Tuesday, January 01, 2013

နှစ်ဦး ဆုတောင်း ...

အကောင်းတွေသာ
လာပါစေကြောင်း
ဆုမတောင်းချင် ...

အဆိုးတွေသာ
ခွါပါစေရေး
မကြံတွေးချင် ...

ကောင်းဆိုးနှစ်တန်
လောကဓံကို
ခံနိုင်စေရန်
ဆန္ဒသန်သည်
အမှန်မြင်သူ ဖြစ်ရစေ ... ။ ... ။
***
မေဓာဝီ
၁၊ ၁၊ ၂၀၁၃
မြန်မာစံတော်ချိန် ၆း၃၀ နာရီ

~~အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ~~

15 comments:

ညိမ်းနိုင် said...

ကောင်းလိုက်တဲ့ ဆုတောင်းလေးပါလား အစ်မရ.....။
မင်္ဂလာနှစ်သစ်လေးဖြစ်ပါစေကြောင်း ဆုတောင်းလိုက်
ပါတယ်ခင်ဗျာ..........

Anonymous said...

ကောင်းလိုက်တဲ့ကဗျာ.....အမရေ...

မကောင်းမဆိုး
မျှတမယ်ဆို
လာစမ်းပါလေ...လာစမ်းလေ
လောကဓံလည်း
အံကိုခဲ
ဝမ်းမြောက်စွာနဲ့ ကျော်ဖြတ်မယ်။

အမ မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ...

seesein said...

မင်္ဂလာနှစ်သစ်ဖြစ်ပါစေ....ကြီးမေ


ခင်မင်တဲ့
seesein

Anonymous said...

နှစ်သစ် မင်္ဂလာပါဗျာ...

pandora said...

ကောင်းကောင်းဆိုးဆိုး
အကြောင်းအကျိုးကို
ိုထိုးထွင်းဖွေရှာ
ဥာဏ်ပညာကြီးမားသူဖြစ်ပါစေ လို့


ပန်ဒိုရာ

mstint said...

လူသားတို့အတွက် အကောင်းနဲ့အဆိုး အမြဲဒွန်တွဲနေတတ်တဲ့ သဘာဝတရားမို့ ရင်ဆိုင်နိုင်ဘို့အသင့်အနေအထား ရှိဘို့လိုတယ် မမေရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မေဓာဝီ said...

ကဗျာလေးအတွက် မှတ်ချက်များ ချီးမြှင့်ပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။

facebook ပေါ်မှာ ရေးပေးသွားတဲ့ ဆရာတော်ဦးဂန္ဓမာလာရဲ့ မှတ်ချက်လေး မပျောက်ပျက်အောင် ကော်ပီကူးပြီး တင်လိုက်ပါတယ်။
-------------------
Mala Ugandha said ...
တကယ့်ကိုသဘာဝကျတဲ့ဆုတောင်းပါ. လောကထဲနေမှတော့ လောကဓမ်ဆိုတာကြုံရမြဲပေါ့ ဘုရားသော်လဲ မရှောင်လွဲနိုင်ဘူးလေ ကြုံလာတဲ့လောကဓမ်ကိုခံနိုင်ဖို့ရာသာကြိုးစားရမှာပါ
ဒုက္ခသစ္စာဆိုတာ ဒုက္ခကို ဒုက္ခလို့လက်ခံနိုင်တာပါဘဲ
-----
အဖိုးတန် မှတ်ချက်လေး ချီးမြှင့်ပေးတဲ့ ဆရာတော်ကို ကျေးဇူးဦးတင်ပါတယ် ဘုရား ... ။

ညီလင်းသစ် said...

အကောင်းနဲ့အဆိုး ဆိုတာက ၂၀၁၃ မှာလည်း ဆက်ပြီးတော့ ဒွန်တွဲနေဦးမှာပဲ ဆိုတော့ အမြင်မှန်ဖို့ကိုပဲ ဆုတောင်းတဲ့ ကဗျာလေးက လက်တွေ့ကျလွန်းလို့ သဘောကျမိပါတယ် မမေရေ..၊

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေလို့လည်း နှုတ်ခွန်းဆက်ပါတယ်ဗျာ။

Anonymous said...

နှစ်သစ်မင်္ဂလာပါ..မမေ
ကဗျာနဲ့ ကဗျာ့ မှတ်ချက်များကို
အားပေး သွားပါတယ်။

မောင်ကြီး

ဟန်ကြည် said...

အမှန်မြင်ရေး
ကြံတွေးရည်သန်
မနက်ဖြန်တွင်
အမှန်များများ
အမှားမရှိ
စဉ်းစားမိလျှင်
ရင်တုန်ချင်သည်
ရင်ဆိုင်ခြင်းသည် လှတစ်ပါး...

မမေအတွက်
မနက်ဖြန်တိုင်း လှစေသား...

နှစ်ကူးဆုတောင်းပေါ့ဗျာ...နောက်ကျသွားပေမယ့်လည်း ဘလော့ဂါဆိုတာ အချိန်ကို စိုးပိုင်သူတွေမဟုတ်လား...း)

lwannaung said...

ကောင်းတယ်အစ်မရေ.. လောကဆိုတာ အကောင်းချည်းပဲမှ မဟုတ်နိုင်တာ။

San San Htun said...

မင်္ဂလာရှိသော နှစ်သစ်လေး ဖြစ်ပါစေ မမေ...

ချော (အစိမ်းရောင်လွင်ပြင်) said...

အကျိုးအကြောင်း အဆိုးအကောင်း နှစ်ဖြာစလုံးတော့ မလွဲမသွေ ကြုံရမှာ သေချာတယ်နော် မမေ...
နေ့ရက်တိုင်း စိတ်ချမ်းသာရရင်တော့ သိပ်ကောင်းမှာဘဲ
မမေရဲ့ ကဗျာလေးထဲကလို လောကဓံကို ခံနိုင်တဲ့ကိုယ် ဖြစ်ရပါလို၏.

မဒမ်ကိုး said...

မရောက်တာကြာလို့အလည်ရောက်ရင်းနှစ်ကူးဆုတောင်ေးလးကိုဖတ်ခဲ့တယ်မမမေ.
ကျန်းမာရွှင်လန်းပါစေ

ချစ်တဲ့ ဂျာရစ်

Unknown said...

ကောင်းတယ်