Friday, October 20, 2006

poem 5

လမ်းဆက်လျှောက်စို့
***
ငါတို့ လမ်းတွေလျှောက်ခဲ့ကြသည် .. ။
ငါတို့ လမ်းတွေလျှောက်နေကြသည် .. ။
ငါတို့ လမ်းတွေဆက်လျှောက်ကြဦးမည် .. ။
သင် ..
ငါတို့ဘေးမှ လက်တွဲညီညီ ချီတက်မည်လော ..
ငါတို့ရှေ့မှ ဦးဆောင်ဦးရွက် လှမ်းတက်မည်လော ..
ငါတို့နောက်မှ ထပ်ချပ်မခွါ လိုက်ပါမည်လော ..
သို့တည်းမဟုတ် ..
ငါတို့နှင့် ဆန့်ကျင်လားရာ ဖယ်ခွါမည်လော ..
မည်သို့ပင်ဖြစ်စေ ..
သင့်ဆန္ဒကို မတားလို ..
သင့်ကို ငါတို့ ကြိုဆိုပါ၏။
သို့သော် .. ..
သင့်အား လမ်းခုလတ်မှာ
မတ်တပ်ရပ်ကာ မကျန်ခဲ့စေလို .. ။
ငါတို့တွေကား ..
ရပ်လို့မနေ
သွားရင်းသေမည် .. ။
ငါတို့ လမ်းတွေ လျှောက်ခဲ့ကြသည် ..
ငါတို့ လမ်းတွေ လျှောက်နေကြသည် ..
ငါတို့ လမ်းတွေ ဆက်လျှောက်ကြဦးမည် ..
အမှန်တရားဆီ
ရဲရဲချီ။ ။

6 comments:

  1. လျှောက်သောလမ်းမှ မတိမ်းစေအံ့
    ခြောက်သော သူကို မကြောက်စေအံ့
    မတ်တပ်ရပ်ကာ မကျန်စေအံ့
    အမှန်တရားဖြင့် လက်တွဲညီအံ့
    စိတ်ဓာတ်ခိုင်ခိုင် မြဲစေအံ့……။

    ReplyDelete
  2. ဒါဏ်ကြေ လိမ်း ဆေး လေး တော့ ဆောင်ထားမှဖြစ်မယ်။ :)

    ReplyDelete
  3. ဆက်ရေးပေးတဲ့ ကဗျာလေးအတွက်
    ကျေးဇူးပါကိုသံလွင်

    ReplyDelete
  4. ကဗျာလေး ကောင်းတယ် အမ

    ReplyDelete
  5. ရပ်လို့မနေ
    သွားရင်းသေမည်
    အမှန်တရားဆီ
    ရဲရဲချီ။


    တွေ့ပြီ တွေ့ပြီ။ ဘလော့ထိပ်စီးက စာ။းဝ)

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete