Saturday, May 21, 2016

သုံးနားညီ ...


သုံးနားညီ
***
မိုးရေရ၍
စိမ်းမြနေသော
သစ်ပင် တော။...
.
နေရောင်ခ'၍
ဝင်းပနေသော
သစ်ပင် တော။
.
လေပြေသ'၍
ယိမ်းကနေသော
သစ်ပင် တော။
.
မိုး နှင့် နေ လေ
သုံးထွေ ညီမျှ
အစဉ်ရမှ
သာစွရှုမော
စိမ်းစို တော။ ။
 
*** 
မေဓာဝီ
20.05.16
07.06

Read More...

Monday, May 16, 2016

မိုးမျှော်တေး ...


မိုးမျှော်တေး
***
မြရည်စိုလူး
ပိတောက်ဖူးလည်း
မိုးဦးမျှော်ရ ...
ကြာလှပြီ။
.
ခရမ်းရောင်သန်း
ပျဉ်းမပန်းလည်း
လွင့်နွမ်းကြွေကျ
မြေခပြီ။
.
ဝါနုရောင်ဖြာ
ပန်းငုဝါလည်း
ပူဗျာပါကျွမ်း
ညှိုးနွမ်းပြီ။
.
မိုးကိုမျှော်လည်း
မိုးဖွဲမစွေ
မိုးရေမစွတ်
မိုးငတ်မွတ်သော
ဝန်းကျင်တောမှာ
မိုးရွာစေရေး
တေးဖွဲ့သီ။
***
မေဓာဝီ
16.05.16

Read More...

Thursday, May 05, 2016

သို့ ... / မှ ... ချစ်သူ


သတိရရင်
ကောင်းကင်ကို မော့ကြည့်
တိမ်တွေလို ရှိနေမှာ။
.
နီးတခါ ဝေးတလှည့်
အတူရှိခဲ့တဲ့ နေ့များ
အားတဲ့အခါ လွမ်းနေပါ။
.

 ပြက္ခဒိန်တခုဟောင်း
ရက်မှ နှစ် ပြောင်းသွား  
အမှတ်တရနေ့များကို သတိရပါ။
.
အလုပ်ခွင်မှာ ဂရုစိုက်
အိပ်ငိုက်ရင် သီချင်းဆို
စိတ်ကို ပျော်အောင်ထားပါ။
.

ပြန်ဆုံဆည်းမယ့်ရက်
လက်ချိုးရေတွက်ကာ
စိတ်ကူးနဲ့ ကြည်နူးပါ။
.
သတိရရင် ... 
မြေပြင်ကို ငုံ့ကြည့်
အရိပ်ကလေးလို ရှိနေမှာ။
***
မေဓာဝီ
၀၅၊ ၀၅၊ ၂၀၁၆

Read More...