှ ရှိနေမှန်းသိခဲ့ရင် အားလုံးကို မပြောင်းသည့် တိုင်အောင် အမည်ရဲ့ အနောက်က ဖြစ်စေ ရှေ့က ဖြစ်စေ အထူးပြုစကားလုံး တခုခု ဖြည့်စွက် ထည့်သွင်းသင့်ပါတယ်။ ဒါ့အပြင် မိမိရေးတဲ့စာနဲ့ မိမိရွေးချယ် တဲ့ ကလောင်အမည်လည်း သဟဇာတ ဖြစ်ရင်တော့ ပိုပြီးကောင်းမယ် ထင်တာပါပဲ။ ဘာသာရေးစာပေ အတည်အခန့် ရေးသားနေသူတယောက်ဟာ “ဖိုးရှုပ်”ဆိုတဲ့ အမည်တပ်ရင် မသင့်တော်သလိုပေါ့။

နိဂုံးချုပ်ရရင်တော့ … သာကီနွယ်ဘလော့ပိုင်ရှင်အနေနဲ့ ဘလော့လိပ်စာကို မပြောင်းလဲသည့်တိုင် ကလောင်အမည်ကိုတော့ ပြောင်းလဲပေးစေချင်ပါတယ်။ မိမိနဲ့ သင့်တော်ရာ အခြားအမည်တခုခု ပြောင်းလဲ လိုက်တာ ကောင်းမယ်လို့ ကျမအနေနဲ့ အကြံပေး တိုက်တွန်းပါရစေရှင် … ။
***
သာကီနွယ်ဘလော့ကို ဖတ်မိရင်း ကျမဆရာကြီး သာကီနွယ်ကို သတိရမိရာက ဆရာကြီးရေးသားခဲ့တဲ့ အထက်ပုံပါ စာအုပ်ကို ပြန်ဖတ်ဖြစ်ခဲ့ပါတယ်။ ဆရာကြီး ဟာ ကျမတို့ကို ဘက်ပေါင်းစုံအောင် အသိတရားတွေ ပေးခဲ့တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးပါ။ ဒီစာအုပ် ဖတ်နေရင်း ကျမတို့ငယ်စဉ်က တမိသားစုလုံး ဆရာကြီးထံမှာ သင်တန်းတွေတက်ခဲ့ပုံ၊ လူမှုရေးလုပ်ငန်း ဘာသာရေးလုပ်ငန်း တွေကို ဆရာကြီးနဲ့အတူ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားလုပ်ကိုင်ခဲ့ပုံ၊ ဆရာကြီးရဲ့ စာသင်ကြားနည်း စနစ်၊ ဆရာကြီးရဲ့ ဆုံးမစကားတွေ၊ ဆရာကြီးရဲ့ အကျင့် သိက္ခာ သီလ သမာဓိနဲ့ လုပ်ရပ်တွေကို ပြန်လည်မြင်ယောင်ရင်း ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာကြီးဦးမြသောင်း (သာကီနွယ်) အား ရည်မှန်း လို့ ဦးညွတ် ကန်တော့လိုက်ပါတယ် … ။
***
မေဓာဝီ
3rd Sep, 2007
10:45 am

31 comments:

TZA said...

မင်္ဂလာပါမမေဓာ၊

ရှားရှားပါးပါးကော်မန့်မရှိသေးတဲ့ပို့စ်ကိုတွေ့တယ်၊ ကံကောင်းတာပဲ၊ အရင်ဆုံးကော်မန့်ရေးလိုက်ပါတယ်။

လိုရင်းကိုတချက်ခြင်း ပြောသွားတာအင်မတန် ထိမိပါတယ်၊ ကျနော်အပြည့်အဝထောက်ခံတယ်။ြီ့ပီးခဲ့တဲ့ရက်ပိုင်းက အဲဒီထူးခြားတဲ့နာမည်ကြောင့် ဝင်ကြည့်မိတာ၊ ပြီးလည်းပြီးရော စိတ်ထဲမှာခိုးလို့ခုလု ဖြစ်နေတယ်ဗျာ။ အချက်အလက်တွေနဲ့ ထောက်ပြထားတဲ့ မမေဓာကိုကျေးဇူးပါ။

Anonymous said...

