Monday, September 05, 2016

အပေါင်း အနုတ် နှင့် ညီမျှခြင်း ( + - = )

.
(၁) အပေါင်း
+ + + +
အမှတ်တရ ရက်လေးတွေ တရက်တိုးတိုင်း ... ...
... ... ...
သံယောဇဉ်တွေ တိုးပွါး
ချစ်ခြင်းမေတ္တာတွေ တိုးပွါး
နားလည်မှုတွေ တိုးပွါး ...
... ... ...
(၂) အနုတ်
- - - -
သံသယတွေ လျော့ပါး
ပဋိပက္ခတွေ လျော့ပါး
မာန်မာနတွေ လျော့ပါး ...
... ... ...
(၃) ညီမျှခြင်း
= = = =
ရည်ရွယ်ချက်တွေ တူညီ
ရည်မှန်းချက်တွေ တူညီ
ရပ်တည်ချက်တွေ တူညီ
... ... ...
ရှေ့ဆက်ရမယ့် ပန်းတိုင်ဆီ ...
မှီတွယ်ရာ ပခုံး
နူးညံ့တဲ့ နှလုံးသား
အင်အားရှိတဲ့ လက်များနဲ့
ဆက်သွားကြမယ် အတူတူ ... ... ။
***
 
မေဓာဝီ
၅၊ ၀၉၊ ၂၀၁၆
၁၆း၀၀ နာရီ
(တနှစ်နဲ့ ၆ လပြည့် ... အမှတ်တရ)

No comments: