tag:blogger.com,1999:blog-33584152.post117081837378062242..comments2023-10-10T08:54:22.676+01:00Comments on တွေးမိတွေးရာ...ရေးမိရေးရာ: ကိုပြူးကျယ်သို့ ပေးစာ … အပိုင်း (၄)မေဓာဝီhttp://www.blogger.com/profile/04072251427102449939noreply@blogger.comBlogger4125tag:blogger.com,1999:blog-33584152.post-1170999903816873222007-02-09T05:45:00.000+00:002007-02-09T05:45:00.000+00:00ကျမအဲလို မလုပ်တတ်လို့ပါ။ လုပ်တတ်ရင် လုပ်ပေးပါမယ်ရှ...ကျမအဲလို မလုပ်တတ်လို့ပါ။ လုပ်တတ်ရင် လုပ်ပေးပါမယ်ရှင်။မေဓာဝီhttps://www.blogger.com/profile/04072251427102449939noreply@blogger.comtag:blogger.com,1999:blog-33584152.post-1170983635649165602007-02-09T01:13:00.000+00:002007-02-09T01:13:00.000+00:00မမေဓါဝီ ရဲ့ ကိုပြူးကျယ်သို့ ပေးစာများဟာ မြန်မာစာပေ...မမေဓါဝီ ရဲ့ ကိုပြူးကျယ်သို့ ပေးစာများဟာ မြန်မာစာပေကို လေ့လာလိုသူများအတွက် တန်ဖိုးရှိလှပါတယ်။အထူးသဖြင့် ပင်လယ်ရပ်ခြားမြန်မာများနဲ့ မြန်မာစာပေကို လေ့လာလိုသူနိုင်ငံခြားများအတွက် အလွန် အကျိုးရှိပါတယ်။

ဖြစ်နိုင်လို့် Category သပ်သပ်များ ခွဲပေးနိုင်ရင်၊ ဒါမှမဟုတ် Tag လုပ်ပေးနိုင်ရင်၊ လေ့လာသူများအတွက် တစုတစည်းတည်း ရှာဖွေရပိုလွယ်လိမ့်မယ်လို့ ထင်ပါတယ်။Anonymousnoreply@blogger.comtag:blogger.com,1999:blog-33584152.post-1170827952696222932007-02-07T05:59:00.000+00:002007-02-07T05:59:00.000+00:00ကျေးဇူးကြီးလှပါတယ်...ဆရာမရေ....ခုကဗျာတွေကို ဖတ်မိေ...ကျေးဇူးကြီးလှပါတယ်...ဆရာမရေ....
ခုကဗျာတွေကို ဖတ်မိတော့မှ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်က ကျနော်လေ့လာခဲ့ဖူးတဲ့
`ကဗျာဖွဲ့နည်း နိဿျည်း`စာအုပ်နဲ့တော်တော်တူတာဗျ... ဒီလောက်နှစ်တွေကြာတော့
ရေးရေးပဲမှတ်မိတော့တယ်... မမေရဲ့ တင်ပြပုံလေးကို နဲနဲလေး ထပ်ဖြည့်ပေးစေချင်ပါတယ်... ကဗျာတချိုးဘယ်မှာဆုံးတယ်ဆိုတာ
သိရဖို့အတွက် အချိုးအဆုံးမှာ ချတဲ့ပုဒ်မ (။) က အရေးကြီးပါတယ်... အချိုးမဆုံးမချင်း ပုဒ်ထီး (၊) ပဲချရပါမယ်... ဥပမာ....

ရွှေလမှာ ယုန်ဝပ်လို့၊
ဆန်ဖွပ်သည့်အဖိုးအို၊
ဟော ကြည့်ပါဆို။ (အို..ကာရန်ဆုံး အတက်ချိုး)

ဆိုသာဆို၊
ပိုမိုသည့် စကား။ (အား...ကာရန်ဆုံး အခံချိုး)

ကလေးအငိုတိတ်အောင်၊
အရိပ်အရောင် ပြတယ်၊
ဖိုးလ နတ်သား ။ (အား...ကာရန်ဆုံး အအုပ်ချိုး)