ု့မမကြီးရေ လာလည်ပါတယ်ခင်ဗျာ ဟိုနေ့က Myanmar Blog Day နေ့ကအစ်မလာမယ်ထင်တာ နောက်ကိုညီလင်းဆက်ကိုမေးမှ မလာမှန်းသိရတယ် နောက်ပွဲတွေကြရင်လာပါ အမရယ် ဖြစ်နိုင်ရင်ပြည်ပ ရောက်နေတဲ့မြန်မာBlogger တွေပါ ပါရင်အရမ်းကောင်းမှာပါ အားလုံးနဲ့ဆုံတွေ့ခွင့်ရချင်လို့ပါ အမကြီးကိုဆက်သွယ်နိုင်မယ့် mail လိပ်စာလေးပြောပြပေးပါဦး ဒီမှာမပြောချင်ရင် chanmyaeoo82@gmail.com မှာ mail လိပ်စာလေးပေးပါ

SuN said...

We, the reader, know what is gold and what is bullshit. You Keep on Writing Ma May. I am always a big fan of yours!!

Anonymous said...

The guy who named himself "Thar Ki Nwe" may not realize that
Thar Ki means South Asian simply Indians. Antropologically, ethnic Burmese belong to TibetoBurmans group together with Chins, Ka Chins, Arakanese and Jain Phaws.

Militant migrants from Tibetan highlands pushed down indigenous Pyus in their push into southern plains of Burma; some may claim the first walking apes or straight back standing monkeys roamed in today Kyauk Se.

While Burmese monarch adopted Buddhist Philosopher kingship started from Ashoke (Ar Thaw Ka Dhamma Yar Zar) which is infact modified version of Hindu Kingship. Burmese never belong to South Asians stock.

That blogger seems ignorant of those facts or had not
schooled properly. Now he is unknowingly submitting his mother, grandmoms or great grand moms to some South Asians BarBuGyis or A Yar Gyis :))).

At least it is fun to browse that
moron's blog.

http://tharkinwe.blogspot.com/

Anonymous said...
This comment has been removed by a blog administrator.
TharKiNwe said...

အိမ့် ကောင်း လေစွ ….ကောင်းလေစွ အခုလို လူကြီးကိုလူကြီးမှန်းသိတက်စွာ ကန်တော့ ရခြင်း အကျိုးများကြောင့်--
ငါ့ သမီး လေး မေဓါဝီ သမင်မလေး ကျန်းမာပါစေ ။ ချမ်းသာပါစေ။ များများ လည်း ခုန်ပေါက်ပြေးလွား ဆော့က စား နိုင်ပါစေ။
မေဓါဝီ သမင်မလေး ---မိတ်ဆွေစစ် မိတ်ဆွေမှန် တွေ့နဲ့ တွေ့ကြုံပါစေ။
မိဝေးဖဝေး နေရတဲ့ အခါမှ ပါးစပ်ကအကောင်းပြောပြီး ၊ လက်ကကားယား ယား လူတွေ့နဲ မတွေ့ပါစေနဲ့ --ကျောချ အိပ်မှ
အေးဓါးပြတွေ့နဲ့မတွေ့ ပါစေနဲ့---လို့ဆုတောင်း လိုက်ပါတယ်။

tint said...

အဲ အပေါ်ကယေက်ျားမဟုတ် မိန်းမမဟုတ်မိတ်ဆွေ ၂ယောက်
(ယောက်ျားဆိုလဲ အဲလိုအောက်တန်းမကျ မိန်းမဆိုလဲအဲလောက်မရိုင်း )
မေရေးတာရှင်းရှင်းလေး
ကလောင်အမည်တူနေတယ် ဒါဘဲ
အဲဒါကို ဘာတွေလာပြောနေတာလဲ
ခင်ဗျားပြောတာမှာ
၁) ဆဲတာ
၂) ချိမ်းခြောက်တာ
၃)စော်ကားတာ အဲဒါဘဲပါတယ်
ဟိဟိ ကျွန်တော်တို့ တွေ ယောက်ျားပီပီ ဟိဟိကောင်မလေးတွေကလာကြိုက်လို့ ပြန်ကြိုက်ဘူးတာရှိရင်ရှိမယ်။တခုတော့ သေချာတယ် ခင်ဗျားလို ဟိုမကျဒီမကျနဲ့ တော့  ပတ်သက်ဘူးဘူး (AIDS ကြောက်လို့  ဟိဟိ )
တခြားဝေးဝေးသွားနေပါနော်
ရောဂါဆိုကြောက်တတ်လို့ ဗျ
ခင်ဗျားစာကတော့ ပြန်ရေးလောက်တာ တခုမှမတွေ့ ဘူးဗျ
ခုပြောတာကတော့  ရှေးတုံးက အနူတွေ အခုခေတ် AIDS သမားတွေကို isolation လုပ်သလို ခင်ဗျားကို ဝေးဝေးနေဘို့ လာပြောတာ ။
မနေရင် တရုပ်ပြည်မှာ AIDS သမား တွေကို ဘယ်လို လုပ်တယ်ဆိုတာ ခင်ဗျားကြားဘူးမှာပေါ့ နော်
အဲတော့ မှမအော်နဲ့ နော်

