Friday, August 17, 2018

အဝေးမှ ...


***
စိတ်​မဆိုးပါနဲ့
တိတ်​တခိုးပဲ ပွင့်​​တော့မယ်​။
ဆွတ်​ချူသူ အမြင်​ခက်​​အောင်
ကွယ်​ဝှက်​လို့ရယ်​။

အပွင့်​က ငယ်​ငယ်
အရွယ်​က ခပ်​​သေး​သေး။
မ​မွှေးချင်​ပါနဲ့
ဝေး​နေရင်​ သူ​​လွမ်း​စေဖို့
လေသင့်​ရာ ရနံ့သင်း
ဖြန့်​ခင်းလို့​ပေး ... ။ ။
***
မေဓာဝီ
17.08.18

4 comments:

စံပယ်ချို said...

မစံပယ်ကစံပယ်ပန်းလေးကိုလာကြည့်မိပါတယ်

EttyThaw said...

ဘာကြောင့်လဲ ပန်းကလေးရယ်...
လောကကကြမ်း နွမ်းရတဲ့ကြား
ပန်းနေသူ နမ်းကျူရအောင်
ပုန်းပါနဲ့လား။
မမမေရဲ့ကဗျာလေးကို ဆန့်ကျင်တာမဟုတ်ပါဘူး၊ လေသင့်ရာပါလာတဲ့ပန်းကလေးရဲ့ရနံ့ကိုရပြီး ရှာကြည့်ပြန်တော့ မတွေ့တဲ့အခါ ပိုလို့တွေ့ချင်လာတာ လူ့သဘာဝမလား။ သို့ပေမယ့် ပန်းကလေးကပုန်းကွယ်နေလို့ ဖွေရှာမိသူခင်မျာ အစောကတည်းက စိတ်နွမ်းလူနွမ်းဖြစ်ပြီးသားမို့ ရှောင်ဖယ်မနေစေလိုပါ ဆိုတဲ့အမြင်နဲ့ သနားခံချင်စိတ်ဖြစ်လာမိလို့ ဒီလိုလေးပြန်ပြောမိတာပါ မမ။ အမှားပါရင် ခွင့်လွှတ်ပါရှင်။

မျိုးသက်ထွန်း said...

ကျွန်တော်လည်းဖတ်ကြည့်လိုက်သည်
ကောင်းပါ၏

မျိုးသက်ထွန်း said...

ဖတ်မိလိုက်သည်