Sunday, June 21, 2015

ကောင်းကင် နဲ့ လမင်း ... သို့ ...

အဖေက ကောင်းကင်
အမေက လမင်း
ကိုယ့်ကမ္ဘာ နေရာလေးမှာ
အမြဲသာ လင်း ... ။ 
***
21.06.15
တနင်္ဂနွေနေ့
အဖေနေ့ ... တဲ့ ... ။ 

သမီးအတွက်တော့ နေ့တိုင်းဟာ အဖေနေ့ ... နေ့တိုင်းဟာ အမေနေ့ပါပဲ။

ကောင်းကင်ကြီးလို ကြည်လင်တဲ့ မေတ္တာတွေနဲ့ ဖြန့်ကျက်အုပ်မိုးထားတဲ့ အဖေ ... ။
လမင်းကြီးလို အေးချမ်းတဲ့ အလင်းရောင်တွေနဲ့ ဖြန့်ဝေ လွှမ်းခြုံပေးထားတဲ့ အမေ ... ။
မိဘတွေနဲ့ အတူတူရှိမနေပေမဲ့ အဖေနဲ့ အမေရဲ့ မေတ္တာတရား သမီးအနားမှာ ရှိနေလို့ လုံခြုံခဲ့ပါတယ်။

ဒါပေမဲ့ ...
တခါတလေ ... ကောင်းကင်ကြီးကို တိမ်ညိုတွေ ဖုံးထားသလို သမီးကို အဖေ မုန်းမသွားပါနဲ့ ... ။
တခါတလေ ... လမင်းကို တိမ်ညိုတွေ ကွယ်သလို ... သမီးကို အမေ အချစ်မပြယ်ပါနဲ့ ... ။
တိမ်မည်းညိုတွေ ကင်းကွာ ... မဝေးတော့တဲ့ အနာဂတ်မှာ သမီးတို့တွေ ဆုံကြရအောင်ပါ ... ။

အသက်လေးဆယ်ကျော်ထိ ... မိဘကို မကြည့်ရှုနိုင်တဲ့ သမီး ...
ရွှေမရှိ ငွေမရှိ ... ဂုဏ် ပကာသန မရှိတဲ့ သမီး ...
လိုချင်မှု ကင်းမဲ့လို့ ... ပိုင်ဆိုင်ခြင်း ကင်းခဲ့တဲ့ သမီး ...
အဖေ့အမွေ “စာပေ” နဲ့ ... အမေ့အမွေ “အမှန်တရား” တွေကိုသာ မြတ်နိုးစွာ တန်ဖိုးထားတဲ့ သမီး ...
အဝေးကြီးကနေ မေတ္တာတွေသာ ပို့ပေးနိုင်ပါတယ် အဖေနဲ့ အမေ ... ။

ငွေကြေးအားဖြင့် မများပြားပေမဲ့  မေတ္တာတရားတွေ ခြုံသိုင်း ဟောဒီ့ဖြတ်ပိုင်းလေးကို အဖေနေ့ အမှတ်တရ ... မြင်ရတဲ့အခါ ကျေနပ်ကြပါ အဖေနဲ့ အမေ ... ။

အဖေနဲ့ အမေ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့  ဝိပဿနာတရား ကျင့်ကြံပွါးများ အားထုတ်နိုင်ပါစေ ... ။

ချစ်တဲ့
သမီးငယ်
***
21.06.16
01:00 am

ကျမရဲ့ကောင်းကင်  http://maydar-wii.blogspot.com/2009/07/blog-post_07.html

လမင်းရဲ့ အဝေးမှာ http://maydar-wii.blogspot.com/2011/01/blog-post_19.html

2 comments:

Aunty Tint said...

ဟုတ်တယ် မမေရေ... နေ့တိုင်းဟာ အဖေနေ့ အမေနေ့တွေပါပဲ ...
အပြည့်အ၀ထောက်ခံတယ် ....

blackroze said...

အမရဲ့မိဘနှစ်ပါးလုံးကျန်းမာပျော်ရွှင်ပါစေလို့
ဆုတောင်းပေးတယ်နော်အမ...

ချစ်တဲ့ပစ်ပစ်