Anonymous said...

အစ်မမေဓာဝီရေ...
မနေ့က မဲဇာတောင်ခြေကဗျာလေးဖတ်ပြီးကြည်နူးရတဲ့စိတ်တွေ
ဒီနေ့တော့ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ပါပေါ့..
ခုလုခုလုနဲ့ တော်တော်စိတ်မကောင်းဖြစ်မိတယ်...
ဒါပေမဲ့ အမမေဓာဝီ အတော်ရယ်နေရတယ်ဆိုတော့ ကျနော်ပါလိုက်ပြီးပြုံးမိသွားတယ်...။
ကိုယ်စိတ်နှစ်ပါးအေးချမ်းစွာနဲ့ ကျနော်တို့လို လူငယ်တွေကို သုတ ရသတွေ ဒီထက်မက မျှဝေနိုင်ပါစေလို့ ဆန္ဒပြုပါတယ်..။

Anonymous said...

မမေရေ.. စာလဲရေးချင်သေး စာရေးတဲ့ကလောင်နာမည်ကို ဘယ်လိုယူတယ်ဆိုတာလဲ နားမလည်တဲ့ သကောင့်သားတွေတော့ ဖြင့် မရှက်တတ်ဘူး၊ ဒီလောက်ယဉ်ယဉ်ကျေးကျေးရေးထားတဲ့သူကို ဒီလိုပြန်ရေးတယ် ဆိုတော့ သူတို့ အဆင့်အတန်းကို ပြနေတာပဲပေါ့၊ ဒီလိုစိတ်ဓါတ်တွေနဲ့ လူဖြစ်ရတာတောင် နောက်ဆုံးဘ၀ပဲထင်ပါတယ်၊ အပါယ်ကိုလားမဲ့ ကောင်တွေ။
ညစ်ညမ်းတွေစကားတွေ သူတို့မိဘ၊ မိန်းမသားသမီးတွေ ဖတ်မိရင်တောင် ဘယ်လိုခံစားရမယ်မသိ။
အော် အကုသိုလ်တုံးတွေပါလားနော်..
ဒီလိုလူတွေက အုပ်ချုပ်ခဲ့ရင် တိုင်းပြည်အတွက် ရင်လေးလှပါရဲ့။

Anonymous said...

အား၇ပါး၇ ၀င်ပြီးကလောတုတ်သွားတဲ့သူက မမေနဲ့  ၇န်ငြိုးရှိလို့ လား... ဟိုဟာပြောလိုက်၇မလား ဒီဟာပြောလိုက်၇မလားနဲ့  ...

လော်စပီကာ said...

145 ဆိုတာ ကာ၇ာအိုကေဆိုင် မဟုတ်ဘူးလား၊၊ အော်မမေ အဖေ က၀ါသနာပါတယ်ပေါ့ . . .ဟီးဟီး

NLS said...

