Monday, January 01, 2018

ပြာသိုလပြည့် ...

***
ဒီနေ့က နှစ်အသစ်ရဲ့ နေ့အသစ် ဖြစ်သလို ပြာသိုလပြည့်နေ့လည်း ဖြစ်တယ်။
ပြာသိုလပြည့်ကို အမေနေ့လို့ လွန်ခဲ့တဲ့ ဆယ်စုနှစ် တချို့မှာ ဘဘဦးသုခက စတင်ပြုလုပ်ခဲ့တယ်။
.

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော် ပြာသိုလပြည့်မှာ မြတ်စွာဘုရားဟာ ဥရုဝေလ တောထဲက နေရဉ္စရာမြစ်ကမ်းမှာ  အစွန်းရောက် အကျင့်တွေကို ကျင့်နေကြတဲ့ ရသေ့တထောင်ကို တရားပြခဲ့လို့ သာသနာတော်အတွက် ရဟန္တာတထောင် တိုးပွါးခဲ့တယ်။ ဒါကြောင့် ပြာသိုလပြည့်ကို ရှင်တထောင်နေ့လို့ သတ်မှတ်ခဲ့ကြတယ်။
.

ဒီကနေ့ ပြာသိုလပြည့်နေ့မှာတော့ ရွှေတိဂုံဘုရားပေါ်မှာ သံဃာတသောင်းရှစ်ထောင် စုစည်း ရောက်ရှိနေကြပါပြီ။
.
ခါတိုင်းဆို နှစ်သစ်မှာ ရွှေတိဂုံဘုရားကို သွားရောက်ဖူးမြော်နေကျ ပေမဲ့ ဒီနှစ်တော့ တီဗီဖန်သားပြင်ပေါ်ကပဲ ဖူးခွင့်ရပါတော့တယ်။
.

မည်သို့ပင်ဖြစ်စေ ပေါ့လေ ... လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က ပြာသိုလပြည့်မှာ ရသေ့တထောင် အစွန်းရောက်ခြင်းများ ကင်းဝေးပြီး ငြိမ်းချမ်းခြင်း ရစေခဲ့သလို အခုလည်း ထိုနည်းတူစွာ ဖြစ်ပါစေကြောင်း ဆုတောင်းမိပါတယ်။
***
မေဓာဝီ
01.01.18
07.15

No comments: