.
.
လှိုင်းတွေ မှိုင်းဝေ တိုင်းပြည်မှာ ...
~~~~~~~~~~~
မှိုင်းညို့ဝေကာ
ရွာယောင်ဟန်ပြင်
မိုးသခင်လည်း
လေနှင်ရာဆီ
လွင့်ပါပြီလား
ရွာအားခက်ခက်
တစက်ကယ်မျှ
မသွန်းချဘဲ
ဟန်ပြတိမ်လွှာ
အုံ့ဆိုင်းလာသည်
ဝေကာမှိုင်းလို့ ဝိုင်းညို့တယ်။
.
လှိုင်းတို့စေရာ
စုန်ဆန်လာသည့်
ခရမ်းပြာလွှမ်း
ဗေဒါပန်းလည်း
ဝဲမှာမမြုပ်
လှိုင်းပုတ်သည့်ဒဏ်
အန္တရာယ်ကြား
သူ စွန့်စား၍
အားမလျှော့တမ်း
ပန်းရဲ့လမ်းမှာ
လျှောက်လှမ်းလာသည်
စေရာလှိုင်းတို့ စိုင်းလို့ရယ်။
.
တိုင်းမြို့ ပြေ (ပြည်)ရွာ
ဝပြောသာအောင်
ကြံဆောင်လုံ့လ
ကြိုးပမ်းကြလည်း
ဆိုးသွမ်းသသူ
ထိုလူတစု
ဖျက်ဆီးမှုကြောင့်
စိုးနှောင့်ဗျာပွေ
အခက်ဝေကာ
မျက်ရည်ရစ်လွှမ်း
မငြိမ်းချမ်းသည်
ပြည် ရွာ တိုင်း မြို့ ... လှိုင်းသို့နှယ်။
***
မေဓာဝီ
18.09.17
~~~~~~~~~~~
မှိုင်းညို့ဝေကာ
ရွာယောင်ဟန်ပြင်
မိုးသခင်လည်း
လေနှင်ရာဆီ
လွင့်ပါပြီလား
ရွာအားခက်ခက်
တစက်ကယ်မျှ
မသွန်းချဘဲ
ဟန်ပြတိမ်လွှာ
အုံ့ဆိုင်းလာသည်
ဝေကာမှိုင်းလို့ ဝိုင်းညို့တယ်။
.
လှိုင်းတို့စေရာ
စုန်ဆန်လာသည့်
ခရမ်းပြာလွှမ်း
ဗေဒါပန်းလည်း
ဝဲမှာမမြုပ်
လှိုင်းပုတ်သည့်ဒဏ်
အန္တရာယ်ကြား
သူ စွန့်စား၍
အားမလျှော့တမ်း
ပန်းရဲ့လမ်းမှာ
လျှောက်လှမ်းလာသည်
စေရာလှိုင်းတို့ စိုင်းလို့ရယ်။
.
တိုင်းမြို့ ပြေ (ပြည်)ရွာ
ဝပြောသာအောင်
ကြံဆောင်လုံ့လ
ကြိုးပမ်းကြလည်း
ဆိုးသွမ်းသသူ
ထိုလူတစု
ဖျက်ဆီးမှုကြောင့်
စိုးနှောင့်ဗျာပွေ
အခက်ဝေကာ
မျက်ရည်ရစ်လွှမ်း
မငြိမ်းချမ်းသည်
ပြည် ရွာ တိုင်း မြို့ ... လှိုင်းသို့နှယ်။
***
မေဓာဝီ
18.09.17
No comments:
Post a Comment