ကျွန်တော်ကတော့ မမေပြောတာ သဘောမတူဘူး။ ဇေယျဆိုတဲ့ စာရေးဆရာ ရှိတယ်။ ဇေယျဆိုတဲ့ မင်းသားရှိတယ်။ ညိုမင်းလွင်ဆိုတာ ၀င်းဦးကလောင်၊ အဲဒါကို ယူထားသူ ဒါရိုက်တာ နောက်တစ်ယောက် ရှိတယ်။ အခုသာကီနွယ်က အရင်သာကီနွယ်ကို သိချင်မှ သိမယ်။ သိရင်လည်း လေးစားချင်မှ လေးစားမယ်။ လေးစားမှသာ ယူမသုံးမှာပါ။ ဒါမှမဟုတ် မလေးစားတတ်လို့ ယူသုံးတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် မတူတဲ့ မီဒီယာမို့လို့ ယူသုံးတာလည်း ဖြစ်နိုင်တာပဲ။ ဥပမာဗျာ- ဟိုလူကြီး နာမည်တပ်ပြီး စာကောင်းပေကောင်း ရေးသူဆိုရင် ဟိုလူကြီးက ဂုဏ်တက်မှာ မဟုတ်ပါဘူး။ စာရေးသူသာ တက်မှာပါ။ အနည်းဆုံး ဟိုသာကီနွယ်က သေသွားပြီဖြစ်လို့ ဒီနာမည်က လွတ်လပ်ပါတယ်။ မမေ သိပေမယ့် တခြားသူက သိချင်မှ သိမှာပါ။ ဒါပေမယ့် အစိုးရကို အကောင်းပြောနေတဲ့ ဘလော့ဂ်မို့လို့ ဒီလို ကန့်ကွက်တာ ဆိုရင်တော့ မမေ ဘက်လိုက်တာပဲ။ ကျွန်တော်ကတော့ အဲဒီ ဘလော့ဂ်ကို မထောက်ခံသလို မမေပိုစ့်ကိုလည်း မထောက်ခံပါဘူးခင်ဗျား။ နောက်တစ်ခုက မူပိုင်ခွင့်နဲ့ အများကြီးဆိုင်ပါတယ်။ မူပိုင်ခွင့်မှာတောင် ကာယကံရှင် သေသွားပြီးရင် ဘယ်နှနှစ်ဆိုပြီး ရှိပါတယ်။ ဒါကတော့ ကျွန်တော် အကန်ဘက်က ပြောတာတွေဗျာ။ နောက်ဆုံးပြောချင်တာက မမေမို့ အခုခေတ်မှာ ဒီနာမည်မျိုး မှည့်တတ်သူတွေကို အရေးလုပ် သွားပြောနေသေးတယ်။ မေ့ထားလိုက် မေ့ထားလိုက်

လော်စပီကာ said...

သဘောပေါက်ပြီ မမေဘာလို့ နာမည်ပြောင်းခိုင်းတယ်ဆို
တာကို..... ခုမှသွားဖတ်ကြည့်  မိတာ ... မမေဆ၇ာကြီးက သာကီနွယ်ဆိုတဲ့နာမည်ကို တဦးတည်းမူပိုင် မှတ်ပုံတင်ထားလို့ လား မသိလို့  မေးကြည့် တာပါ....မမေ ကလဲနော် ကိုယ်နဲ့ အမြင်မတူတာနဲ့ ဘဲ အတင်းသွားပြီးနာမည်ပြောင်းခိုင်းနေ
တာဘဲ .... ဒီတိုင်းဆို၇င် ဒီဘလောက်ကိုလူသိများမှာ မဟုတ်သေးဘူး ... အသစ်ကလေးကို ... ခုတော့မမေက လူဖတ်များတဲ့မမေရဲ့  ဘလောက်ပေါ်ကနေ ကြောငြာ
ပေးလိုက်သလိုတော့ဖြစ်သွားပြီ ... ကျေးဇူးတောင်တင်ချင်တင်နေမှာ ....အိမ်ကိုတောင်ခြင်းတောင်းတွေ ဘာတွေေ၇ာက်၇င်
ေ၇ာက်လာမှာ ...ေ၇ာက်လာ၇င်လည်း ဘလောက်ပေါ်တင်ဘို့  မမေ့နဲ့ အုံး

Anonymous said...

န.အ.ဖ အသုံးချခံ စစ်ခွေးများသို့….

ကျီးမိုက်က ဒေါင်းယောင်ဆောင်။ ။
အကြွင်းအကျန် စားရရုံနဲ့
အားပါးတရ သခင်ကျေနပ်အောင်
လှည့်ပတ်လို့ဟောင်။ ။
ခွေးလေလွင့် ဖြစ်တာတောင်
အသိခေါင် အခြေမဲ့။ ။
ဒင်းနှမ အမျိုးပါအောင်
အရိုးမပါ အတံမျိုးနဲ့
ထိုးလိုက်ချင်ရဲ့ ။ ။

မေငြိမ်း said...

nls, ပြောတာ ကျမ လက်မခံနိုင်ပါ။ ကလောင်နာမည်တူတာဟာ စာပေကို သမိုင်းအနေနဲ့ ပြုစုတဲ့အခါမှာ အများကြီးပြဿနာရှိပါတယ်။ အလုပ်တခုဟာ သမိုင်းတွင်တဲ့ ကိစ္စအထိ စဉ်းစားရပါတယ်။ ဒီနေရာမှာ မေဓါဝီပြောတာ ရှင်းပါတယ်။ နယ်ပယ်တူရင် နာမည်တူ မပေးမိဖို့ သတိထားသင့်ပါတယ်။ ကြာရင် ရောထွေးသွား တတ် ပါတယ်။ အတတ်နိုင်ဆုံး ရှောင်သင့်တယ်လို့ ဆိုလိုတာပါပဲ။ ဒီလိုဆွေှးျွေးတာကို အကျိုး အကြောင်း သင့်ပြန်ပြောလို့ရပါတယ်။ တကယ်လို့ မသိခဲ့ရင်တောင် သိတဲ့အခါမှာ ကလောင်နာမည် နောက်မှာ တခုခုဖြည့်ထည့်လို့ရတယ်လို့တောင် မေဓါဝီက အပြုသဘောပြောထားတာပါ။ ဘာပြဲ ဖစ်ဖြစ်.. မြန်မာမှာ ပေးစရာ နာမည် အများကြီး ပါ။ နာမည်တူကိစ္စကို အရေးကြီး တယ်လို့ ယူဆတဲ့ သူနဲ့ အရေးမကြီးဘူး ထင်တဲ့သူလည်း ကွဲလွဲခွင့် ရှိပါတယ်။ ကျမကတော့ နယ်ပယ်တူမှာ အများနဲ့ ဆိုင်တဲ့အလုပ် လုပ်နေသူတွေအနေနဲ့ နာမည်တူမရှိဘူးလို့ ယူဆတဲ့သူပါ။

မေငြိမ်း said...

နာမည်တူ မရှိသင့်ဘူး..လို့ ရေးတာပါ။ သင့်တလုံးကျန်ခဲ့တာ ထပ်ဖြည့်ပါတယ်။

Anonymous said...

Dear Sister

That is the shame to read the bad language in the comment.
I guess there are some groups behind the Tharkinwe Blog and this is not a one man blog.May be SPDC or USDA group are behind them.There are similar fake writers write the propagada articles in the National Newspaper and at the same time they always denoune the opposite groups. .But that is not surprised the top organisation does not have any etiquette and educational skill itself.

Anonymous said...

To ma maydarwi,philtre and everyone who has narrow-minded
Don't take the one, who are on the opposite of ma maydarwi or who use nonsense words , must be the one from army.If even you can put evidence, you should write by name.I think Ma maydarwi should at first inform and tell ,what she want to advice,to the blogger who has the name of tharginawe.Why don't you think that you can also tell him by comment or sent to his mail.I think if you do like this, there will be no situation like this.Please kindly request to you,ma maydarwi.You should listen and read with the mind of understanding what the other is telling.You shouldn't listen and read with the mind of making respond.

Anonymous said...

To ma maydarwi,philtre and ma khin myanmar everyone who has narrow-minded
Don't take the one, who are on the opposite of ma maydarwi or who use nonsense words , must be the one from army.If even you can put evidence, you should write by name.I think Ma maydarwi should at first inform and tell ,what she want to advice,to the blogger who has the name of tharginawe.Why don't you think that you can also tell him by comment or sent to his mail.I think if you do like this, there will be no situation like this.Please kindly request to you,ma maydarwi.You should listen and read with the mind of understanding what the other is telling.You shouldn't listen and read with the mind of making respond.Ma khin myanmar, don't forget about that every organization has a good person as well as a bad person.Please be open-minded.

Anonymous said...