ပြီးတော့ ကဗျာဖွဲ့နည်း ဥပဒေသ လေးတွေပါထည့်ပေးစေချင်ပါတယ်... အလွန်အကျူးစာတပိုဒ် စာလောက်ပဲရှိမှာပါ... နောင်လာနောက်သားတွေ နည်းယူလေ့လာချင်တဲ့အခါ အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါတယ်... ဘာလို့လဲဆိုတော့ ကျနော်တို့လို့ ရပ်ဝေးမြေခြား အခြေချနေထိုင်ရသူတွေအဖို့လဲ ဒီလိုရှေးဟောင်းစာအုပ်တွေ အလွယ်တကူရှာယူလို့မရနိုင်လို့ပါ... ကျနော်ဆိုရင် မမေရဲ့ ကဗျာနဲ့ပတ်သက်တဲ့ပို့စ်တွေအားလုံးကို ကော်ပီကူးပြီး ဖိုင်တဖိုင်အနေနဲ့ သိမ်းဆည်းထားပါတယ်... ဥပဒေသ တွေကိုကျနော်လဲပြန်သိချင်ပါသေးတယ်...
ဒီတြိချိုးမှာဆိုရင်... ကျနော်ဥာဏ်မှီသလောက် မှတ်ချက်ထုတ်ကြည့်ပါအုံးမယ်...

၁။...အတက်ချိုးရဲ့အဆုံးကာရန်တိုင်းဟာ အီ၊ အူ၊ အေ၊ အို စတဲ့ (ဂရုသံကာရန်) တွေနဲ့အဆုံးသတ်ရပါတယ်...
၂။... ဒီအတက်ချိုးရဲ့ နောက်ဆုံးနှစ်ကြောင်း အဆုံးကာရန်တိုင်းဟာ တူညီနေရပါမယ်...
ဆန်ဖွတ်သည့်အဖိုး (အို)
ဟော..ကြည့်ပါ (ဆို) ...
၃။... အတက်ချိုးရဲ့ အချစာကြောင်းအဆုံးကာရန်ကို အခံချိုးရဲ့ အတက်စာကြောင်းမှာ ပြန်ယူရပါတယ်...
ဟောကြည့်ပါ (ဆို)
ဆိုသာ (ဆို)...
၎။... အခံချိုး၊ အအုပ်ချိုးတို့ရဲ့ အဆုံးကာရန်တိုင်းဟာ အု၊ အဲ၊ အေး၊ အား ဆိုတဲ့ (လဟုသံကာရန်) တွေချင်းတူညီနေရပါမယ်...
ပိုမိုသည့်စ (ကား)။
ဖိုးလနတ် (သား)။
တြိချိုးဟာ တေးသီချင်းတမျိုးဖြစ်လေတော့ သာယာနာပျော်ဖွယ် သီဆိုကောင်းအောင် အသံရှည်ဆွဲလို့ရတဲ့ (ဂရုသံကာရန်) တွေ အားကောင်းကောင်းနဲ့ ရေးဖွဲ့တာကိုတွေ့ရပါတယ်...
ဒီလိုမျိုး ဥပဒေသ လေးတွေပါ ထည့်ပေးစေချင်ပါတယ်... သူ့မူရင်း ဥပဒေသက ကျနော့မှတ်ချက်လောက်တောင် ရှည်မယ်မထင်ပါဘူး... အားမနာ လျှာမကျိုး၊ အမျိုးမျိုးပူဆာနေတယ်လို့တော့ ရွှေစိတ်တော်မငြိုလိုက်ပါနဲ့ဗျာ...ဟဲဟဲ.. မမေစာရိုက်ရတာ ပင်ပမ်းရင် စကင်ဖတ်ပြီးအီးမေးပို့လိုက်ပါ... ကျနော်မျိုးရိုက်ကူပါ့မယ်လို့
ခင်မင်လေးစားလျက်
မောင်ပီယAnonymousnoreply@blogger.comtag:blogger.com,1999:blog-33584152.post-1170826187936450242007-02-07T05:29:00.000+00:002007-02-07T05:29:00.000+00:00i come back from Malaysia the day before yesterday...i come back from Malaysia the day before yesterday by train. When i come back from Penag i was watching the moon and asked myself about the shade in the moon is the shade of rabbit or... by watching the moon my mind went back to my childhood and hearing that Myanmar poem recited my Mom. Now again those Myanmar poems mentioned ma May's post make me miss my childhood again and......

May all be happy!Anonymousnoreply@blogger.com