Wednesday, January 01, 2014

2013 --> 2014


နှုတ်မဆက်ငြား
နှစ်ဟောင်းကား
ကျော်လွှားကုန်ဆုံး ချေဦးမည်။






မကြိုဆိုဘဲ
နှစ်သစ်လဲ
ရောက်မြဲရောက်လာ ချေဦးမည်။




နှုတ်ဆက် - ကြိုဆို
အချိန်ကို ရေတွက်
တရက် ပြောင်းခိုက်
စိတ်မိုက်ညစ်ကြေး
စွန့်ခွါဝေးမည့်
ဆယ့်လေး နှစ်သစ်
တံခါးလှစ်လော့ ... ။
***
မေဓာဝီ
၃၁၊ ၁၂၊ ၁၃
၂၃း၀၀ နာရီ
***
ကမ္ဘာသုံး ပြက္ခဒိန်ရဲ့ နှစ်ဟောင်းအကုန် နှစ်သစ်ကူးပြီဆိုမှဖြင့် နှစ်သစ်ကို ကြိုဆိုကြ နှစ်ဟောင်းကို နှုတ်ဆက်ကြနဲ့ ... တကမ္ဘာလုံး အလုပ်တွေကို များလို့။ ကိုယ်ကိုယ်တိုင်လဲ ဒီရေစီးကြောင်းထဲမှာ မျောပါလို့ ... ။ တကယ်တမ်း ... ကိုယ်မကြိုဆိုလဲ နှစ်သစ်ကတော့ ရောက်လာမှာပါပဲ ... ကိုယ်နှုတ်မဆက်လဲ နှစ်ဟောင်းက ကုန်ဆုံးသွားမှာပဲ ဆိုတဲ့ အတွေးလေး တွေးမိခိုက်မှာ ဒီကဗျာလေး ရေးဖြစ်သွားတယ်။  

ရေးတုန်းကတော့ နှစ်သစ်မပြောင်း .. နှစ်ဟောင်းမကုန်ခင်မှာ ရေးခဲ့တာပါပဲ။ ရေးပြီးပြီးချင်း ဘလော့မှာ တင်မရလို့ ဖေ့စ်ဘွတ်မှာပဲ တင်ခဲ့ရတယ်။ ခုတော့ တရက်မစွန်းခင် ကြိုးစားတင်လိုက်ပါတယ်။ အားလုံး မင်္ဂလာရှိသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ ... ။
***
မေဓာဝီ
၀၁၊ ၀၁၊ ၂၀၁၄
၂၁း၀၁ နာရီ (မြန်မာစံတော်ချိန်)

4 comments:

သိ င်္ဂါ ရ said...

ပျော်ရွှင်ဖွယ် မင်္ဂလာ နှစ်သစ် ဖြစ်ပါစေ ...

Blogging Sphere ထဲမှာလည်း ... ဆက်လက်

ရေးသားနိုင်ပါစေ ... ခင်ဗျာ ...

ဘုန်းဘုန်းတောက် said...

မှန်လိုက်လေခြင်း မမျှော်လင့် သူရောက်လာတယ်။ မကြိုဆိုလည်း သူ ကိုယ့်အနား ရောက်လို့လာတယ်။

ဇွန်မိုးစက် said...

မင်္ဂလာနှစ်သစ်ပါ မမေ။ မမေဘလော့ဂ်ကို အခုမှပဲ ဇွန့်ဘလော့ဂ်မှာ သတိတရနဲ့ လင့်ချိတ်မိတော့တယ်။ အရင်က ကိုညီ့ဆီကနေ ၀င်ဝင်ဖတ်နေတာ။ :D

တန်ခူး said...

နှစ်သစ်မှာ ပျော်ရွင်ပါစေမေ
စာတွေများများရေးနိုင်ပါစေ