အကျယ်အကျယ်မင်ြမ်းဖွယ်တော့ဖြစ် နေပြီ...မမေက အ၇င်ကဂျာနယ်ထုတ်ဖူးတဲ့သူဆိုတော့ ၊ဂျာနယ်အတွက် အစရှာနည်း အစဆွဲထုတ်နည်းတွေ ကောင်းကောင်းကျွမ်းကျင်ပုံ၇ပါတယ်၊ခုတော့သူစွဲထုတ်လိုက်
တဲ့အစက အ၇မ်းရှည်ပြီး မမေကိုပြန်ပတ်နေပြီ၊ သူဘယ်လို ကိုင်တွယ်မယ်ဆိုတာကို သေချာစောင့်ဖတ်၇တော့မယ် ၊ ခုချိန်ထိတော့ မမေငြိမ်နေသေးတယ် ၊ေ၇ှ့ တလှမ်းတိုးတော့မဲ့ဆင် ထင်ပါ၇ဲ့ အော်မှားလို. သမင်သမငိ

tint said...

အဲ
ဘယ်လိုအကောင်တွေနဲ့ တွေ့ နေပါလိမ့် 
အပေါ်မှာစာလုံးကြီးနဲ့ ရေးထားတာလဲတွေ့ မိပုံမရ
ဖတ်မိပုံလဲမရ
ဖတ်မိလဲနားလည်ပုံမရ
ခက်တော့ နေပါပြီ
ဒီလိုလူတွေအတွက် ဗမာစာရိုက်တတ်အောင်တကူးတကသင်ထားတာလဲ အလကားပါဘဲ
ဗိုလ်လိုရိုက်ရင်နားမလည်လို့ လေ
ကဲသေသေချာချာနားထောင်နော်
ပြန်ဖြေစရာပြန်ရေးစရာကိုမလိုလို့  ပြန်မရေးဘူးလို့ ပြောပြီးသား
ဝေးဝေးလေးနေကြပါဗျာ ခင်ဗျားတို့ ရောဂါတွေကူးမှာကြောက်လို့ ပါ

Anonymous said...

အမည်မဲ့များသို့
ဘယ်လိုတွေလဲရှင်။ ရှင်တို့ အခုလုပ်နေတဲ့ လုပ်ရပ်တွေကို ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြပါအုံး။ ဘလော့ဂ်ရှင် ရေးထားတဲ့ စာတွေအပေါ် သုံးသပ်တာ တစက်ကလေးမှ မရှိဘဲ ပုဂ္ဂိုလ်ရေးရာ အရ ဗြောင်ကျကျ တိုက်ခိုက်နေတာကတော့ တရားလွန်လွန်းလှပြီလို့ ထင်တယ်။
မမေဓာဝီ ပြောခဲ့ရေးခဲ့တာတွေက ဘယ်သူတဦးတယောက်ကိုမှ ပုဂ္ဂိုလ်ရေးအရ ထိပါးခဲ့တာ မပါသလို အပြုသဘော သက်သက်သာ ဖြစ်ပါတယ်။ ပုတ်ခတ်ခြင်းလဲ အလျဉ်း မပါခဲ့ပါလျက် မမေဓာဝီအပေါ် နှမချင်း မစာမနာ အားရပါးရကြီး ပုတ်ခတ်စော်ကားတဲ့ အမည်မသိ ပုဂ္ဂိုလ်ရဲ့ စိတ်ထားကို တော်တော် အံ့အားသင့်မိတယ်ရှင့်။ တဖက်နဲ့ တဖက် ဆန့်ကျင်ဘက် အမြင်တွေ ရှိတယ်ထားပါအုံး။ `မြန်မာအချင်းချင်း´ ဆိုတဲ့ စိတ်ကလေးတော့ ထည့်ထားဖို့ကောင်းပါတယ်။ အခုဟာက တကယ်ကို ငြိုးသူ ရန်ဖက်တွေအလား ဟိုကိစ္စပြောလိုက်ရမလား၊ ဒီကိစ္စပြောလိုက်ရမလား ချိန်းခြောက်လိုက်၊ ပြန်မပြောဘဲ သည်းခံနေတော့လည်း ကြောက်လို့ ငြိမ်နေတာလားလို့ လိုက်ဆွပေးလိုက်နဲ့ တော်တော် အံ့သြစရာကောင်းတဲ့ စိတ်ထားတွေပါပဲ။ ကျွန်မကတော့ မမေဓာဝီ ဘာကြောင့် ပြန်မပြောဘူးဆိုတာကို ရှင်တို့လို လူတွေအတွက် ရည်ရွယ်ရေးခဲ့ပုံရတဲ့ http://maydar-wii.blogspot.com/2007/08/blog-post_05.html
ပို့စ်မှာကတည်းက သိတယ်။
ဘလော့ဂ်ရှင်ရဲ့ မိဘကိုပါ ထိခိုက်စော်ကားတာကလည်း လွန်လွန်းတယ်လို့ ကိုယ့်ကိုယ်ကို မတွေးမိဘူးလား။ အဲဒီလို စော်ကားလိုက်ရမှ စိတ်အာသာပြေသွားမှာလားလို့ မေးလိုက်ချင်တယ်။ အရမ်းအံ့သြစရာကောင်းတာက စစ်ဆိုတဲ့ တယောက်။ သူ့ကိုယ်သူ မိန်းကလေးလို့လဲ ဆိုသေး မိန်းမချင်းမှ ကိုယ်ချင်းမစာ သူတပါး အဖေကို ပုတ်ခတ်စော်ကားတဲ့ မိန်းကလေးဟာ ဘယ်လို မိန်းမစားမျိုးပါလိမ့်။ ဒါမှမဟုတ် ယောက်ျားတယောက်ကပဲ မိန်းမဟန်ဆောင် လာစော်ကားသလားလို့တောင် ထင်ရတယ်။ မမေဓာဝီက အဲဒီဘလော့မှာ ရေးထားတာတွေကို ဘာတခုမှ မဝေဖန်ဘဲနဲ့ ကလောင် နာမည်ကိစ္စပြောတာလေးတခုကို ဒီလောက်တောင် မိုက်ရိုင်းကြတာ ရှင်တို့မှာ အမေတွေ နှမတွေ မရှိလို့လားလို့ မေးလိုက်ချင်တယ်။ ရှင်တို့ အမေတွေ နှမတွေကို အဲဒီလိုမျိုး တယောက်ယောက်က လာပြောရင် ဘယ်လိုနေမလဲ။ ကျွန်မကတော့ ရှင်တို့လို ခိုးကြောင်ခိုးဝှက် လာဆဲတဲ့ လူတွေကို လူမှဟုတ်ရဲ့လားလို့တောင် တွေးမိတယ်။ လူစိတ်ရှိတဲ့ လူက ဒီလိုမျိုး ဘယ်တော့မှ မရေးဘူးလေ။
ဒါပါပဲ။
နှင်းပွင့်ဖြူ
hninpwintphyulay80@gmail.com

