Saturday, October 25, 2014

... ချစ်သူ ... (၃)

... ချစ်သူ ...
 
အချစ်ဟာ ... 
တခါတလေ ... နွေးထွေး
တခါတလေ ... အေးစက်

တခါတလေ ... အနီးမှာ
တခါတလေ ... ဝေးကွာ

တခါတလေ ... အချို
တခါတလေ ... အငို

တခါတလေ ... အပြုံး
တခါတလေ ... အရှုံး

တခါတလေ ... နားလည်
တခါတလေ ... အားငယ်

တခါတလေ ... ကြင်နာ
တခါတလေ ... ရင်နာ

သြော် ... 
တခါတလေ ... တခါတလေနဲ့
ကဗျာတွေ ရေးဖွဲ့ရင်း
ပြုံးတလှည့် မဲ့တခါ
ရက်တွေလဲ ကြာခဲ့ပြီ။

လျော့မသွားတဲ့ အချစ်
ပေါ့မသွားတဲ့ မေတ္တာ
ကမ္ဘာတည်သရွေ့ မပျက်သုဉ်း
မမုန်းဘူး ဆိုတဲ့ သစ္စာစကား
သိမ်းဆည်းထားရင်းနဲ့
နှလုံးသားကို အလိုလိုက်
တခါတလေ ... ကိုယ်က မိုက်ချင်တယ်။
***
မေဓာဝီ
၂၅.၁၀.၁၄
၁၈.၁၆ နာရီ

မှတ်ချက်။   ။ ၁၈.၀၁.၂၀၁၄ က ရေးပြီး သိမ်းထားခဲ့တဲ့ ကဗျာလေးကို နည်းနည်းပြောင်းပြီး တင်လိုက်တာပါ။ အပေါ်က ငှက်ကလေး နှစ်ကောင်ကတော့ ကိုညီလင်းသစ် ဘလော့မှာ ကိုညီလင်း စင်္ကာပူမှာ ရိုက်ထားတဲ့ ဓာတ်ပုံလေးကို ကြည့်ပြီး ကူးဆွဲထားတာ။ စက္ကူပေါ်မှာ ရောင်စုံခဲတံနဲ့ ဆွဲပါတယ်။ ဓာတ်ပုံနဲ့ တူတော့ မတူပါဘူး၊ ဒါပေမဲ့ အမှတ်တရ ဘလော့မှာ တင်လိုက်ပါတယ်။ “အချစ်ဆိုသည်မှာ” ဆိုတဲ့ နာမည်လေးကလဲ ကိုညီလင်း ပေးထားတဲ့ နာမည်လေးပါပဲ။ နာမည်ရယ် ပုံရယ် သုံးစွဲကူးယူခွင့်ပြုတဲ့ ကိုညီလင်းကို ကျေးဇူးအထူးတင်ပါတယ်။

5 comments:

Aunty Tint said...

အချစ်ဒဿနလေး ဖတ်သွားတယ် မမေရေ။
ကဗျာလေးတွေနဲ့လဲ ကျေနပ်ပါတယ်လေ ... :)

သူကြီးမင်း (တုံးဖလား) said...

ချစ်တတ်လေလေ ကဗျာအသက်ဝင်လေလေ။

စုချစ် said...

ငှက်ကလေးတွေလည်း အသက်ဝင်တယ်...
ချစ်စရာလေးတွေ... :)

မဒမ်ကိုး said...

မိုက်ပလိုက် မိုက်ပလိုက် တခါတလေဘဲဟာကိုနော်မမ

Unknown said...

Like
ကဗျာ တွေကိုနှစ်သက်ပါတယ်