Anonymous said...

ကိုယ့်သမိုင်းကိုယ်ရေးနေကြတာချည်းပဲ...
အောက်တန်းစားဘဝမှာရောင့်ရဲနေတဲ့ကောင်တွေက ဘယ်တော့မှအောက်တန်းစားအဆင့်ကတက်မှာမဟုတ်ဘူး..
နာမည်တော့မဖော်ရဲပဲ မိန်းခလေးတယောက်ကို နှမချင်း မစာနာဆဲတယ်.. ဘာမှမဆိုင်ပဲပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်... သနားပါတယ်.......

သာကီနွယ်ဆိုတဲ့လူကြီးကလည်း သူ့ကိုသူလူကြီးသာပြောတယ်... လုံးဝမရင့်ကျက်ဘူး.... ဒါလားသခင်လုပ်မဲ့အမျိုး.. သနားပါတယ်...

Hteink Min said...

မမေ ဘလော့မှာ လင့်ပေးထားတာ နှမျောမိတယ်ဗျ.. မတန်ဘူး ထင်လို့ပါ.ကျွန်တော်သွားလည်ပြီး နောက်ဆုံးလည်ချင်းလို့ပြောခဲ့ပါတယ်။ လူတွေက မအပါဘူးဗျာ.. သွားလည်မိတာတောင် အချိန်နှမျောမိတယ်

NLS said...

Something Wrong here!
I mean Blog is not under စာပေစိစစ်ရေး
Blog is another kind of media.
So there will be many same names, but dont forget those are different media. If there is one blogger who try to use another one's Title or name is the problem that I wanna tell.I dont mean for Same name in same media.K

YeKyawAungMDY said...

တန်ဖိုးရှိတဲ့ နာမည်ကို မတန်မရာ ယူထားတဲ့ အဲဒီလူဟာ သူ့လုပ်ရပ်နဲ့ သူ့အောက်တန်းကျမှုကို ဖော်ပြပြီးသားဖြစ်နေပါတယ်။

အချိန်တန်လို့ သူ့ကံနဲ့ သူ့လုပ်ရပ်က အမှန်တရားတွေ အောင်ပွဲခံတဲ့အချိန်မှာ အဲဒီလူတွေပပျောက်သွားတော့ မှာပါ။ ၀ဋ်လည်း လည်ပါလိမ့်မယ်။ ၀ဋ်မှာ အမြဲ ငရဲမှာ အပတဲ့။ သူ့တို့ရဲ့ ဒိတ်ဒိတ်ကြဲ ရှေ့သွားနအဖဟောင်း ပုဂ္ဂိုလ်ကြီးများလည်း၊ ၀ဋ်လည်သွားခဲ့ကြတာကို မေ့နေကြတယ်။ အမှန်တရားဟာ မကြာခင်အောင်ပွဲခံရ တော့မှာပါ။ အမှားတရားတွေကြီးဆိုး၊ တရားမဲ့တွေကြီးစိုးနေတဲ့ အမှောင်ခေတ်ကြီး မကြာခင် နိဂုံးချူပ်တော့မှာပါ။

Anonymous said...

Ma MayDaWii,

I reallyworry about your safety. Now, the milatary intelligence may be after you. Some advices: (1) pls delete all the references regarding your identity (including your puictures) in your blog. (2) if possible, pls go to some secure place (relative's house, etc) for a while. There is no point of spending one's valuable time in prison.

Anonymous said...

ဟဲလို

သုခဘုံ said...

ရေးထားတာတွေအားလုံးစိတ်ဝင်တစား လိုက်ဖတ်ပီးတဲ့အခါ အားလုံးရဲ့အမြင်နဲ့ ကျနော်မြင်တာနဲ့ လွဲနေပါတယ် ။ ဒီဆိုဒ်အသစ်မဖြစ်ခင် ဟိုးဘလော့ဂ်ဘ၀ကလဲ အကြိမ်ကြိမ် ကြည့်ဖူးပါတယ်။
ဘယ်တော့ကြည့်ကြည့် “သာဂိနွား”လို့ဘဲမြင်တယ်။

Anonymous said...

hey everyone there! Can we pls make sense a little bit more? I thought you were debating for Tharkinwe Intellectual Property right? Then how you change to another topic like attacking each other? And it makes me really amused to see the english-written comments, which have no meanings but straight away to attack the others. Yeap! It's true that most of us don't like our current government. So, shall we just stay in the blog and attacking them in this way? Shall we be just lost in this non-sense paper attacking with them? If you all have some ability of pursuasive writing, which I believe that you all have, why don't you just write something meaningful to the myanmar youths like educating them how to construct a new Myanmar? If we go this way, I am already here to add my knowledge as will. I propose all of you to change the blog as educating place rather than attacking each other. At the end, I want you to believe that there will be no change if we just attack the government. We have to act ourselves. Don't pretend yourselves. Our myanmar morale is already broken in some serious ways. Hope we can help change some of our next generations before it is too late.

Unknown said...

ဆရာကြီးဦးမြသောင်း ဟာ ကျနော် တက္ကသိုလ်လတတိယနှစ်မှာဆုံးပါးသွားခဲ့ပြီး လွန်စွာစိတ်မကောင်းဖြစ်ရပါတယ်။
၁၉၈၉ ခုနှစ်မှစ ဆရာကြး သင်တန်းမှာ စနေ ၃ ကြိမ် တနင်္ဂနွေ ၃ ကြိမ် တနေကုန် သင်တန်းတက်လာပြီး။ တစ်ထိုင် အာနာပါန ရှု့ရင်း ပထမဆုံး နာသီးဖးအလင်းနိမိတ်ကိုရခဲ့တာမို့ ဆရာတွေအားလုံးထဲမှာ ကျေးဇူးအမးဆူံး ဆရာ အဖြစ် ပူဇော် အောက်မေ့ပါတာ်။ ဆရာကြီးလွန်ပြီးနောက် ဆရာကြီးရဲ့သမီး ဆရာမကြီးခေါ်ခင်လှတင့် မှ လက်ဆင့်ကမ်းသာသနာပြုမေသည်မှာ လွန်စွာကျေးဇူးကြီးလှပါတယ်။

ဆရာကြီးဦးမြသောင်း သာကီနွယ် ရဲ့ဂုဏ်ကျေးဇူးကို အောက်မေ့လျှက်